သရက်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်လို့ အုပ်ချုပ်ရေးမှူး နဲ့ ရဲ ၂ယောက်သေဆုံး

မေ ၃၁-၂၀၂၂
GG(VOM)

မကွေးတိုင်း ၊ သရက်ခရိုင်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်လို့ ရဲ ၂ ယောက်နဲ့ ရပ်ကျေးအုပ်ရေးမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၃၁ ရက်နေ့ မနက် ၆ နာရီကျော်လောက်မှာ သရက်မြို့ပေါ်ကို အစည်းအဝေးသွားတဲ့ တွင်းလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်း ဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။

” ကံမ နဲ့ သရက်မှာဖြစ်တာ။ သရက်က အုပ်ချုပ်ရေးမှူးက ပစ်သတ်ခံရတာ။ကံမမှာက အရင်ဆုံး အသံဗုံးပေါက်တယ်။အဲ့ဒါကိုလာစစ်တဲ့ စစ်တပ်နဲ့ရဲတွေတိုက်ခိုက်ခံရတာလို့သိရတယ်၊သေတာလည်းကြားတယ်၊ဒဏ်ရာရသူလည်းရှိတယ်သိရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ကံမမြို့က ရဲ ၂ ယောက်သေဆုံးမှုတော့ မေလ ၃၀ ရက်နေ့ ညပိုင်း ၁၁ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမဆုံး အသံဗုံးပေါက်ပြီးချိန် လာရောက်စစ်ဆေးတဲ့ စစ်သားနဲ့ရဲတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့သလို အဝေးထိန်းဗုံးနဲ့ပါ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

သရက်မြို့မှာ အုပ်ချူပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး တွင်းလယ်အုပ်ချုပ်ရေးမှူးဟာ သေနတ်နဲ့၂ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နေရာမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” စစ်ဆေးမှုတွေက သရက်နဲ့ကံမမှာ အရင်ထဲက တင်းကြပ်တယ်၊ အခုလို ပစ်ခတ်သေတာတွေဖြစ်တော့ ပိုပြီးအစစ်ဆေးရှိနေပါတယ် “လို့ ကံမဒေသခံတဦးကပြောပါတယ်။

ဒီနေ့မေလ ၃၁ ရက်နေ့ မနက် ၁ နာရီလောက်မှာလည်း ဓမ္မသော်ကျေးရွာအနီးမှာရှိတဲ့ မိုင်တဲတာဝါတိုင်မှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သရက် #ပစ်ခတ်ပေါက်ကွဲ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW