ပြည်နဲ့ပဲခူးမှာ ဒီရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား/သူ ၄ ဦး ဖမ်းဆီးခံရ

မေ ၂၁-၂၀၂၂ GG(VOM) ပြည်နဲ့ ပဲခူးမှာ ယခုရက်ပိုင်းအတွင်း တက္ကသိုလ် ကျောင်းသား/သူ ၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ပြည်မြို့၊ ဆင်စုရပ်ကွက်မှာနေတဲ့ စောမြတ်ရတနာ၊ ပြည်မြို့၊ မြို့သစ်၊ရွှေလင်ပန်းဘုရားအနီး၉လမ်းမှာနေတဲ့ ပထမနှစ်ကျောင်းသူ ဖြူနုနုဖွေး ၊ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရန်ဇော် နဲ့ ပဲခူးက တတိယနှစ် ဓာတုဗေဒအထူးပြု ကျောင်းသား ရဲဘုန်းခန့်တို့ဖြစ်တယ်လို့ သိရပါတယ်။ ” PTU က ကျောင်းသားကို စစ်တပ်က မေ ၁၉ ရက် ည ၇နာရီလောက်မှာ ဖမ်းသွားတယ်။နောက် ဆင်စုကကောင်မလေးကိုလည်း အဲ့ဒီနေ့ ညကပဲဖမ်းတယ်၊ မြို့သစ်ကကောင်မလေးကို မနေ့က နေ့ခင်းဖမ်းတာ။ တိုင်တဲ့သူရှိလို့ဖမ်းတာလို့ကြားတယ်”လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။ ပြည်မြို့က တက္ကသိုလ်ကျောင်းသား၃ယောက်ကိုတော့ Facebook မှာ Social Punishment လုပ်တယ်ဆိုပြီး ဆက်စပ်ဖမ်းဆီးစစ်ဆေးနေတာလို့သိရပြီး ပဲခူးက…

Read More

ပေါင်မြို့နယ်မှာ ငါးဖမ်းသွားတဲ့ အမျိုးသား၆ဦးအနက် ၅ ဦး ရေစီးနဲ့ပါသွား

မေ ၂၁-၂၀၂၂ KK(VOM) ပေါင်မြို့နယ်မှာ မနေ့ မေလ ၂၀ရက် ညနေပိုင်းက ဘိုင်လောင်းချောင်းအတွင်း ငါးဖမ်းနေတဲ့ လူ ၆ဦးထဲက လူ၅ဦး ရေစီးထဲမျှောပါသွားလို့ လိုက်လံရှာဖွေနေတယ် ဒေသခံတွေဆီက သိရပါတယ်။ ပေါင်မြို့နယ်၊ တပ်မှူးချောင်ကျေးရွာအနီး ဘိုင်လောင်းချောင်းအတွင်းမှာ မနေ့ညနေပိုင်းက ယင်းတွန်းနဲ့ ငါးဖမ်းနေစဥ် ရေစီးနဲ့၆ဦးလုံးမျှောပါသွားတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “၆ဦးမျှောပါသွားတာ တစ်ဦးပြန်တွေ့တယ် ၅ဦးကတော့ မတွေ့သေးဘူး ရှာနေဆဲပဲ”လို့ သူကပြောပါတယ်။ ရေစီးကြောင်းနဲ့အတူ မျှောပါခဲ့သူတွေထဲက မောင်ဇော် ဆိုသူကို ထန်းပင်ချောင်ကြီး ချောင်းစပ်အနားမှာ နာရီပိုင်းအတွင်း အသက်ရှင်လျက် ပြန်တွေ့ ကယ်တင်နိုင်ခဲ့ပြီး ကျန်၅ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ရေစီးနဲ့မျှောပါသွားသူတွေကတော့ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာမှ သက်ထက်ချစ်ဦး၊ မောင်အာကာမိုး၊ ကျော်ဝင်းထွန်း၊ သန့်ဇင်ထွန်းနဲ့အမည်မသိအမျိုးသားတဦးဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ လက်တလောမှာ ပျောက်ဆုံးနေသူအားလုံးကို ပြန်လည်တွေ့ရှိရေးအတွက် တာဝန်ရှိသူတွေနဲ့ နယ်မြေကျွမ်းကျင်သူတွေက ဆက်လက်ရှာဖွေနေတယ်လို့…

Read More

လေပြင်းမုန်တိုင်းကြောင့် ရခိုင်စစ်ရှောင်နေအိမ် ၂၀၀ထက်မနည်း ပျက်စီးသွား

မေ ၂၁-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်မှာ ဒီကနေ့ မေလ ၂၁ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး စစ်ဘေးရှောင်နေအိမ်ပေါင်း ၂ ရာကျော် ပျက်စီးသွားပြီး လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးဘူးလို့ စစ်ရှောင်တွေနဲ့ စခန်းတာဝန်ခံတွေဆီက သိရပါတယ်။ ရသေ့တောင်မြို့ပေါ်က စစ်မှုထမ်းဟောင်းစစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ဂေါက်မ က “အိမ်တွေကတော့ လုံးဝပြိုသွားတာမဟုတ်ဘူး။ ခေါင်မိုးပွင့်ထွက်သွားပါတယ်။ အိမ်ခြေ (၇၁) ဆောင်မှာ (၂၀) ကျော်လောက် ခေါင်းမိုးတွေပွင့်သွားပါတယ်” လို့ ပြောပါတယ်။ ရသေ့တောင်မြို့ပေါ် စေတီတောင်အနောက်ဘက် စစ်ဘေးရှောင်စခန်းမှာလည်း နေအိမ် (၆၀) ကျော်လောက် ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စခန်းတာဝန်ခံ မမေစုလှိုင်က “ စစ်ဘေးရှောင် တဲအိမ်တွေကတော့ အခေါင်ပွင့်သွားတာ၊ ယိမ်းယိုင်သွားတာတွေရှိတယ်။ အပင်အကိုင်းတွေလည်း ကျိုးသွားတယ်။ လူတွေအန္တရယ်တစ်စုံတစ်ရာမဖြစ်လိုက်ဘူး။ အခုတော့ ရှိတာလေးနဲ့…

Read More

မြောင်မြို့နယ် မီးသတ်စခန်းအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးငယ် ၂ ဦးနဲ့ မီးသတ်၁ ဦး ဒဏ်ရာရ

မေ ၊ ၂၂-၂၀၂၂ SP (‘VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ ဝန်ထမ်းအိမ်ယာဝန်းထဲကို မနေ့ မေလ၂၁ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီကနေ့ ညနေပိုင်းမှာ ဒရုန်းမှာ ဗုံးချိတ်ပြီး လာရောက်တိုက်ခိုက်တာ ၂ ကြိမ်ဖြစ်တယ် ၊ ပထမအကြိမ်က ညနေ ၂ နာရီမှာဖြစ်တယ် ၊ ထိခိုက်ပျက်စီးတာ ဒဏ်ရာရတာ လုံးဝမဖြစ်ခဲ့ဘူး ၊ ဒုတိယအကြိမ်က နာရီဝက်ခြားပြီး ၂ နာရီခွဲမှာ ထပ်ပြီး အလားတူ လာတိုက်ပြန်တယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် မြောင်မြို့နယ် မီးသတ်ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ ဝန်ထမ်းမိသားစုထဲက အသက် ၁၄နှစ်…

Read More

မြဝတီမြို့က ရပ်ကွက်အချို့မှာ မြစ်ရေတက်လာလို့ လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းနေထိုင်ရ

မေ ၂၂-၂၀၂၂ KK(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ မေလ ၂၁ရက်က မိုးများပြီး မြစ်ရေတက်လာလို့ ရပ်ကွက်အချို့က လူဦးရေထောင်နဲ့ချီကာ ဒီကနေ့ မနက်ပိုင်းဘေးလွှတ်ရာကို ရွှေပြောင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်​ရေလျံတက်လာ​တာကြောင့် အနိမ့်ပိုင်းရှိ ​နေအိမ်တွေဟာ ကုန်းမြင့်ရာနေ ရာကို ရွှေ့ပြောင်းနေထိုင်ရတာဖြစ်တယ်လို့ ပြောင်း​ရွှေ့​နေထိုင်နေရတဲ့ အမှတ် ၃ ရပ်ကွက်နေသူတဦးကပြောပါတယ်။ “”ကျွန်မတို့ ၃ ရပ်ကွက်က အများဆုံးရေမြုပ်တာ၊ မိုး ကုတ်ဘုန်းကြီးကျောင်းအပိုင်း အမှတ် ၁ တံတားအနားပါ”လို့ သူကပြောပါတယ်။ ရေနစ်မြုပ်တဲ့ ရပ်ကွက်အချို့က ဒေသခံတွေကို သ က်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ကိုဝင်းဇော်က ပြောပါတယ်။ “မိသားစုသုံးယောက်ပဲရှိတဲ့သူက ကိုယ့်အစီအစဥ်နဲ့ကိုယ်ပေါ့၊ အချို့များတဲ့သူတွေကျတော့ ပရဟိတအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ကူပြီးရွှေ့ပြောင်းပေးကြတယ်”လို့ သူကပြောပါတယ်။ ရေနစ်မြုပ်လို့ ရေဘေးလွှတ်ရာကုန်းမြင့်ကို ရွှေ့ပြောင်းရတဲ့…

Read More

ရခိုင်ပင်လယ်ပြင်မှာ လေပြင်းမုန်တိုင်းကြောင့်စက်လှေတွေ နစ်မြုပ်ပြီး လှေသမားတချို့ ဒဏ်ရာရ

မေ ၂၂-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်မှာ မနေ့ မေလ ၂၁ရက် ညနေပိုင်းက လေပြင်းမုန်တိုင်း ကျရောက်ခဲ့တာကြောင့် ငါးဖမ်းစက်လှေ ၅ စီးကျော် နစ်မြုပ်ခဲ့ပြီး လှေသမားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ” ဒီကို သတင်းတွေအတိအကျရောက်ပါပြီ။ လှေနစ်မြုပ်တာတော့ဟုတ်တယ်။ ဒါပေမယ့် လူတွေဘာမှမဖြစ်ဘူး။ ဖြစ်တာကတော့ ကျွန်းသာယာတို့၊ နံ့သာကျွန်းဖက်တွေမှာ ငါးဖမ်းနေတဲ့စက်လှေတွေလို့သိရတယ်” လို့ ပြောပါတယ်။ အဲဒီ ငါးဖမ်းစက်လှေတွေမှာပါတဲ့ လှေသမား ၁၃ ဦးဟာ ပင်လယ်ပြင်အတွင်း စက်လှေတွေနဲ့ နစ်မြုပ်သွားပြီး လှေသမားတွေ ပျောက်ဆုံးသွားပြီးခါမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်နယ်ကောင်စီရဲ့ပြောပြလျက်အရ သိရပါတယ်။ စက်လှေနစ်မြုပ်မှုကြောင့် ပြန်လည်ရှာဖွေတွေ့ရှိသူတွေဟာ သက်ဆိုင်ရာကျေးရွာတွေကို ပြန်လည်ရောက်ရှိခဲ့ပြီး လိုအပ်တဲ့ကုသမှုတွေကို ခံယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေပုံမြို့နယ်၊ ငပသုန်ကျွန်း နှာခေါင်းပေါက်အနီးမှာလည်း စက်လှေတချို့နစ်မြုပ်တာရှိခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့ သိရပါတယ်။ Photo…

Read More

မိုးတွင်း ပျိုးခင်းရှာပုံတော်

ဆူးငှက် ၁၉၅၀ ဝန်းကျင်၊ မန္တလေး… သင်္ကြန်ပြီးကတည်းက အတွေ့စိပ်လာသော ဂီတပါရမီရှင်လူငယ်လေးတွေက အခုတစ်လော မနက်လင်းတာနှင့် အောင်ပင်လယ်ကွင်း ကန်လယ်မှာရှိသော ဘကြီးစိန်တိုက်မှာ စုမိနေကြသည်။ ယဉ်ပျံရွာ ထန်းတောက ပုစွန်ဆိတ်ခုန်နှင့် ကွက်ကြော်လည်း ပါနိုင်တာပေါ့။ ဓားတန်းကိုသန့်နှင့် ဝမ်းကွဲညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဘကြီးစိန်က လူ့ဘ၀ လူ့လောကကို ဂျစ်ကန်ကန် အရွဲ့တိုက်နေချင်သူပီပီ၊ လူသူကင်းဝေးသည့် အောင်ပင်လယ်ကွင်း ကန်လယ်ရှိ ခြံကြီးထဲမှာ တစ်ထပ် အုတ်တိုက်လေးမှာပဲ ခပ်ပျော်ပျော်နေသည်။ သင်္ကြန်အပြီး မိုးဖြိုင်ဖြိုင် မကျခင် ပူပြင်းလှသော မန္တလေးနွေကို ခုခံဖို့က ဂီတပါရမီရှင် လူငယ်လေးတွေအဖို့ ပုစွန်ဆိတ်ခုန်နှင့် ဘကြီးစိန်ခြံက လိုက်ဖက်ညီသည် မဟုတ်ပါလား …။ ကွင်းပေါ်က လေက အပူကို ဖယ်ထုတ်သည်။ တပြန့်တပြော ကွင်းထဲမှာ ပျိုးခင်းနှင့် ရိုးပြတ်တွေ ရှိမည်၊ အိပ်တန်းပြန် ကျေးငှက်တွေရှိမည်။ လှည်းစာမထိုး၍ ကျီကျီအီသော လှည်းဝန်ရိုးသံရှိမည်။ ကျောင်းသား၏…

Read More

ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် စံချိန်တင်မြင့်တက်မှု ဖြစ်ပွားနေ

ဂျီနီဗာ၊ မေ-၁၉-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ၁၀ စင်တီမီတာကျော် မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ စံချိန်သစ်တင်ခဲ့တယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာကို မေ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်၀န်းမှ မိုးလေ၀သအာဏာပိုင်တွေနဲ့ သုတေသနအဖွဲ့အစည်းတွေမှ စုစည်းပေးပို့တဲ့ အချက်အလက်တွေအပေါ် အခြေခံထားပါတယ်။ ၁၉၉၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြားမှာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ ပျှမ်းမျှအားဖြင့် ၁၀ ဒသမ ၂ စင်တီမီတာထိ မြင့်တက်ခဲ့ပြီး မကြာသေးမီကာလတွေအတွင်း အရှိန်မြင့်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဓိကအားဖြင့် တောင်၀န်ရိုးစွန်းရှိ ရေခဲလွှာတွေနဲ့ အခြားနေရာတွေမှ ရေခဲတွေအရည်ပျှော်ပြီး ပင်လယ်ထဲသို့ စီး၀င်တာတွေကြောင့် ပင်လယ်ရေမျက်နှာပြင် ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး ကမ်းရိုးတန်းဒေသမှာ နေထိုင်သူ သန်းပေါင်းများစွာအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့က ပြောပါတယ်။ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ…

Read More

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအကြပ်အတည်း ရေရှည်ရင်ဆိုင်ရနိုင်ကြောင်း ကုလသတိပေး

နယူးယောက်၊ မေ-၁၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ရေရှည်ဖြစ်ပွားဖွယ်ရှိတဲ့ စားနပ်ရိက္ခာအကြပ်အတည်းမှာ များမကြာမီ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ပိုမိုဆိုးရွားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။ ယူကရိန်းရဲ့ပြည်ပပို့ကုန်တွေ စစ်ကြိုကာလတုန်းကလိုအခြေအနေပြန်မရောက်ဘူးဆိုရင် အချို့နိုင်ငံတွေမှာ ရေရှည်အငတ်ဘေးဆိုက်နိုင်တယ်လို့ သူက သတိပေးပြောဆိုပါတယ်။ ပဋိပက္ခတွေကြောင့် တချိန်က စားသုံးဆီအမြောက်အများအပြင် ပြောင်းနဲ့ဂျုံလိုမျိုး ကောက်ပဲသီးနှံတွေများစွာ တင်ပို့ခဲ့တဲ့ ယူကရိန်းဆိပ်ကမ်းတွေဆီကနေ ထောက်ပံ့ရေးကွင်းဆက်တွေဟာ ပြတ်တောက်နေပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ရောင်းလိုအာလျော့ကျခဲ့ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့စားနပ်ရိက္ခစျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါရဲ့ သက်ရောက်မှုနဲ့ လက်ရှိပဋိပက္ခတွေကြောင့် လူသန်းပေါင်းများစွာဟာ စားနပ်ရိပ်က္ခာမလုံလောက်မှုကြောင့် အာဟာရချို့တဲ့မှု အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုအန္တရယ်ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးပြောဆိုပါတယ်။ Ref:…

Read More

ပေါင်းတည်က အမျိုးသားတဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံး

မေ ၁၉-၂၀၂၂ VOM (GG) ပဲခူးတိုင်း အနောက်ပိုင်း ၊ ပေါင်းတည်မြို့က ကိုမင်းမင်းဆိုသူ အမျိုးသားတဦးဟာ မနေ့ မေလ ၁၈ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေလ ၁၅ ရက်နေ့က ပေါင်းတည်၊ ကြို့ပင်ကျေးရွာအုပ်စု၊ သဖန်းကုန်း – တာပွန်လမ်းပေါ်မှာ ကင်းလှည့်နေတဲ့ ဆိုင်ကယ်သုံးစီးနဲ့ ရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ် ။ ” ကိုမင်းမင်းဖွင့်ထားတဲ့ကွမ်းယာဆိုင်က ရဲတွေတိုက်ခိုက်ခံရတဲ့ နေရာနဲ့နီးတယ်။ဒါကြောင့်စစ်ဆေးဖို့ဆိုပြီး ဖမ်းသွားပြီး ဒီနေ့ကျသေပြီလို့ သတင်းသိရတာ၊သူက လူမှုဆက်ဆံရေးလည်းကောင်းတဲ့သူပါ”လို့ ပေါင်းတည်ဒေသခံတဦးကပြောပါတယ်။ သေဆုံးသူ ကိုမင်းမင်းဆိုသူဟာ မနေ့ မေလ ၁၈ ရက် နေ့လယ် ၁၂ နာရီ လောက်မှာအဖမ်းခံရတာဖြစ်ပြီး ဒီနေ့မေလ၁၉ရက်နေ့မှာ သေဆုံးသွားပြီလို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။ ကိုမင်းမင်းသေဆုံးမှုနဲ့ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေက မိသားစုဆီကို…

Read More
VOM News

FREE
VIEW