စစ်တွေမှာ အနဂ္ဃ​​ ရတနာမြေ “မြောက်ဦး” ဓာတ်ပုံပြပွဲ ပြုလုပ်

မေ ၂၀-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ ပြည်နယ်​ကောင်စီနဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနတို့က အနဂ္ဃရတနာမြေ “မြောက်ဦး”ဓာတ်ပုံပြပွဲကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ပွဲကျင်းပရတာဟာ ရှေးဟောင်း မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနစ် (UNESCO)ဝင်နိုင်ရေး ပြုလုပ်တာဖြစ်ပြီး ၂ ရက်ကြာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံပြပွဲမှာ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှု အမွေအနစ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံပေါင်း ၁၃၀ နီးပါးပါဝင်ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့ ကြိုက်နှစ်သက်ရင် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ အဲဒီ ဓာတ်ပုံပြပွဲမှာ မြောက်ဦးမြို့အကြောင်းကို မိနစ် ၂၀ကြာ ရိုက်ကူးထားတဲ့ အင်္ဂလိပ်ဘာသာနောက်ခံအသံဖတ်ထားတဲ့ မှတ်တမ်းဖိုင်ကို ဖွင့်ပွဲအခမ်းအနားအပြီး ပရိတ်သတ်တွေကို ပြသခဲ့ပါတယ်။ မြောက်ဦးမြို့ကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဝင်ရောက်နိုင်ရေး ၂၀၂၁ ခုနှစ်က အဆိုပြုလွှာမူချောတင်သွင်းခဲ့ပြီး လာမယ့်နှစ်မှာ UNESCO က ကွင်းဆင်းစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် ဧပြီလကလည်း အနဂ္ဃ ရတနာ မြေ…

Read More

မြောက်ကိုရီးယားမှာ ကိုဗစ်ကာကွယ်ဖို့ ဂျင်းပြုတ်ရေအပါအ၀င် တိုင်းရင်းဆေးတွေအသုံးပြုနေကြ

ပြုံးယမ်း၊ မေ-၂၀-၂၀၂၂ မျိုးဆက်(VOM) ထိရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေအသုံးမပြုသေးတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေကြားမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုတွေကို ကာကွယ်ဖို့ မြောက်ကိုရီးယားဟာ ၂၀၂၀ ခုနှစ်အစောပိုင်းကစပြီး နိုင်ငံနယ်စပ်တွေကို ပိတ်ပစ်ခဲ့ပြီး လက်ရှိချိန်ထိ ကာကွယ်ဆေးပေးဖို့ ကမ်းလှမ်းမှုတွေကို ပယ်ချထားဆဲဖြစ်ပါတယ်။ အပြင်းဖျားနာခြင်းမရှိသူတွေအတွက် ဂျင်းပြုတ်ရေနဲ့ ပျားရည်ရေနွေးအပါအ၀င် ရိုးရာတိုင်းရင်းဆေးတွေနဲ့ ကုသဖို့ အာဏာရပါတီရဲ့ ရိုဒေါင်ဆင်မွန် သတင်းစာက အကြုံပြုတိုက်တွန်းထားပါတယ်။ ရေနွေးကြမ်းဟာ လည်ချောင်းနာခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကဲ့သို့ အချို့သော ကိုဗစ်လက္ခဏာအချို့ကို သက်သာစေနိုင်ပြီး လူနာတွေမှာ ပုံမှန်ထက် ရေဓါတ်ဆုံးရှုံးတဲ့အခါ အထောက်အကူဖြစ်စေပြီး ဂျင်းပြုတ်ရေကတော့ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပေမယ့် ဗိုင်းရပ်စ်ကိုကုသတဲ့ ဆေးနည်းတွေတော့ မဟုတ်ပါဘူး။ နိုင်ငံပိုင်မီဒီယာကတော့ နေ့ရောညပါ ဆားရေးနဲ့ပလုတ်ကျင်းဖို့ အကြံပြုထားတဲ့ စုံတွဲတတွဲကို မကြာသေးမီက အင်တာဗျူး ထုတ်လွှင့်ခဲ့ပါသေးတယ်။ ပိုးသတ်ဆေးပြုလုပ်ဖို့အတွက်…

Read More

ခင်ဦးမြို့ပေါ်က နာမည်ကြီးစတိုးဆိုင် ဓားပြတိုက်ခံရ

မေ ၊ ၂၀-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာရှိ စားသောက်ကုန်နဲ့ စတိုးဆိုင်ဟာ မနေ့က ၊ ညနေပိုင်းမှာ ဓားပြတိုက်ခံရပြီး ဆိုင်ထဲရှိ ပစ္စည်းတွေ ဖျက်ဆီးခံရတယ်လို့ ခင်ဦးမြို့ခံတွေဆီက သိရပါတယ်။ ” သေနတ်တွေကိုင်ထားတဲ့ လူငယ် ၁၀ ယောက်ကျော်က ဟန်နီစတိုးကို ဓားပြတိုက် လုယက်ဖျက်ဆီးသွားတာ ” လို့ အဲ့ဒီစတိုးဆိုင် အနီးဝန်းကျင်က ပြောပါတယ်။ သေနတ်တွေကိုင်ပြီး စတိုးဆိုင်ထဲဝင်ရောက်လာသူတွေက ကောင်တာထဲက ပိုက်ဆံ သိန်း ၂၀ ကျပ် ၊ ဆိုင်ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်း ၂ လုံး ၊ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ကွန်ပျူတာဘောက်တွေကို ယူဆောင်ပြီး ဆိုင်ထဲက မှန်ကောင်တာတွေနဲ့ စျေးကုန်ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားတာဖြစ်ပါတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်…

Read More

ရုရှားရေတပ်ကိုခြေမှုန်းဖို့ အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်တွေ ယူကရိန်းကိုပေးဖို့ စီစဉ်နေ

ကိယက်ဗ်၊ မေ-၂၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားရေတပ်ရဲ့ ပိတ်ဆို့ထားမှုတွေကို ချေမှုန်းရာမှာအထောက်အကူဖြစ်ဖို့အတွက် အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်တွေ ယူကရိန်းကိုပေးဖို့ အမေရိကန်က စီစဉ်နေကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားစစ်သင်္ဘောတွေကို နစ်မြုပ်စေမယ့် ပိုမိုအားကောင်းတဲ့လက်နက်တွေကြောင့် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွား ပြင်းထန်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ယူကရိန်းဟာ လက်ရှိလက်၀ယ်ရထားတဲ့ အမြောက်တွေ၊ ဂျာဗလင် နဲ့ စတင်းဂါးဒုံးကျည်တွေနဲ့ အခြားလက်နက်တွေထက် ပိုမိုအစွမ်းထက်တဲ့ အမေရိကန်ဆီက လက်နက်တွေ လိုချင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန်ဟာ ယူကရိန်းအတွက် ဘိုးအင်းကထုတ်လုပ်တဲ့ Harpoon ဒုံးကျည်၊ ကောင်စ်ဘာ့နဲ့ ရေသီယွန်တို့က ထုတ်လုပ်တဲ့ Naval Strike Missile စတဲ့ အစွမ်းထက်ဒုံးကျည်နှစ်မျိုး ဖြစ်နိုင်တယ်လို့ အမေရိကန်တာ၀န်ရှိသူ သုံးဦးနဲ့ လွှတ်တော်အမတ် နှစ်ဦးက ပြောပါတယ်။ ဒီအစွမ်းထက်ဒုံးကျည်တွေကို ယူကရိန်းကို တိုက်ရိုက်သို့မဟုတ် အဲဒီဒုံးကျည်တွေပိုင်ဆိုင်ထားတဲ့ ဥရောပမဟာမိတ်တွေကတစ်ဆင့် ပေးဖို့နိုင်ခြေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ယူကရိန်းအတွက်…

Read More

ပြည်မြို့မှာ ဒုရဲအုပ် သေနတ်ပျောက်တဲ့ကိစ္စနဲ့ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ အမျိုးသား စစ်ဆေးနေစဉ် သေဆုံး

မေ ၂၀-၂၀၂၂ GG(VOM) ပြည်မြို့က KTV တစ်ခုမှာ ဒုရဲအုပ်တဦးရဲ့ သေနတ်နဲ့ကျည် ၊ဖုန်းအပါအဝင် ငွေတွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မေလ ၁၈ ရက်နေ့က ဖမ်းဆီးပြီး စစ်ဆေးခံနေရတဲ့ အမျိုးသားတဦး မနေ့ မေလ ၁၉ရက်က သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ဖမ်းဆီးခံရသူကတော့ ဒုရဲအုပ် ရဲ့ပစ္စည်းတွေပျောက်ခဲ့တဲ့ Spider KTV ဆိုင်က စားပွဲထိုး ဝန်ထမ်း ဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ပြည် အမှတ် ၂ ရဲစခန်းမှာပဲ စစ်နေရင်းဆုံးတာလို့ကြားတယ် ၊ ဖမ်းခံရတာက KTV ကဝန်ထမ်းပဲ၊သူက ပစ္စည်းတွေယူပြီး ထွက်ပြေးသွားတာလို့ကြားတယ်။လူကိုဖမ်းမိပေမယ့် ပစ္စည်းတွေတော့ ပြန်မရဘူးလို့သိရတယ် ၊ ပျောက်တဲ့ ဒုရဲအုပ်လည်း ပြန်ဖမ်းထားတယ်လို့တော့ကြားတယ်”လို့ ဒေသခံတဦးကပြောပါတယ်။ သေဆုံးသွားတဲ့ ဆိုင်ဝန်ထမ်းကို မေလ ၁၈ ရက်နေ့က ဧရာဝတီတိုင်း၊…

Read More

န.စ.ကဥက္ကဋ္ဌနဲ့ RCSS/SSA ဥက္ကဋ္ဌ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမရက်ပြီး

နေပြည်တော် မေ၂၀-၂၀၂၂ KT(VOM) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် တို့အဖွဲ့ဟာ နေပြည်တော်က တပ်မတော်ကစီစဉ်တဲ့နေရာမှာ ၂ နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ကဆက်သွယ်မေးကြည့်တော့ ” ဒီကနေ့ ဆွေးနွေးတဲ့ အနှစ်ချုပ်ကတော့ ကျနော်တို့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စတွေရယ် ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စ အဲ့နှစ်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီးက စပြောတယ် အဲ့နှစ်ရပ်နဲ့ပတ်သက်ပြီးတော့ကျလည်း RCSS ဥက္ကဋ္ဌကြီးကလည်း သဘောတူတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ထပ်မံဆွေးနွေးတယ်။ ဒီအကြောင်းအချက်နှစ်ခုပေါ်မှာ သဘောတူညီမှုရခဲ့ပါတယ်။ အသေးစိတ်တွေအပေါ်မှာရော သဘောတူညီချက် တော်တော်များများရရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဥ်တွေဆောင်ရွက်တဲ့နေရာမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်အောင်လို့ EAO အဖွဲ့တွေအားလုံးနဲ့တွေ့စုံပြီးတဲ့အခါမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဥ်များဆောင်ရွက်မယ့် အချိန်ဇယား (Time Frame) ရေးဆွဲဖို့ အကြံပြုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကျ ကျနော်တို့ အနေနဲ့ (Time Frame)ရေးဆွဲပြီးတော့ကျ ဆောင်ရွက်သွားမှာဖြစ်တယ်။ အနှစ်ချုပ်ပြောရရင်တော့…

Read More

မွန်ပြည်နယ်က မြို့နယ်အချို့မှာ မိုးရွာလေပြင်းတိုက်လို့ နေအိမ်၊သစ်ပင်နဲ့ဓာတ်တိုင်တွေ ပြိုကျပျက်စီး

မေ ၂၀-၂၀၂၂ KK(VOM) မွန်ပြည်နယ်က မြို့နယ်အချို့မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲက မိုးရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ၊ သစ်ပင်တွေနဲ့ဓာတ်တိုင်တွေပြိုလဲကာ ဒေသခံတွေ ဘေးလွှတ်ရာကို ရှောင်တိမ်းနေရတယ်လို့ အဲ့ဒီပါမြိုနယ်တွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းက စတင်မိုးရွာခဲ့ပြီး လေပြင်းပါ တိုက်ခဲ့လို့ မော်လမြိုင် ၊ပေါင်၊ဇင်းကျိုက်၊ သံဖြူဇရပ်မြို့နယ်တွေမှာ အိမ်ပြိုကျတာတွေ သစ်ပင်တွေပြိုလဲတာတွေအပြင် ဓာတ်တိုင်တွေပါလဲကျကာ ပြည်သူတွေ ဘေးလွှတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ပရဟိတအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ “မော်လမြိုင်မှာဆို အခုချိန်ထိကို လုံးဝမရပ်သေးဘူး တစ်မြို့လုံးလိုလိုပဲ၊ သာယာအေးဘက်တို့ ဇေယျာသီရီတို့ မြိုင်သာယာဘက်တို့ ပိုဆိုးတယ်၊ အခုလည်း အပြင်ထွက်လို့မရဘူး “လို့ သူကပြောပါတယ်။ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးတွေပြိုလဲကာ နေအိမ်တွေ ဆိုင်ခန်းတွေပါ ပျက်စီးမှုတွေရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “သစ်ပင်ကြီးတွေ အမြစ်ကျွတ်ထွက်ပြီး နေအိမ်အပေါ်ပိတာ၊ နေအိမ်တွေရော…

Read More

လှံဖျားထိပ်က ပန်းပွင့်များ

ဆူးငှက် ၁၉၈၈ ခုနှစ်နောက်ပိုင်း မွေးဖွားလာသော အသက် ၁၉နှစ်အရွယ်၊ အနှစ် ၂၀အရွယ် လူငယ်တွေက မန္တလေးအငြိမ့် အော်ပရာဆိုတာကို သိရှိခံစားဖူးကြမှာမဟုတ် …။ အရင်က မန္တလေးမှာ အငြိမ့်အဖွဲ့တွေ လေးဆယ် …၊ ငါးဆယ်ရှိနေရာက တဖြုတ်ဖြုတ်နှင့်ကြွေသွားလိုက်ကြတာ ဒီကနေ့ အငြိမ့် ၃ဖွဲ့သာ ကျန်တော့သည်အထိပင် …။ အငြိမ့်ဆိုသည်ကလည်း တစ်နေကုန်ခြစ်ခြစ်တောက် ပူထားသော ကတ္တရာလမ်းပေါ်မှာ စင်ထိုးပြီး ဖျာခင်းကြည့်ရသည့် ကြည့်ချင်ပွဲမို့ ဒီကနေ့ လူငယ်တွေနှင့် မကိုက်လှ။ ၁၉၈၈ အကျော် ၁၉၉၀ ဒီဘက် လူထုဖျော်ဖြေပွဲတွေ ပြန်လည်ခေါင်းထောင် နာလံထူလာချိန်တွင် ဇာတ်၊ အငြိမ့်ကဲ့သို့သော ရိုးရာပွဲခင်းများကို အဆင့်မြင့်ဇာတ်ရုံကြီးတွေထဲ ချက်ချင်းမထည့်သွင်းနိုင်ခြင်းကလည်း နောက်မျိုးဆက်နှင့် ကွာဟစေသော အချက်တစ်ချက်ဆိုတာ ငြင်းခုန်ဖွယ် မရှိချေ။ မည်သို့ဆိုစေ ကိုလိုနီခေတ်ဦးကတည်းက မန္တလေးတွင်ဖြစ်ထွန်းခဲ့သော အငြိမ့်သည် ၁၉၈၀ဝန်းကျင်တွင် “အော်ပရာ”များဖြင့် လူထုဆန္ဒ၊ လူထုအာသီသအပေါ်…

Read More

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲရှောင်ရတာအပြင် စိုက်ပျိုးစရိတ်မြင့်လို့ မိုးကောင်းပေမယ့် တောင်သူတွေ မစိုက်ပျိုးနိုင်

မေ ၊ ၁၈-၂၀၂၂ SP (VOM) နှစ်စဥ် ပုံမှန်မိုးရွာသွန်းရက်တွေထက် အချိန်စောပြီး ဒီနှစ်မှာ မိုးကောင်းခဲ့ပေမယ့် စစ်ကိုင်းတိုင်းထဲက တောင်သူအများစုဟာ ရွာတွေကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အခုနှစ် မိုးသီးနှံတွေ စိုက်ပျိုးဖို့ အချိန်မရကြဘူးလို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။ ” ဒီနှစ်က မိုးသီးနှံစိုက်ပျိုးဖို့ လုံးဝအဆင်မပြေရတဲ့ အကြောင်းအရာ ၃ ခုရှိတယ် ၊ ပထမအချက်ကတော့ ရွာတွေဘက်ကို စစ်ကြောင်းတွေ မကြာခဏ ဝင်လာတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်၊ ဒုတိယအချက်က နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ ထွန်စက် ၊ ရိတ်သိမ်း ခြွေလေ့စက် ၊ မျိုးသီးနှံတွေ မရှိကြတော့ဘူး ၊ တတိယအနေနဲ့ စက်သုံးဆီ စျေးနူန်းမြင့်မားနေမှုနဲ့ ဓာတ်မြေဩဇာ မြေဆီ စျေးနူန်း ၂ ဆတက်နေတဲ့ အတွက်ကြောင့်ဖြစ်တယ်”လို့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်က…

Read More

လူ ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်လေယာဉ် ပျက်ကျအောင်တမင်လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးသူတွေ သုံးသပ်

ဝါရှင်တန်၊ မေ-၁၈-၂၀၂၂ မျိုးဆက်(VOM) မတ်လအတွင်းက ပျက်ကျခဲ့တဲ့ တရုတ်အရှေ့လေကြောင်းလိုင်းမှ လေယာဉ်ဟာ ပျက်ကျစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သတင်းဌာနတွေ မေ ၁၇ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ အဲဒီလေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် နည်းပညာဆိုင်ရာ ချို့ယွင်းမှုတစ်စုံတစ်ရာကို မတွေ့ရှိသေးကြောင်း အမေရိကန်တာ၀န်ရှိသူတွေရဲ့ ပဏာမအကဲဖြတ်ချက်ကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား အဲဒီလေယာဉ်ဟာ တရုတ်နိုင်ငံတောင်ပိုင် ကူမင်းမြို့နဲ့ ကွမ်ကျိုးမြို့အကြား ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၃၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ လေယာဉ်ထိန်းချုပ်ဖို့ လေယာဉ်မှူးအခန်းမှာ မောင်းနှင်တဲ့ စနစ်တွေကိုချိန်ညှိထားခြင်းက လေယာဉ်ကို ဒေါင်လိုက်နီးပါးအနေအထားထိ ရောက်ရှိစေကြောင်း လေယာဉ်ပျက်ကျတဲ့နေရာမှ ရှာဖွေတွေ့ရှိခဲ့တဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတစ်ခုမှ အချက်အလက်တွေမှာ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါပေမယ့် အဲဒီလေယာဉ်ရဲ့ လေယာဉ်မှူး သုံးဦးစလုံးဟာ အရည်အချင်းပြည့်မီပြီး…

Read More
VOM News

FREE
VIEW