ကလေးမြို့နယ်က စစ်ရှောင် လူနေအိမ်တွေပေါ်ကို သစ်ကိုင်းကျိုးကျလို့ လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

မေ ၊ ၁၈-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်း ၊ နတ်ချောင်းရွာက လူတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာယီ တိုက်ပွဲရှောင်စခန်းက လူနေတဲတွေပေါ်ကို မနေ့ မေလ ၁၇ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက်ပြီး သစ်ကိုင်းတွေကျိုးကျတဲ့အတွက် တဲထဲမှာရှိနေတဲ့ လူတချို့ သေဆုံးဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ နယ်ခံပရဟိတသမားတွေဆီက သိရပါတယ်။ ” တဲပေါ်သစ်ကိုင်းပိပြီး သေဆုံးသွားရသူက နတ်ချောင်းရွာဘက်က တိုက်ပွဲရှောင် မယုလှိုင်သင်း အသက် ၁၄ နှစ်ဖြစ်တယ် ၊ သူတို့ ညီမ ၂ ယောက်စလုံး သစ်ကိုင်းပိတာပါ ၊ အစ်မဖြစ်သူက ဒဏ်ရာရတယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ သစ်ကိုင်းပိတဲ့လူနာဟာ အသက်မှီနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပေမယ့် အဲ့ဒီယာယီတိုက်ပွဲရှောင်စခန်းမှာက ဆေးဝါးမလုံလောက်တာနဲ့ လူမှုကူညီရေး ၊ လူနာတင်ယာဥ်ခေါ်ယူဖို့ အခက်အခဲတွေရှိတဲ့အတွက်…

Read More

ဖင်လန်နဲ့ ဆွီဒင်က နေတိုးအဖွဲ့ထဲ၀င်ဖို့ တရား၀င်လျှောက်ထားပြီ

ဘရပ်ဆယ်၊ မေ-၁၈-၂၀၂၂ မျိုးဆက်(VOM) ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးမဟာမိတ်အဖွဲ့ထဲကို ၀င်ရောက်ဖို့ မေ ၁၈ ရက်မှာ တရား၀င်လျှောက်ထားခဲ့ပြီး ဒါဟာ ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်မှုကြောင့် ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တရပ်ဖြစ်ပါတယ်။ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ စစ်အေးတိုက်ပွဲတလျှောက်လုံးမှာ ကြားနေအဖြစ် ရပ်တည်ခဲ့ကြပြီး နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်များစွာအတွင်း ဥရောပရဲ့လုံခြုံရေးဆိုင်ရာ အခြေအနေမှာ အထင်ရှားဆုံး အပြောင်းအလဲတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါဟာသမိုင်း၀င် အခိုက်အတန့်ပါပဲလို့ နေတိုးအဖွဲ့အကြီးအကဲ စတိုတန်ဘာ့က လျှောက်လွှာတွေ လက်ခံတဲ့ အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုပါတယ်။ နေတိုးအဖွဲ့ထဲ၀င်ဖို့ ဖင်လန်နဲ့ဆွီဒင်တို့ရဲ့ လျှောက်ထားမှုကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း၊ အဲဒီနိုင်ငံတွေဟာ မိမိတို့ရဲ့ အရင်းနှီးဆုံးမိတ်ဖက်တွေဖြစ်ပြီး အဖွဲ့၀င်ဖြစ်လာခြင်းက နေတိုးအဖွဲ့၏ လုံခြုံရေးကို တိုးမြှင့်ပေးနိုင်မယ်လို့ သူကဆိုပါတယ်။ မဟာမိတ်အဖွဲ့ထဲကို ဖင်လန်နဲ့ဆွီဒင်၀င်ရောက်လာခြင်းက ဘောလ်တစ်ဒေသမှာ နေတိုးအဖွဲ့ ပိုမိုအားကောင်းလာမယ်လို့ နေတိုးအဖွဲ့က ယူဆနေပါတယ်။ တူရကီကတော့ ဖင်လန်နဲ့ဆွီဒင်တို့ရဲ့နေတိုးအဖွဲ့ထဲ၀င်ဖို့ကိစ္စကို ပိတ်ဆို့ဖို့ ခြိမ်းခြောက်နေပါတယ်။…

Read More

မူဆယ်က Sai Nyeeဖုန်းဆိုင် ဓားပြတိုက်သူတွေထဲက ၄ဦးကို ဖမ်းဆီးရမိ၊ပစ္စည်းအနည်းငယ်ပြန်ရ

မေ ၁၈-၂၀၂၂ VOM (GG) မူဆယ်က Sai nyee ဖုန်းဆိုင်ကို ဓားပြတိုက်ခဲ့သူတွေထဲက ပါဝင်သူ ၃ ဦးနဲ့ ကြံရာပါ ၁ ဦးကို ဖမ်းမိထားပြီး ခေါင်းဆောင် ၂ ဦးကိုတော့ အခုထိဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ် ။ လက်ရှိမှာ ဓားပြတိုက်မူအတွင်း ယူဆောင်သွားတဲ့ ဖုန်းအားလုံးရဲ့ ၃ပုံ ၁ပုံကို ပြန်လည်ရရှိပြီး ကျန်တဲ့ဖုန်းတွေကို ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဆိုင်ပိုင်ရှင်ဖြစ်သူဆီကနေ သိရပါတယ်။ ” မသင်္ကာစရာ လူတချို့ 12 Pro Max ဖုန်းတစ်လုံးကို လိုက်ပြီးရောင်းနေတာကို တပ်မတော်က သတင်းရပြီး ဗိုလ်ကြီးအဆင့်ရှိတဲ့ တာဝန်ရှိသူက ဦးဆောင်ပြီး စစ်ဆေးချိန် သူတို့ကိုင်ထားတဲ့ iPhone အမျိုးအစား ထဲမှာ ဓားပြတိုက်ချိန်က ယူသွားတဲ့ဖုန်းကို ရိုက်ထားတဲ့ Video File ကို Recently Deleted (အမှိုက်ပုံ)မှာ…

Read More

သန်လျင်မှာ ဆိုင်ကယ်စီးခွင့် ယာယီပိတ်လိုက်လို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

မေ ၁၈-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ သန်လျင်မြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ကို ဒီကနေ့စပြီး ယာယီတားမြစ်ပိတ်ပင်လိုက်လို့ သွားလာရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆိုင်ကယ်စီးခွင့်ကို ဒီကနေ့ မေလ ၁၈ရက်ကနေ မေလ ၂၂ ရက်အထိ (၅)ရက်အကြာ ပိတ်ထားတာဖြစ်ပြီး အရေးပေါ်သွားလာစရာရှိပါက ကားနဲ့သွားလာရမယ်လို့ ရပ်ကွက်အချို့မှာ လိုက်လံကြေညာနေတယ်လို့ အောင်မင်္ဂလာရပ်ကွက်နေသူတဦးက ပြောပါတယ်။ “အရင်က ဘယ်သွားသွားဆိုင်ကယ်နဲ့ပဲသွားတာ အခု အလုပ်သွားရင်တောင် အဆင်မပြေတော့ဘူး၊ လမ်းလျှောက်သွားရတယ်၊ ရေရှည်ဆိုရင်တော့ အဆင်မပြေဘူး”လို့ သူကပြောပါတယ်။ သန်လျင်မြို့နယ်မှာ အခြေခံလူတန်းစားအများစုနေထိုင်တဲ့အတွက် ဆိုင်ကယ်ကယ်ရီမောင်းပြီး အသက်မွေးဝမ်းကြောင်းပြုသူတွေလည်း အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ မြို့ဟောင်းစျေးမှာကယ်ရီဆွဲတဲ့ ကယ်ရီသမားတဦးက ပြောပါတယ်။ “၅ရက်လုံး ကျနော်တို့က အငတ်နေရမယ့်ပုံစံ၊ အခုတားမြစ်ချက်တဲ့၊ အဆင်မပြေဘူးဗျာ လက်လုပ်လက်စားတွေအတွက် စဥ်းစားပြီးမှလုပ်တာကောင်းတယ်”လို့ သူကပြောပါတယ်။ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးပိုင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးရုံးက ဖုန်းမက်ဆေ့ပို့ကာ အသိပေးအကြောင်းကြားပြီး ရပ်ကွက်နဲ့ကျေးရွာတွေကို လိုက်လံကြေညာခိုင်းတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။ ဒီလိုဆိုင်ကယ်စီးခွင့်ကို…

Read More

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ ကွယ်လွန်

မေ ၁၈-၂၀၂၂ KK(VOM) ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေဟာ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်မှာ ခေါင်းမူးပြီး လဲကျရာကနေ အင်းစိန်ဆေးရုံကို ပို့ဆောင်စဥ် ဆေးရုံအရောက်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက VOM ကို ပြောပါတယ်။ “ခေါင်းမူးပြီးလဲကျသွားလို့ သူ့သမီးက အင်းစိန်ဆေးရုံကိုပို့တာ၊ ဆေးရုံရောက်မှ ဆုံးသွားတာပါ”လို့ သူကပြောပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေကို ၁၉၃၂ မှာ အဖဦးဘအုန်း အမိဒေါ်လှတင် တို့က တောင်ငူမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ ဦးသုဝေဟာ ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရရှိထားသူတဦးဖြစ်ပြီး ကျောင်းသားဘဝမှစပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်မှာ ဒေါ်မြသန်းနဲ့အိမ်ထောင်ကျခဲ့ပြီး သား ၂ ယောက်နဲ့သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ ၁၉၅၇ ကနေ ၁၉၆၄ အတွင်း…

Read More

နေရပ်ပြန်လိုကြတဲ့ စစ်ရှောင်တွေရဲ့ဆန္ဒ ဘယ်တော့ပြည့်နိုင်မလဲ

မေ ၁၈-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ချင်နေကြပြီး သူတို့ရဲ့ရွာပြန်ချင်တဲ့ဆန္ဒကို ဖွင့်ဟပြောဆိုလေ့ရှိပါတယ်။ သူတို့ နေရပ်ပြန်ချင်ကြတဲ့ အဓိက အကြောင်းအရင်းကတော့ စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေး အဆင်မပြေမှုတွေ၊ စားနပ်ရိက္ခာအလုံအလောက်မရတာတွေနဲ့ မိမိတို့အရင်ကနေထိုင်ခဲ့တဲ့ ကျေးလက်သဘာဝအတိုင်း မိမိတို့ရဲ့အလုပ်အကိုင်တွေကို ပြန်လည်လုပ်ကိုင်ချင်ကြတာနဲ့ မွေးရပ်မြေကို သတိရနေကြတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်တခုလုံးမှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၆ သောင်းနီးပါးရှိပြီး သူတို့ဟာ နေရပ်ပြန်ဖို့ စိတ်အားထက်သန်နေတာ အခုမှမဟုတ်ဘဲ ဒုက္ခအခက်အခဲပေါင်းစုံကို ခါးစီးရင်ဆိုင်ကာ နေထိုင်ကြရတာ ၃ နှစ်ကျော်လာပြီဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ရခိုင် #စစ်ဘေးရှောင် #နေရပ်ပြန်ချင်တဲ့ဆန္ဒ YouTube Link – https://youtu.be/5KVfP9cWQbs

Read More

ကျောင်းဖွင့်ချိန်အမှီ CDM ဆရာဆရာမတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ နစက စည်းရုံး

မေ ၁၇-၂၀၂၂ VOM (GG) ကျောင်းသားတွေအတွက် အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေလိုအပ်နေလို့ CDM လုပ်နေတဲ့ အခြေခံပညာ ကျောင်းဆရာ၊ဆရာမတွေ အနေနဲ့ နာသုံးနာကို ရှေးရှုပြီး ကျောင်းဖွင့်ချိန်မှာ တာဝန်ပြန်ထမ်းဆောင်ဖို့ နစက ကောင်စီက စည်းရုံးပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်ဖြစ်စေ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မိတာကြောင့်ဖြစ်စေ၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ဖြစ်စေ တာဝန်ကနေ ကင်းကွာခဲ့တဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းစည်းကမ်းနဲ့ အရေးယူခံထားရတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ နိုင်ငံသားမျိုးဆက်သစ်လူငယ်တွေအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူတဲ့ နာသုံးနာကို ရှေးရှုပြီး သင်ကြားရေးတာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ဖို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းရှိရာ မြို့နယ်ပညာရေးမှူးရုံးကိုဖြစ်စေ၊ လက်ရှိနေထိုင်ရာဒေသက မြို့နယ်ပညာရေးမှူးရုံးကို အခု မေလ ၃၁ ရက်နေ့မတိုင်မီ သတ်မှတ်ပုံစံဖြည့်စွက်ကာ အယူခံလွှာတင်သွင်းနိုင်တယ်လို့ သိရပါတယ်။ အခုလို စည်းရုံးဖိတ်ခေါ်တဲ့အပေါ် CDM လုပ်နေတဲ့ မူလတန်းပြ ကျောင်းဆရာမတဦးက” CDM…

Read More

မုံရွာမှာ လူမှုကူညီရေးအသင်းပိုင် ပရဟိတလုပ်ငန်းသုံး ကား ၁ စီး အခိုးခံရ

မေ ၊ ၁၇-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာ (အုန်းခြံ)ရပ်ကွက် ၊ ရာသက်ပန် စေတနာ့ရိပ်မွန် လူမှုကူညီရေးအသင်းရုံးပိုင် ပရဟိတလုပ်ငန်းသုံး ကားတစီး ခိုးယူခံရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ ” ရုံးသော့တွေ ဖျက်စီးပြီးတော့ ခိုးယူသွားတာပါ ၊ အခုလ ၁၅ ရက်နေ့ညက ဖြစ်မယ်လို့ ယူဆရတယ် ၊ ပါသွားတဲ့ကားက ပရဟိတလုပ်ငန်းသုံး ဒါဘရယ်ကပ် ဖိုးဝှီးယာဥ်ဖြစ်တယ်”လို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ် ။ မုံရွာမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတွေဟာ အရင်က ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်ကူညီမှုပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်း ညမထွက်ရအမိန့်နဲ့ လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ အမိန့်တွေကြောင့် ညဘက်မှာ အသင်းရုံးပိတ်ထားတဲ့အချိန် အခုလို ကားခိုးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ် ။…

Read More

ကျင်းစန်းကျော့ ကနေ တရုတ်ဘက်ထဲကို မြန်မာ ကုန်တင်ကားတွေ ဝင်ခွင့်ပြု

မေ ၁၇-၂၀၂၂ Shy V (VOM) မြန်မာ နဲ့ တရုတ် အဓိကကုန်သွယ်ရာ မြန်မာ့အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ကျင်းစန်းကျော့ – မန့်မိုင် (ဝမ်တိန်)ဂိတ်ကနေ မနေ့မေလ ၁၆ ရက်နေ့ကစပြီး တရုတ်ဘက်ထဲကို မြန်မာကုန်တင်ကားတွေ ဝင်ခွင့်ပြုလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။ “မနေ့က မြန်မာကုန်တွေ တင်ပို့မယ့်ကားတွေကို တရုတ်ဘက်ထဲ ဝင်ခွင့်ပြုလိုက်ပေမယ့် ဒီနေ့ မေလ ၁၇ ရက်နေ့မှ ဝင်ဖို့လုပ်နေရတယ်၊ ဒီနေ့မှ စဝင်ဖို့ ကား ၃ စီးတန်း ထားပြီ၊ မြန်မာကုန်ခြောက်ကားတွေ”လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။ မြန်မာကားတွေ ဝင်ခွင့်ပြုလိုက်လို့ရှိရင် အဓိကပနေနဲ့ တရုတ်ကားငှားခတွေ ဈေးသက်သာ သွားမယ့်အပြင် အဝင်အထွက်တွေ လွယ်လာပြီဆိုရင် မြန်မာကုန်သည်တွေအတွက် ဈေးနှုန်းအားလုံး သက်သက်သာသာနဲ့ အဆင်ပြေသွားနိုင်ပြီလို့လည်း သူက ပြောပါတယ်။ “ဈေးနှုန်းတွေ သက်သက်သာသာ…

Read More

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဖမ်းဆီးခံရ

ရန်ကုန်၊မေ ၁၇၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်းအစိုးရအဖွဲ့က အတွင်းရေးမှူးဖြစ်သူ ဦးစိုးစိုးဇော်ကို မနေ့ မေ ၁၆ရက် နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ အစိုးရအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုးဖြစ်သူ ဦးစိုးစိုးဇော်ကို ရဲတပ်ဖွဲ့နဲ့စရဖအဖွဲ့တွေ မနေ့ညပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “အဂတိအမှုနဲ့ဖမ်းတယ်လို့တော့ ကြားတယ်၊ သေချာတော့ မသိဘူး၊ မြေယာကိစွလို့လည်းပြောနေကြတယ်”လို့ သူကပြောပါတယ်။ လက်တလောမှာ တိုင်းဒေသကြီးအတွင်းရေးမှူး ဦး စိုးစိုးဇော်ကို ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို VOM ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ ပြီးခဲ့တဲ့ မတ်လကလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြို့တော်ဝန်ဦးဗိုလ်ဌေးနဲ့စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးတိုကို စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ မြို့တော်ဝန်ဦးဗိုလ်ဌေးကို ပြန်လည်လွှတ်ပေးခဲ့ပြီး စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးကိုတော့ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။ နစကကောင်စီလက်ထက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူးဖမ်းဆီးခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းက မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ဖမ်းဆီးခဲ့တာလည်းရှိပါတယ်။…

Read More
VOM News

FREE
VIEW