မေ ၁၇-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံက နှစ်ထပ်ပုံစံဆောက်လုပ်ထားတဲ့ရဲကင်းကို ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးနဲ့ပစ်ခံရပြီး ရဲတပ်သားတဦးနဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ၁ ရပ်ကွက် ၊ အင်းစိန်လမ်းနဲ့ ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ နှစ်ထပ် ယာဉ်ထိန်း Police Boxကို ဒီကနေ့ နေ့လယ် ၁၂နာရီကျော်က အမည်မသိသူတွေက ဗုံးနဲ့လာပစ်ခဲ့ရာ ရဲတဦး ၊ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ရဲတပ်သားတဦးနဲ့ အသက်၆၀ လောက်ရှိတဲ့ အမျိုးသမီးတဦးရယ်၊ လူငယ်တဦးရယ် ထိတာ”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတွေဟာ ရဲတပ်သားဆန်းမင်းဌေး ဆိုသူဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန် အဲ့ဒီလမ်းပေါ်မှ သွားလာနေတဲ့ ဟိုက်ဂျက်ယာဥ်ပေါ်က အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦးတို့ ဗုံးထိမှန်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ “သုံးဦးစလုံးကို ခုတင် ၁၀၀၀ကို…
Read MoreMonth: May 2022
ပခုက္ကူက ဒုရဲအုပ်တဦးရဲ့နေအိမ်မှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
မေ ၊ ၁၇-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ သီတာလမ်းထောင့်မှာရှိတဲ့ ရဲအရာရှိတဦးရဲ့နေအိမ်မှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ၂ လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” သေဆုံးသူ ၂ ယောက်က ဒုရဲအုပ်ရဲ့ အမေနဲ့အစ်ကို ဖြစ်တယ် ၊ အမေဖြစ်သူက ဒန်းစီးရင်း ဒန်းပေါ်မှာ သေသွားတယ် ၊ သေနတ်နဲ့ ပစ်သတ်သွားတာပါ၊ ဘယ်သူဘယ်ဝါက ပစ်သွားတယ်ဆိုတာ အခု စုံစမ်းစစ်ဆဲနေတယ် “လို့ နယ်ခံလူမှုကူညီရေးအသင်း ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ဝင် တဦးရှင်းပြတာက ” ဘာကြောင့် အခုလို သတ်သွားရတာလည်းဆိုတာ…
Read MoreKBZဘဏ်မှာ OLDအကောင့်ထဲကို ငွေသားသွင်းရင် အကန့်အသတ်မရှိ ငွေသားပြန်ထုတ်ပေးမယ်လို့ သိရ
မေ ၁၇-၂၀၂၂ VOM (GG) KBZဘဏ်မှာ အရင်တုန်းကဖွင့်ထားတဲ့ Old Account တွေထဲကို ငွေသားပေးသွင်းပါက ပေးသွင်းတဲ့ ငွေသားကို အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူနိုင်တယ်လို့ KBZ bank က ဒီကနေ့မှာကြေညာလိုက်ပါတယ်။ ငွေသား ပြန်ထုတ်ချင်တဲ့အခါ ရက်ချိန်းတွေရယူဖို့မလိုဘဲ ထည့်သွင်းခဲ့တဲ့ပမာဏအတိုင်း ကန့်သတ်ချက်မရှိ KBZ bank မှာထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်Old account ထဲမှာ အရင်ထဲက ရှိနေပြီသားဖြစ်တဲ့ ငွေကြေးနဲ့ Bank Transfer ငွေတွေကိုတော့ အကန့်အသတ်နဲ့ ထုတ်နေရတဲ့အပြင် သတ်မှတ်ချက်တွေလည်းရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KBZ call center တာဝန်ကျဝန်ထမ်းတဦးက” အကောင့်အဟောင်းထဲ ဒီနေ့ကစပြီး ငွေသားသွင်းမယ်ဆိုရင် အဲ့ဒီငွေကြေး 100 %ကို အကန့်အသတ်မရှိ ပြန်ထုတ်လို့ရတယ်။ အရင်ကပိုက်ဆံတွေကကျတော့ နီးစပ်ရာဘဏ်ခွဲတွေမှာ သက်ဆိုင်ရာ ဘဏ်တာဝန်ခံနဲ့ သူတို့ထုတ်ပေးတဲ့ ပမာဏအတိုင်းထုတ်လို့ရတယ်။တုံကင်မယူရတော့ပါ။ ဘဏ်ခွဲတွေက သူတို့လမ်းစဉ်တွေအတိုင်း…
Read Moreသီရိလင်္ကာမှာ ဓါတ်ဆီဖြန့်ဖြူးဖို့ တရက်စာသာကျန်၊ ၀န်ထမ်းတွေကို လစာပေးဖို့ ငွေစက္ကူသစ် ထုတ်ဝေရတော့မယ်
ကိုလံဘို၊ မေ-၁၇-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ အတွင်းအဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လောင်စာဆီဖြန့်ဖြူးပေးနိုင်မှု နောက်ဆုံးနေ့ရောက်ရှိပြီဖြစ်ကြောင်း ၀န်ကြီးချုပ်သစ် ရာနီးခ်၀စ်ခရီမီဆင်းက မေ ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေအတွက် ပေးချေဖို့ လာမယ့် ရက်အနည်းငယ်အတွင်း နိုင်ငံခြားငွေ ဒေါ်လာ ၇၅ သန်း အရေးပေါ်လိုအပ်နေကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ၀န်ကြီးချုပ်ကပြောပါတယ်။ အစိုးရ၀န်ထမ်းတွေအတွက် လုပ်ခလစာပေးဖို့ ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူသစ်တွေ ရိုက်နှိပ်ထုတ်ဝေသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။ ဒါ့အပြင် အစိုးရပိုင် သီရိလင်္ကာလေကြောင်းလိုင်းဟာလည်း ပုဂ္ဂလိကပိုင်ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်းတို့ကြောင့် ဆေးဝါး၊ လောင်စာဆီနဲ့ အခြားသောပစ္စည်းတွေ ဆိုးဆိုးရွားရွားပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။ လက်ရှိမှာ လောင်စာဆီဖြန့်ဖြူးပေးဖို့ တစ်ရက်စာသာကျန်ရှိတော့ကြောင်း၊ ဒါပေမယ့် အိန္ဒိယနိုင်ငံမှ အကြွေးစနစ်နဲ့၀ယ်ယူတဲ့ ဓါတ်ဆီနဲ့ ဒီဇယ်တွေကတော့ လာမယ့်ရက်နည်းငယ်အတွင်း ရောက်ရှိလာနိုင်ကြောင်း…
Read Moreချင်းတွင်းမြစ်ကြောင်းမှာ ကုန်တင်ရေယာဥ်တွေ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် များပြားလာ
မေ ၊ ၁၇-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ချစ်တွင်းမြစ်ကြောင်းတလျှောက်မှာ အခုလပိုင်းအတွင်း ကုန်တင်ရေယာဉ်တွေ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ပိုများလာတယ်လို့ ရေယာဉ်လုပ်ငန်းလုပ်က်ုင်သူတွေဆီက သိရပါတယ်။ မနေ့ မေလ ၁၆ရက်က စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့ ၊ ဖောင်းပြင်ဆိပ်ကမ်းကနေ မော်လိုက်မြို့ဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းလာတဲ့ ကုန်တင်ရေယာဥ်တစီးကို ယုဝမြစ်ဆုံအနီးဝန်းကျင်နေရာမှာ ဓားပြတိုက်ပြန်ပေးဆွဲခံလိုက်ရတယ်လို့ မော်လိုက်ခရိုင် ပုဂ္ဂလိကရေယာဥ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) ဆီက သိရပါတယ်။ ” ကုန်တင်ရေယာဥ် ၁ စီး ဓားပြတိုက် ပြန်ပေးဆွဲခံထားရတယ်လို့ မနေ့က အကြောင်းကြားလာလို့ သိရတာပါ ၊ ရေယာဥ်က မော်လိုက်က ရေယာဥ်ဖြစ်တယ် ၊ ၁၄ ရက်က ဖောင်းပြင်ကနေ စုန်လာရင်း ပျောက်နေတာ ” လို့ ရစက အဖွဲ့ဝင်တယောက်က ပြောပါတယ်။ မေလ…
Read Moreရုရှားစစ်အခြေစိုက်စခန်းနဲ့ မိုင် ၄၀ အကွာမှာ နေတိုးအဖွဲ့ အကြီးစားစစ်ရေးလေ့ကျင့်နေ
ဘရပ်ဆယ်၊ မေ-၁၇-၂၀၂၂ မျိုးဆက်(VOM) မြောက်အန္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)ဟာ သူ့ရဲ့အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေထဲက တခုကို ဘောလ်တစ်ဒေသမှာ ပြုလုပ်နေပါတယ်။ Hedgehog လို့အမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ နေတိုးအဖွဲ့ကို၀င်ဖို့ လာမယ့်ရက်ပိုင်းအတွင်း တရား၀င်လျှောက်ထားမယ့် ဖင်လန်နဲ့ဆွီဒင်တို့အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံပါ၀င်ပါတယ်။ အက်စတိုးနီးယားနိုင်ငံမှာ ဇွန် ၃ ရက်ထိပြုလုပ်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှုကို ယူကရိန်းကို ရုရှားက မကျူးကျော်ခင်ကတည်းက စီစဉ်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ရုရှားရဲ့ အနီးဆုံးစစ်အခြေစိုက်စခန်းကနေ မိုင် ၄၀ အကွာမှာပြုလုပ်နေတာဖြစ်ပြီး တပ်ဖွဲ့၀င်တွေရဲ့ စစ်ရေးအဆင်သင့်ဖြစ်မှုနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ဖြစ်ကြောင်း နေတိုးအဖွဲ့ကပြောပါတယ်။ ဖင်လန် သို့မဟုတ် ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ထဲ၀င်တာဟာ ရုရှားအတွက်ပြသနာမရှိပေမယ့် နယ်စပ်အနီးမှာ စစ်ရေးတိုးချဲ့လာမယ်ဆိုရင်တော့ တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးပြောဆိုပါတယ်။ ဖင်လန်ကတော့ နေတိုးအဖွဲ့ထဲကို၀င်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး ဆွီဒင်ကလည်း အလားတူလုပ်မယ်လို့ မေ ၁၆…
Read Moreမာလီ အာဏာသိမ်းစစ်တပ်ကို အာဏာပြန်သိမ်းဖို့ကြံစည်မှု မအောင်မြင်
ဘာမာကို၊ မေ-၁၇-၂၀၂၂ မျိုးဆက်(VOM) မာလီနိုင်ငံမှာ အနောက်အုပ်စုကျောထောက်နောက်ခံပြုထားတဲ့ စစ်သားတွေရဲ့ လွန်ခဲ့တဲ့သီတင်းပတ်က အာဏာသိမ်းဖို့ ကြံစည်မှုကို တားဆီးနိုင်ခဲ့ကြောင်း မာလီစစ်အစိုးရက မေ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မအောင်မြင်တဲ့ အဲဒီပါအာဏာသိမ်းဖို့ ကြံစည်မှုဟာ မေ ၁၁ ရက်မှ ၁၂ ရက်ညပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မာလီအစိုးရက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ စွပ်စွဲခံထားရတဲ့ အာဏာသိမ်းဖို့ ကြံစည်သူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ဘယ်နေရာမှာ ရှိကြောင်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် သူတို့ကို ဥပဒေရေးရာတာ၀န်ရှိသူတွေထံ လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ ၁၀ ဦးခန့်ရှိကြောင်း မာလီစစ်ဘက် သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ မာလီစစ်တပ်ဟာ ၂၀၂၀ ခုနှစ်မတ်လမှာ သမ္မတအီဘရာဟင်ကိုဖြုတ်ချကာ အာဏာသိမ်းမှုပြုခဲ့ပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုစနစ်သို့ ပြန်လည်ရောက်ရှိဖို့ ဖိအားပေးခံနေရပါတယ်။…
Read Moreရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်မှာကို ရခိုင်ပြည်သူတွေစိုးရိမ်နေ
မေ ၁၇-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ လှပတဲ့ပင်လယ်ကမ်းခြေတွေရှိတဲ့ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဲဒီ ပြည်နယ်ထဲမှာ ပြည်တွင်းစစ်ရေးပဋိပက္ခတစ်ခုဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး မုန်တိုင်းတခုလို ပြင်းထန်ခဲ့ပါတယ်။ အဓိကအားဖြင့် အဲဒီစစ်ရေးပဋိပက္ခဟာ လက်ရှိ လူသိများထင်ရှားနေတဲ့ ရက္ခိုင့်တပ်တော်(ARAKAN ARMY- AA)နဲ့ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်တို့ကြား တိုက်ခိုက်ခဲ့ကြတဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခ ဖြစ်ပါတယ်။ အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားမှု စတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကာလဟာ အဲဒီအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်ဖြစ်ပြီး လက်ရှိ နစက ကောင်စီလက်ထက်မှာလည်း ရခိုင်ပြည်နယ်မှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိလာနေပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်ပိုင်းကစပြီး သေနတ်သံတွေ သိသိသာသာ တိတ်ဆိတ်သွားပြီး နိုဝင်ဘာလ ၈…
Read Moreဒေါက်တာအေးဇံ ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်ခံရ
မေ ၁၆-၂၀၂၂ KK(VOM) မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ ကို ဒီကနေ့ နေ့လယ်ပိုင်းက အဂတိပုဒ်မနဲ့တရားစွဲဆိုထားတဲ့ အမှု(၉)ခုအတွက် ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနကနေ သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ ကို ဒီကနေ့ နေ့လယ်ပိုင်းက ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးကနေ အဂတိအမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ ” အဂတိအမှု ၆ မှုအတွက်က ထောင်ဒဏ် ၁၂ နှစ်၊ အဂတိအမှု ၃ မှုအတွက် ထောင်ဒဏ် ၉ နှစ် အားလုံးပေါင်း ထောင်ဒဏ် ၂၁ နှစ်ချလိုက်တာပါ”လို့ သူကပြောပါတယ်။ ဒေါက်တာအေးဇံကို အဂတိပုဒ်မ ၅၅ နဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၇ ရက်က မွန်ပြည်နယ် တရားလွှတ်တော်မှာ တရားစွဲဆိုတင်ပို့ခဲ့ပြီး…
Read Moreကျောက်တော်မှာ အေဒီ ၄ရာစုလောက်က ရှေးဟောင်းကျောက်ဆင်းတု တူးဖော်တွေ့ရှိ
မေ ၁၆-၂၀၂၂ VOM (GG) ရခိုင်ပြည်နယ် ကျောက်တော်မှာ အေဒီ-၄ရာစု လောက်က ထုဆစ်ပြုလုပ် ကိုးကွယ်ခဲ့တယ်လို့ယူဆရတဲ့ ရှေးဟောင်းကျောက်ဆင်းတုတော် တစ်ဆူကို တူးဖော်တွေ့ရှိထားတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနကသိရပါတယ်။ ထိုင်တော်မူ ကျောက်ဆင်းတုတော်ဖြစ်ပြီး ရန်ကုန်-စစ်တွေလမ်းမကြီး၊ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွာမှ အနောက်ဖက် ၃ဖာလုံခန့်၊ ပြူးမချောင်းအနီးရှိ ကန်ချေပြင်ကွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၃ရက်နေ့က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ဦးညွန့်မောင်ဆိုတဲ့ တောင်သူရဲ့ လယ်ကွင်းပြင်ထဲမှာတွေ့တာ။သူက ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေကိုတူးဆွရာကနေ ထိုင်တော်မူ ကျောက်ဆင်းတုတော်တစ်ဆူ တွေ့ကြောင်း ဒေသခံတွေက သတင်းပို့တော့မှ မြောက်ဦးဌာနခွဲက သွားစစ်ဆေးခဲ့တာပေါ့။ အဲ့ဒီတွေ့တဲ့နေရာက စေတီဟောင်းနေရာတခုဖြစ်တယ်။ ကုန်းအကျယ်က ၂၅ ပေ ပတ်လည်ရှိတယ်၊ အောက်ခြေ ပန္နက်ရာတွေ ကိုပါ တွေ့ရတယ်။အေဒီ-၄ရာ စု လောက်က ထုဆစ်ပြုလုပ်ပြီး ကိုးကွယ်ခဲ့တယ်လို့ယူဆရတယ် “လို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။ သဲကျောက်…
Read More