ကမ္ဘာမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၅၅၀ ကျော်ရှိလာ

ဂျီနီဗာ၊ ဇွန်-၂-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာတ၀န်းမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ လက်ရှိချိန်ထိ ၅၅၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၁ ရက်မှာ ပြောပါတယ်။

ဥရောပနိုင်ငံ ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၃၂၁ ဦးထိရှိကြောင်း ဥရောပရှိ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဗြိတိန်မှာ ရောဂါကူးစက်ခံရသူ ၁၉၆ ဦးရှိပြီး သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်တို့မှာလည်း ရောဂါကူးစက်မှုတွေဖြစ်ပွားနေပါတယ်။

ဥရောပဒေသမှာ ရောဂါဖြစ်ပွားမှုဟာ ဧပြီလအစောပိုင်းကတည်းကဖြစ်ပြီး ပွဲလမ်းသဘင်တွေ သို့မဟုတ် ပါတီပွဲတွေမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲထားဖို့ ၊ အနီးကပ်ထိတွေ့မိသူတွေကို ခြေရာခံဖို့၊ ရောဂါစစ်ဆေးမှုနဲ့ အတည်ပြုတာတွေကို လျှင်မြန်စွာဖော်ထုတ်ဖို့နဲ့ ရောဂါဆိုင်ရာ အသိပညာတွေဖြန့်ဝေဖို့ နိုင်ငံတကာ အစိုးရတွေကို သူကတိုက်တွန်းပြောဆိုထားပါတယ်။

Ref: NHK
Photo:Peoples Gazette
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

✕
VOM News

FREE
VIEW