မောင်တောမှာ ကျပ်သိန်း ၄ ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့အတူ လူတွေပါ ဖမ်းဆီရမိ

ဇွန် ၁၀-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျပ်သိန်းပေါင်း ၄ ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ပါဝင်ပတ်သက်နေသူ ၁၀ ဦးကို ဒေသခံအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း မောင်တောမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့အတူ ဆက်စပ်သူတချို့ကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ VOM ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး သက်လွင်က ” အဲဒါက နယ်ခြားစောင့်ကဖမ်းတာ။ နယ်ခြားစောင့်က ဖမ်းတာဆိုတော့ ငါတို့အသေးစိပ်မသိဘူး။ ဖမ်းမိတာတော့ ဟုတ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မူးယစ်ဆေးဝါးတွေနဲ့အတူ ဆက်စပ်သူတွေကိုပါ နှစ်ကြိမ်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့၀င်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပထမဦးဆုံးတစ်ကြိမ် ဖမ်းဆီးရမိမှုမှာ မောင်တောမြို့နယ်၊ မောင်တော-ကျီးကန်းပြင်သွားကားလမ်း၊ ဟာဘီကျေးရွာအနီးမှာ စိုးအောင်သိန်း မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာကနေ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား (ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၉၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဦးစိုးအောင်သိန်းဆိုသူကို စစ်ဆေးချက်အရ နောက်ထပ်ဆက်စပ်သူတဦးဖြစ်တဲ့ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်နေ ဒေါ်စိုးစိုးအေး(ခ)မိုးမိုးအေး(ခ)စိုးစိုး၊ ၀င်းချေ နဲ့ အောင်နီလာတို့ကို လက်ကိုင်ဖုန်း ၃ လုံးနဲ့ အတူ ဖမ်းဆီးရမိခဲ့ကာ အဲဒီက တဆင့် ဝေသာလီကျေးရွာမှာ ဦးစိန်လှထွန်း၊ ဦးအောင်ချမ်းအေး နဲ့ ဦးအောင်မျိုး၀င်း တို့ကို မော်တော်ဆိုင်ကယ် ၂ စီး၊ လက် ကိုင်ဖုန်း ၃ လုံး၊ ခရေမြိုင်ကျေးရွာရှိ ဦးသန်း၀င်းရဲ့နေအိမ်ကို ၀င်ရောက်ရှာ ဖွေရာမှာတော့ ခိုင်မျိုးလင်း နဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉၃၀ ပြား (ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၉၈.၆ သိန်း) လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဆက်စပ်ဖမ်းဆီးရမိတဲ့ ဦးစိုးအောင်သိန်း(၃၂)နှစ်၊ ဒေါ်စိုးစိုးအေး(ခ)မိုးမိုးအေး(ခ)စိုးစိုး(၄၅)နှစ်၊ ဦး၀င်းချေ(၃၆)နှစ်၊ ဦးအောင်နီလာ (၅၄)နှစ်၊ ဦးစိန်လှထွန်း(၄၂)နှစ်၊ ဦးအောင်ချမ်းအေး (၃၈)နှစ်၊ ဦးအောင်မျိုး၀င်း(၃၁)နှစ်၊ ကိုခိုင်မျိုးလင်း(၂၂)နှစ်၊ ဦဇော်မီ (၆၀)နှစ် နဲ့ ဦးသန်းဝင်း တို့တို့ ၁ပြင်ဖြူနယ်မြေရဲစခန်းတွင်၀ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်ကစပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို မြို့ပေါ်နဲ့ နယ်ဘက်တွေပါမကျန် ပြုလုပ်လာကြပြီး ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို တွင်တွင် ကျယ်ကျယ် ပြုလုပ်နေကြသည်မှု လက်ရှိအချိန်ထိ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမှုတွေရှိတယ်ဆိုပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကတော့ လျော့ကျမသွားတဲ့အပြင် လူငယ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်တွေကို တဖြည်းဖြည်း ဖျက်ဆီးလာနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

#voiceofmyanmar #VOM #မောင်တော #သိန်း၄ရာကျော် #မူးယစ်ဆေးဝါးတွေမိ

Related posts

Leave a Comment

VOM News

FREE
VIEW