PDF ၂ ယောက် ပုသိမ်လုံခြုံရေးတပ်ဖွဲ့ဆီ အလင်းဝင်လာလို့ဆိုပြီး မိဘတွေဆီပြန်အပ်

ပုသိမ် ၊ ဇွန်လ ၁၅ -၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က လုံခြုံရေးတာဝန်ရှိသူတွေဆီ PDF တပ်ဖွဲ့ဝင်ဆိုသူ ၂ ယောက် အလင်းဝင်လာတာကြောင့် အုပ်ထိန်းသူတွေလက်ကို မနေ့ ဇွန် ၁၄ ရက်ကလွှဲပေးလိုက်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီကသိရပါတယ်။

အဲ့ဒီ PDF တပ်ဖွဲ့ဝင် ၂ ယောက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်းမှာ သင်တန်းတွေတက်ရောက်ခဲ့သူတွေဖြစ်ပြီး ပြစ်မှုကျူးလွန်းခြင်းမရှိသူတွေမို့ သူတို့ရဲ့မိဘတွေလက်ကို ပြန်အပ်လိုက်တာလို့သိရပါတယ်။

PDF ဆိုသူ ၂ ယောက်အလင်းဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတဦးပြောတာက

”မနေ့က အလင်းဝင်ခိုလှုံသူ PDF ၂ ယောက်ကိုသူတို့သူတို့ရဲ့ မိဘတွေဆီပြန်အပ်လိုက်ပါတယ်။အခမ်းအနားလုပ်ပြီးပြန်အပ်တာပါ။ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင် ၂ ယောက်က လက်နက်ကိုင် သင်တန်းဆင်း ၂ယောက်ပါ။ သူတို့ကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေမှာသင်တန်းတွေ တက်ရောက်ခဲ့သူတွေပါ ပြစ်မှုကျူးလွန်းတာ မရှိခဲ့သူတွေပါ။နိုင်ငံတော်အစိုးရရဲ့ စေတနာနဲ့ မေတ္တာကို နားလည်လို့အလင်းဝင်လာသူတွေပါ။” လို့ ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီအလင်းဝင်လာတဲ့
PDF တပ်ဖွဲ့ဝင်ဆိုသူ ၂ ယောက်က ပုသိမ်က နဲ့ ကျုံပျော်က အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ကိုဝန်ခံကတိလက်မှတ်ရေးထိုးပြီးတော့
သူတို့မိဘတွေထံကိုအပ်လိုက်တာလို့ သိရပါတယ်။

အဲ့ဒီ ရဲနဲ့ စစ်တပ်ဆီကိုအလင်းဝင်လာတဲ့ PDF ၂ ယောက်ဟာကိုယ့်ဖာသာစီစဉ်ပြီးတော့လုပ်ကြံဇာတ်ခင်း တာ သက်သက်သာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ ဧရာဝတီတိုင်းဒေသကာကွယ်ရေး PDF တပ်ဖွဲကသူတို့ Facebook စာမျက်နှာကနေ ဒီကနေ့ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒါ့အပြင် PDF တပ်သားတွေဟာ အလင်းဘယ်တော့မှ ဝင်မှာမဟုတ်ဘူး ဒါဟာဝါဒဖြန့်ယုံသက်သက်ပဲလို့ PDF ဘက်က သတင်းထုတ်ထားတာတွေ့ရပါတယ်။

#voiceofmyanmar #VOM #PDF #အလင်းဝင်

Related posts

Leave a Comment

VOM News

FREE
VIEW