ဇွန် ၁၈-၂၀၂၂ VOM (GG) ရှမ်းပြည်နယ် ၊ပင်းတယမြို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ USDP ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ငြိမ်း ဒီနေ့ဇွန်လ ၁၈ ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဦးကျော်ငြိမ်းကို ဆင်ခေါင်းရပ်ကွက်မှာရှိတဲ့ သူရဲ့ကိုယ်ပိုင်ကျောင်းမှာရှိနေချိန် အသတ်ခံလိုက်ရတာဖြစ်ပြီး၊ သေနတ်ပစ်ဒဏ်ရာကြောင့် နေရာမှာတင် ပွဲခြင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” မနက် ၁၀ နာရီ လောက်မှာ အပစ်ခံရတာ။သူ့ကျောင်းမှာပဲ။သူကပြည်သူ့စစ် ဖွဲ့ဖို့ဆိုပြီး စာရင်းကောက်နေတယ်လို့ကြားတယ်။ ခေါင်းကိုမှန်တာလို့သိရတယ် ၊ ” လို့ ဒေသခံတဦးကပြောပါတယ်။ ဦးကျော်ငြိမ်း အသတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေလုပ်ခဲ့တဲ့အပြင် ပိတ်ဆို့ရှာဖွေမှုတွေကိုပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဦးကျော်ငြိမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပင်းတယမြို့နယ် အမှတ် (၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အမတ်လောင်းတဦးလည်း ဖြစ်ပါတယ်။ အရင်ကလည်း ပင်းတယမြို့မှာ စစ်တပ်ကိုသတင်းပေးလို့ဆိုပြီး အသတ်ခံရသူ ၆…
Read MoreDay: June 18, 2022
ဘင်္ဂလားဒေ့ရ်ှမှာ ရေကြီးရေလျှံမှုကြောင့် ၂၅ ဦးသေဆုံး၊ လူလေးသန်းကျော် ရေဘေးသင့်နေ
ဒါကာ၊ ဇွန်-၁၈-၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၂၅ ဦထက်မနည်းသေဆုံးပြီး လူ လေးသန်းကျော် ရေဘေးသင့်နေတယ်လို့ တာ၀န်ရှိသူတွေက ဇွန် ၁၈ ရက်မှာပြောပါတယ်။ ရေကြီးရေလျှံမှုတွေဟာ မြေနိမ့်ဒေသမှာနေတဲ့ ဘင်္ဂလားဒေ့ရ်ှရှိ သန်းနဲ့ချီတဲ့ပြည်သူတွေ ပုံမှန်ကြုံတွေ့ရလေ့ရှိပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံဖြစ်တဲ့ အကြိမ်ရေ၊ ပြင်းထန်မှုတွေဟာ မှန်းဆမရအောင် တိုးလာနေတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း နေရာအနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး ရေဘေးသင့်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ တပ်ဖွဲ့၀င်တွေကို ဖြန့်ကြက်ချထားနေပါတယ်။ ရေကြီးရေလျှံဖြစ်လာတာကြောင့် မြစ်ကမ်းပါးတွေရုတ်တရက်ပြိုကျပြီး နာရီပိုင်းအတွင်းမှာပဲ အနီးနားက ကျေးရွာတွေရေနစ်မြုပ်ခဲ့ပြီး စာသင်ကျောင်းတွေကို ကယ်ဆယ်ရေးစခန်းတွေအဖြစ် ပြောင်းလဲပြီး ဒုက္ခသည်တွေကို နေရာချထားနေရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ဘင်္ဂလားဒေ့ရ်ှရဲ့ တတိယအကြီးဆုံး Sylhet နိုင်ငံတကာလေဆိပ်ကို သောကြာနေ့မှာ ပိတ်လိုက်ရပါတယ်။ မိုးသည်ထန်စွာရွာသွန်းမှုနဲ့အတူ လာမယ့်နှစ်ရက်အတွင်း ရေကြီးရေလျှံမှုဟာ ပိုမိုဆိုးရွားလာမယ်လို့…
Read Moreချောင်းဦး – ရေစကြို – ပခုက္ကူ ကားလမ်းပေါ်က တိုးလ်ဂိတ်တခု ဖျက်စီးခံရ
ဇွန် ၊ ၁၈-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ရွာတော်လေး ကျေးရွာအနီး ချောင်းဦး – ရေစကြို – ပခုက္ကူ ဆင်ဖြူရှင်ကားလမ်းပေါ်မှာရှိတဲ့ တိုးလ်ဂိတ် ၁ ခုဟာ မနေ့ ဇွန် ၁၇ ရက် ညနေပိုင်းက ဖျက်စီးခံလိုက်ရတယ်လို့ ရွာတော်လေးဒေသခံတွေဆီက သိရပါတယ်။ ” ပစ်ခတ်ဖောက်ခွဲတာတွေလုပ်ပြီး မီးရှိ့ဖျက်စီးခံလိုက်ရတာ”လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။ တိုးလ်ဂိတ် ဖျက်စီးခံရတာနဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ်တာဝန်ရှိသူတဦးက ” အကြမ်းဖက်ဖျက်စီးခံရတာဖြစ်တယ် ၊ ဖော်ထုတ်အရေးယူသွားမှာပါ “လို့ ပြောပါတယ် ။ စစ်ကိုင်းတိုင်းထဲမှာ BOT စနစ်နဲ့ လမ်းတံတားတွေ ပြုပြင်ထိန်းသိမ်းတာ ၊ အသုံးပြုခ ကောက်ခံတာတွေ လုပ်ကိုင်ပေးတဲ့ တိုးလ်ဂိတ်တွေထဲက ယင်းမာပင်မြို့နယ် ၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းက…
Read Moreလှိုင်သာယာမှာ ဆိုင်ကယ်နဲ့ဘက်ထရီစက်ဘီးစီးခွင့်ပိတ်၊စီးတာတွေ့ရင် အရေးယူမယ်လို့ အသိပေး
ဇွန် ၁၈-၂၀၂၂ VOM (GG) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ် နဲ့ ဘက်ထရီစက်ဘီးတွေကို စီးနင်းခွင့် ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က ဇွန်လ ၁၇ ရက်နေ့ကစပြီး စီးနင်းခွင့်ပိတ်လိုက်တာဖြစ်ပြီး တကယ်လို့ စီးနင်းတာကိုတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ်၊ မနေ့က စပိတ်လိုက်တာပါ။ရပ်ကွက်ထဲ လာအော်တာပါ။ ဆိုင်ကယ်ရော၊ဘက်ထရီစက်ဘီးရောစီးခွင့်ပိတ်တယ်တဲ့။စီးတာတွေရင်အရေးယူမယ်ဆိုပြီး လော်နဲ့လာအော်တာပါ”လို့ လှိုင်သာယာ အရှေ့ပိုင်းမှာနေထိုင်သူတဦးကပြောပါတယ်။ ဆိုင်ကယ်၊ဘက်ထရီစက်ဘီးစီးနင်းခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်းကို ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ချုပ်ရေးအဖွဲ့တွေက ဇွန်လ ၁၆ ရက်နေ့မှာ ရပ်ကွက်နေထိုင်သူတွေကို လိုက်လံအသိပေးပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဆိုင်ကယ်နဲ့စက်ဘီး အဓိကအသုံးပြုလုပ်ကိုင်စားသောက်နေရတဲ့မြို့နယ်မှာ ဒါတွေစီးခွင့်ပိတ်တော့ ဘယ်လိုလုပ်ကြမလဲ၊ ရပ်ကွက်ထဲတော့ စီးနေကြတာတွေ့တယ်။ကျနော်တို့ အလုပ်ကိုလည်း စီးတာရှိတယ်။ကားမရောက်တဲ့နေရာဆို သွားရတာရှိတယ်။ အခုတော့အခြေအနေစောင့်ကြည့်လုပ်ရမှာပေါ့”လို့ နောက်ထပ် လှိုင်သာယာဒေသခံတဦးကပြောပါတယ်။ လှိုင်သာယာမြို့နယ်ဟာ အခြေခံလူတန်းစားအများဆုံးနေထိုင်တဲ့မြို့နယ်တခုဖြစ်သလို ရွှေ့ပြောင်းလုပ်သားအများဆုံးအလုပ်လုပ်နေတဲ့မြို့နယ်လည်းတဲ့အပြင် ဆိုင်ကယ်အသုံးပြုမှုများတဲ့မြို့နယ်လည်းဖြစ်ပါတယ်။ အခုလို ဆိုင်ကယ်၊ဘက်ထရီစက်ဘီးစီးခွင့်ပိတ်လိုက်တာဟာ…
Read Moreသီရိလင်္ကာမှာ လောင်စာဆီပြတ်လပ်မှုကြောင့် အစိုးရရုံးနဲ့ စာသင်ကျောင်းတွေကို ပိတ်မယ်လို့ ကြေညာ
ကိုလံဘို၊ ဇွန်-၁၈-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီတင်သွင်းမှုအတွက် ငွေပေးချေဖို့မရှိတာကြောင့် အစိုးရရုံးတွေနဲ့ စာသင်ကျောင်းတွေကို နှစ်ပတ်ကြာပိတ်မယ်လို့ အာဏာပိုင်တွေက ဇွန် ၁၇ ရက်မှာ ကြေညာလိုက်ပါတယ်။ ဓါတ်ဆီနဲ့ ဒီဇယ်ပြတ်လပ်မှုဖြစ်ပေါ်နေတာကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေလည်း အလုံးစုံနီးပါး ရပ်နားထားရပြီး ဇွန် ၂၀ရက်ကစပြီး ဒီလိုပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတာဖြစ်ပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ကိုယ်ပိုင်ယာဉ်တွေ စီစဉ်မပေးနိုင်တာကြောင့် အခုလိုဆုံးဖြတ်လိုက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ယခုသီတင်းပတ်အစောပိုင်းကလည်း လောင်စာဆီချွေတာဖို့အတွက် အစိုးရ၀န်ထမ်းတွေအတွက် သောကြောနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ နိုင်ငံမှာ စံချိန်တင်ငွေကြေးဖောင်းပွမှု၊ ကာလရှည်ကြာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်မှုနဲ့ ကြုံတွေနေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လပေါင်းများစွာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ကာ သမ္မတ Gotabaya…
Read Moreကန်ပိုက်တီဂိတ်ကနေ တရုတ်ဖက်ကို တစ်သျှူးငှက်ပျော တရက်ကို ကားအစီး၃၀၀ ပို့နေရ
ဇွန် ၊ ၁၈ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ကချင်ပြည်နယ်ထွက် တစ်သျှူးငှက်ပျောကားတွေ ၁ ရက်ကို ကားအစီးရေ ၃ ရာကျော် တရုတ်ဖက်ကို ပို့နေရတယ်လို့ ကံပိုင်းတည် နယ်စပ်ကုန်သွယ်ရေးဌာနကနေ သိရပါတယ်။ ” ပြီးခဲ့တဲ့နှစ်တွေက ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး ဂိတ်ဟာ ပိတ်ထားရတယ် ၊ ဒီနှစ်ဆန်းပိုင်းကစလို့ ဖြေလျှော့ဖွင့်လှစ်ပေးခဲ့တယ် ၊ အခုတော့ လုံးလုံးပွင့်သွားပါပြီ “လို့ နယ်စပ်ကုန်သွယ်ရေး သစ်သီးကုန်သည်တယောက်က ပြောပါတယ်။ အခု ဇွန်လ ပထမပတ်မှာ တစ်သျှူးငှက်ပျောကား ၂ ရာကျော် ပုံမှန်ဝင်ရောက်ရာကနေ ၁၀ ရက်နောက်ပိုင်းကစလို့ နေ့တိုင်းလိုလို တစ်သျှူးငှက်ပျောကား ၃ ရာကျော် ဝင်ရောက်လာတယ်လို့ အဲ့ဒီကုန်သွယ်ရေး ဂိတ်က သိရပါတယ်။ ကချင်ပြည်နယ်ရဲ့ဒေသထွက်ကုန်တခုဖြစ်တဲ့ တစ်သျှူးငှက်ပျောကို၂၀၀၆ ခုနှစ်ကစလို့ ဝိုင်းမော် ၊ မိုးမောက်…
Read Moreထိုင်းမှာဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၅၃ ဦးကို ရနောင်းကနေ မြန်မာနိုင်ငံပြန်ပို့
ရနောင်း၊ ဇွန်-၁၈-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမ၀င်လာရောက်သူ မြန်မာနိုင်ငံသား ၁၅၃ ဦးကို သူတို့ရဲ့ အမှုတွေပြီးပြတ်သွားတာကြောင့် ရနောင်းကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်ပါတယ်။ ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၉၇ ဦးနဲ့ အမျိုးသမီး ၅၆ ဦးတို့ပါ၀င်ပြီး စက်လှေကိုးစင်းနဲ့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တာဖြစ်ပါတယ်။ အစောပိုင်းက ရနောင်းမြို့မှာ ဖမ်းမိခဲ့တဲ့ မြန်မာနိုင်မှ တရားမ၀င်လာရောက်သူ အမျိုးသား ၁၀၂ ဦးနဲ့ အမျိုးသမီး ၂၈ ဦးတို့ကိုလည်း မေ ၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ၈၅ ဦး ၊ အမျိုးသမီး ၆၀ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄၅ ဦးကိုလည်း ဧပြီ ၁၀ ရက်မှာ အာဏာပိုင်တွေက…
Read Moreသာသနာ့ဝန်ထမ်းတွေကို သတ်ဖြတ်သူတွေအား အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ နစက က အထူးတရားရုံးဖွဲ့စည်းနေ
ဇွန် ၁၈-၂၀၂၂ VOM(GG) သာသနာ့ဝန်ထမ်းတွေဖြစ်တဲ့ ဘုန်းကြီး၊ သီလရှင်နဲ့ကိုရင်တွေကို သတ်ဖြတ်နေသူတွေအား ထိရောက်တဲ့အရေးယူမှုတွေလုပ်နိုင်ဖို့အတွက် အထူးတရားရုံးဖွဲ့စည်းပြီး အမြင့်ဆုံး ပြစ်ဒဏ်ပေးရေး ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့ က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၂)မှာ သံဃာ၊ ကိုရင်နဲ့ သီလရှင်တွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေးကို နစကအဖွဲ့ဝင်တွေက တင်ပြမှုအပေါ် နစကဥက္ကဋ္ဌက အခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သာသနာနွယ်ဝင်တွေကို အကြမ်းဖက် သတ်ဖြတ်သူ များကို ထိရောက်တဲ့ပြစ်ဒဏ်များ ချမှတ်နိုင်ဖို့ အထူးတရားရုံးများ ဖွဲ့စည်းပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးရေး ဆောင်ရွက်နေပါတယ်”လို့ နစကဥက္ကဋ္ဌက ပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိ နစက လက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ခုနှစ် ဇွန်လ ၁၃ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်နဲ့…
Read Moreပန့်ပြင်ဆိုင်မှာ ပြင်ဖို့ အပ်ထားတဲ့ကား အလုခံရတဲ့ဖြစ်စဉ် ပခုက္ကူမှာဖြစ်ပွား
ဇွန် ၊ ၁၈-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၆ ရပ်ကွက် ၊ ဘောလုံးကွင်းတိုက်တန်းမှာရှိတဲ့ ကား နော်ဇယ် ပန့်ပြင်ဆိုင်မှာ ပြုပြင်ဖို့အပ်ထားတဲ့ ကား ၁ စီးကို မနေ့ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းက လုယူခံရတဲ့ ဖြစ်စဥ်တခု ပေါ်ပေါက်ခဲ့တယ်လို့ ပခုက္ကူ ကားဝပ်ရှော့လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ဖြစ်တာက မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဘောလုံးကွင်းတိုက်တန်းက ခိုင်မာ နော်ဇယ် ပန့်ပြင်ဆိုင်က ပြင်ဖို့ အလုပ်အပ်ထားတဲ့ ကား အလုခံရတာ “လို့ ဘောလုံးကွင်းတိုက်တန်းက စျေးသည်တယောက်က ပြောပါတယ်။ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ခိုင်မာ နော်ဇယ် ပန့်ဆိုင်မှာ ပြင်ဖို့အပ်ထားတဲ့ MAZDA…
Read Moreရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်ကြားက ရွာ ၅ ရွာထက် မနည်း အိမ်ခြေ ရာနဲ့ချီ မီးလောင်ဆုံးရှုံးနေ
ဇွန် ၊ ၁၈-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်ရဲ့ အနောက်ဘက် ဒီပဲယင်းမြို့နယ်ရဲ့အရှေ့ဘက် မူးမြစ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတချို့မှာ အိမ်ခြေ ၃ရာနီးပါး မီးလောင်ပြီး အဲ့ဒီရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေလည်း ဒီရက်ပိုင်းမှာ ထောင်နဲ့ချီ ရှိနေတယ်လို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတွေဆီက သိရပါတယ်။ ” ဒီလ ၁၀ ရက်နောက်ပိုင်းကစလို့ မနေ့ကအထိ ၁ပတ်အတွင်းမှာ ရွှေဘိုနဲ့ ဒီပဲယင်းကြား စစ်ကြောင်းထိုးလာတယ် ၊ ထိတွေ့ပစ်ခတ်မှုတွေ နေရာတချို့မှာ ဖြစ်ပေါ်တယ် ၊ ရွာခံတွေအများစုက ဘေးလွတ်ရာကို ထွက်ပြေးရင်း နေအိမ်တွေကို စွန့်လွတ်ထားပြီးနောက် မီးလောင်ကုန်တယ်”လို့ မူးကမ်းကြီးရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ မူးမြစ်ဝှမ်းဘက်က ယာယီတိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီး ကူညီပေးနေတဲ့ နယ်ခံစေတနာ့ဝန်ထမ်း တယောက်က ” လူနေအိမ်တွေ မီးလောင်တာရှိတယ် ၊ ပေါင်ချိုင်ရွာမှာ နေအိမ်…
Read More