ချောင်းဦး – ရေစကြို – ပခုက္ကူ ကားလမ်းပေါ်က တိုးလ်ဂိတ်တခု ဖျက်စီးခံရ

ဇွန် ၊ ၁၈-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ရွာတော်လေး ကျေးရွာအနီး ချောင်းဦး – ရေစကြို – ပခုက္ကူ ဆင်ဖြူရှင်ကားလမ်းပေါ်မှာရှိတဲ့ တိုးလ်ဂိတ် ၁ ခုဟာ မနေ့ ဇွန် ၁၇ ရက် ညနေပိုင်းက ဖျက်စီးခံလိုက်ရတယ်လို့ ရွာတော်လေးဒေသခံတွေဆီက သိရပါတယ်။

” ပစ်ခတ်ဖောက်ခွဲတာတွေလုပ်ပြီး မီးရှိ့ဖျက်စီးခံလိုက်ရတာ”လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။

တိုးလ်ဂိတ် ဖျက်စီးခံရတာနဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ်တာဝန်ရှိသူတဦးက ” အကြမ်းဖက်ဖျက်စီးခံရတာဖြစ်တယ် ၊ ဖော်ထုတ်အရေးယူသွားမှာပါ “လို့ ပြောပါတယ် ။

စစ်ကိုင်းတိုင်းထဲမှာ BOT စနစ်နဲ့ လမ်းတံတားတွေ ပြုပြင်ထိန်းသိမ်းတာ ၊ အသုံးပြုခ ကောက်ခံတာတွေ လုပ်ကိုင်ပေးတဲ့ တိုးလ်ဂိတ်တွေထဲက ယင်းမာပင်မြို့နယ် ၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းက တိုးလ်ဂိတ်၊ မုံရွာ-ဘုတလင်ကားလမ်းက တိုးလ်ဂိတ် ၊ဘုတလင်-ဒီပဲယင်းကားလမ်းက တိုးလ်ဂိတ် ၊ ဝက်လက် -ရွှေဘိုကားလမ်းပေါ်က လှတောတိုးလ်ဂိတ် ၊ မုံရွာ-မန္တလေးကားလမ်းပေါ်က မြင်းမူတိုးလ်ဂိတ်နဲ့ ချောင်းဦး-ရေစကြို ကားလမ်းပေါ်က တိုးလ်ဂိတ်အများစုဟာ မီးရှို့ ၊ ဖောက်ခွဲ ဖျက်စီးခံရတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲက ပခုက္ကူ-မြိုင်လမ်းပေါ်က တိုးလ်ဂိတ်နဲ့ ပခုက္ကူ-ရေစကြို ကားလမ်းပေါ်က ထွန်းညိုလူ တိုးလ်ဂိတ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖျက်စီးခံထားရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး #တိုးလ်ဂိတ် #ဖျက်စီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW