ကမ္ဘာ့နိုင်ငံ ၄၀ ကျော်မှာ မျောက်ကျောက်ရောဂါကူးစက်မှု ၃၀၀၀ ကျော်ရှိလာ

ဂျီနီဗာ၊ ဇွန်-၂၃-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ ရှိ၊မရှိကို ဇွန် ၂၃ ရက်မှာ ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

အဲဒီအရေးပေါ်ကော်မတီအစည်းအဝေးမှာတော့ ရောဂါကူးစက်မှုအများဆုံးနိုင်ငံတွေက ပညာရှင်တွေ ပါ၀င်ဆွေးနွေးကြမှာဖြစ်ပြီး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာဖို့ကိစ္စကို ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုဗစ်-၁၉ ရောဂါလို အလွယ်တကွယ် မကူးစက်နိုင်ပေမယ့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်းလို ကာကွယ်ဆေးနဲ့ ကုသဆေးတွေ သီးခြားထွက်ပေါ်မလာသေးပါဘူး။

လက်ရှိမှာတော့ နိုင်ငံပေါင်း ၄၀ ကျော်မှာ မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နေပြီး အာဖရိကဒေသပြင်ပမှာ ရောဂါဖြစ်ပွားမှု ၃၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး အများစုကတော အမျိုးသားချင်း လိင်တူဆက်ဆံသူတွေမှာ ဖြစ်ပါတယ်။

ရောဂါကြောင့် သေဆုံးမှုကတော့ လက်ရှိချိန်ထိ မရှိသေးပါဘူး။ တုပ်ကွေးရောဂါလို လက္ခဏာတွေနဲ့ အရေပြားပေါ်မှာ အဖုအပိန့်တွေဖြစ်ပေါ်စေတတ်တဲ့ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာသာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။

Ref:Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW