စက်ရုံတွေမှာ အလုပ်သမားတွေကို အချိန်ပိုခိုင်းမယ်ဆိုရင် ၁ ပတ်ကြိုပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြရမယ်

ဇွန် ၂၉-၂၀၂၂
VOM (GG)

စက်ရုံအလုပ်ရုံတွေအနေနဲ့ အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းမယ်ဆိုပါက တပတ်ကြိုပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာနရုံးတွေကို တင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေး​ထုတ်ပြန်လိုက်ပါတယ်။

အလုပ်သမားတဦးကို တပတ်မှာ အချိန်ပို ၄၄ နာရီကနေ ၄၈ နာရီအထိ အများဆုံး အချိန်ပိုအလုပ်လုပ်နိုင်ကြောင်း၊ ၄၈ နာရီအထိလုပ်ခွင့်ရှိတဲ့လုပ်ငန်းတွေကတော့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ရေခဲစက်၊ ရေနံချက်စက်၊ သစ်ပေါင်း တင်လုပ်ငန်း၊ ရေနဲ့ ဆီမှုတ်စက်၊ လေအား (ဒါမှမဟုတ်) ဓာတ်ငွေ့အား ပြုလုပ်တဲ့ စက်တွေ ၊ ဓာတုဗေဒလုပ်ငန်း၊ အသီးအနှံကနေထုတ်ယူတဲ့ ဆီစက်တွေ ၊သကြားစက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

” အချိန်ပိုလုပ်ကိုင်မယ့် နေ့ မတိုင်မီ ၇ ရက် ကြို တင်ပြရမှာ ဟုတ်ပါတယ်၊ ခွင့်ပြုတဲ့အချိန်ပိုနာရီအတိုင်းလည်း လုပ်ကိုင်ရပါမယ်၊ပိုခိုင်းလို့မရပါဘူး။အဓိက အချိန်ပိုဆင်းမယ့်အလုပ်သမားရဲ့သဘောတူကြောင်းမှတ်တမ်း ပြရပါမယ်။သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်ရုံးတွေကိုတင်ပြရမှာပါ ” လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။

လုပ်ငန်းပိုင်ရှင် နဲ့ မန်နေဂျာအနေနဲ့ တာဝန်ရှိသူတွေခွင့်ပြုထားတဲ့အချိန်ပိုအတိုင်းသာ လိုက်နာလုပ်ဆောင်ရမှာဖြစ်ပြီး အကယ်၍ ပျက်ကွက်ခဲ့ပါက ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့သိရပါတယ်။

အလုပ်သမား ၅၀၀ အောက် လုပ်ကိုင်တဲ့ စက်ရုံ အလုပ်ရုံတွေဆိုရင် သက်ဆိုင်ရာ မြို့နယ်အဆင့်ရုံးမှာ တင်ပြနိုင်ပြီး အလုပ်သမား ၅၀၀ ကနေ ၁၀၀၀ ရှိတဲ့ စက်ရုံ ၊အလုပ်ရုံတွေကတော့ ခရိုင်အဆင့်ရုံးကိုတင်ပြရမှာဖြစ်ပြီး အလုပ်သမား ၁၀၀၀ရှိတဲ့ စက်ရုံအလုပ်ရုံကတော့ တိုင်းအဆင့်ရုံးကို တင်ပြကြရမှာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #စက်ရုံအလုပ်ရုံ #အချိန်ပို #အလုပ်သမား၀န်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW