တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်နေ

ဇွန်-၂၉-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီဟာ ဒေသတွင်းအစည်းအဝေးတခုတက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို ယခုသီတင်းပတ်ကုန်ပိုင်းမှာ လာရောက်မယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၈ ရက်မှာ အေအက်ဖ်ပီ သတင်းဌာနကိုပြောပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးတက်ရောက်ဖို့ ၀မ်ယီဟာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

မစ္စတာ၀မ်ယီနဲ့ နစကဥက္ကဌတို့တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မဖြစ်တော့ မသေချာဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ အဲဒီအစည်းအဝေးဟာ မဲခေါင်နိုင်ငံတွေပါ၀င်မှာဖြစ်ပါတယ်။

ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံခြားရေး၀န်ကြီးတွေလည်း ဇူလိုင် ၂ ရက်ကနေ ၅ ရက်နေ့ထိ ကျင်းပမယ့် အစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပြီးနောက် အတိုက်အခံတွေကို ပြင်းထန်စွာဖြိုခွင်းမှုတွေကြောင့် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး တရုတ်နဲ့ ရုရှားကတော့ မြန်မာအာဏာပိုင်တွေနဲ့ မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်နေဆဲဖြစ်ပါတယ်။

Ref: AFP
Photo: AFP
#voiceofmyanmar #VOM #တရုတ်နိုင်ငံခြားရေး၀န်ကြီး၀မ်ယီ #မြန်မာနိုင်ငံကိုလာရောက်ဖို့ #စီစဉ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW