ကြာအင်းဆိပ်ကြီးက စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်မိသားစုဝင်တဦးသေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၁၄-၂၀၂၂ GG+KT(VOM) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွားကားလမ်းဘေးက “ချမ်းမြေ့ဝတီ”စက်သုံးဆီအရောင်းဆိုင် “ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀ ကျော်တန်ဖိုးရှိရွှေထည်ပစ္စည်းတွေ ပါသွားသလို သေနတ်နဲ့ပါပစ်ခံရလို့ အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဇွန် ၁၃ ရက် ည ၈ နာရီလောက်မှာ အမည်မသိအမျိုးသား ၄ ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဆိုင်ပိုင်ရှင်နဲ့မိသားစုဝင်တွေကို သေနတ်ပြချိန်းခြောက်ကာ ရွှေထည်ပစ္စည်းတွေကိုယူဆောင်ပြီး မိသားစုဝင်​ဖြစ်သူ ဦးအေးဝင်းနိုင် အသက် ၄၅ နှစ်ဆိုသူကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” သေနတ်မှန်တဲ့သူက ဆိုင်ပိုင်ရှင် ဦးချစ်အောင်ရဲ့ယောက်ဖပေါ့။ မေးစေ့အောက်၊ညာဘက်နှာခေါင်း၊လည်ပင်းနဲ့နောက်စေ့မှာ ​​သေနတ်(၄)ချက် မှန်တယ်လို့ပြောတယ်။ပွဲချင်းပြီးပဲ ၊ဆိုင်ပိုင်ရှင်လည်း အရိုက်ခံရတယ်လို့ကြားတယ်”လို့ ဒေသခံပရဟတိသမားတဦးကပြောပါတယ်။ ဓားပြတိုက်ခံလိုက်ရတဲ့ပစ္စည်းတွေကတော့ လက်ကောက် ၂ ကွင်း၊လက်စွပ် ၂ ကွင်း၊ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊စိန်လက်စွပ် ၁ ကွင်း စုစုပေါင်းခန့် မှန်းတန်ဖိုး ၂၃၀ သိန်းနဲ့…

Read More

မြစ်ကြီးနား မန်ခိန် အထက်တန်းကျောင်း နှစ်ထပ် ကျောင်းဆောင် မီးလောင်

ဇွန် ၊ ၁၅ ၊ ၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက် ၊ မန်ခိန် အခြေခံပညာ အထက်တန်းကျောင်းက ၂ ထပ်ကျောင်းဆောင် ၁ ဆောင်ဟာ ဇွန် ၁၅ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ပျက်စီးသွားတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်မှာ မီးစလောင်တယ် ၊ လင်းခါနီး မနက် ၄ နာရီမှ မီးငြိမ်းသွားတယ် ၊ မီးမလောင်ခင် အချိန်က စာသင်ကျောင်းထဲဘက်က လူသံတွေကြားရတယ် ၊ သူတို့ ဘာပြောတယ်ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရဘူး” လို့ အဲ့ဒီ စာသင်ကျောင်း အနီးဝန်းကျင်က ဒေသခံ တစ်ယောက်က ပြောပါတယ်။ ”…

Read More

ဝက်လက်မှာ အသက် ၇၀ ကျော် အဖွား ၁ ဦးရဲ့ နေအိမ် ဓားပြတိုက်ခံရ

ဇွန် ၁၅-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ ညောင်ပင်ကြီးတောကျေးရွာမှာ မနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းက အသက် ၇၀ ကျော် အဘွားတဦး နေအိမ်အတွင်းမှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနက် ၉ နာရီဝန်းကျင်မှာ အဖွားဒေါ်စီရဲ့နေအိမ်ကို အတိုက်ခံရတာပါ ၊ အိမ်ရှိအတွင်းပစ္စည်းတင်မကဘူး ကားနဲ့ ဆိုင်ကယ်ရော ပါသွားတာ “လို့ ညောင်ပင်ကြီးတောရွာခံတယောက်က ပြောပါတယ်။ ဓားပြအတိုက်ခံရသူနဲ့ နီးစပ်သူတယောက်က ” ဆွဲကြိုး ၁ ကုံး ၊ လက်စွပ် ၁ ကွင်း ၊ နားကပ် ၂ ရံ ၊ ပိုက်ဆံ သိန်း ၄၀ ကျော် ၊ ကလစ်ဆိုင်ကယ် ၁…

Read More

အောင်လံမြို့နယ်က ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင် ၂ ဦး အသတ်ခံရ

ဇွန် ၁၄-၂၀၂၂ GG(VOM) မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကြက်ရုံးလေးကျေးရွာက ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင် ၂ ဦး မနေ့ ဇွန်၁၃ ရက်နေ့ ညနေပိုင်းက အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မနေ့က ညနေ ၅ နာရီလောက်မှာ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး အောင်လံမြို့ကိုသွားပြီး အပြန်လမ်းမှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ကြက်ရုံးလေးရွာနဲ့ သနပ်တောင်ဗွေရွာအကြား သနပ်တောင်ဗွေဘုရားနားမှာ အသတ်ခံရတာလို့ သိရတယ်။နေရာမှာ ပွဲချင်းပြီးပဲ။ လက်လုပ်ရှော့ဂမ်းနဲ့ပစ်ပြီးဆိုင်ကယ်လဲချိန် ဓားနဲ့ထပ်ခုတ်တာလို့ပြောတယ်၊ ဦးမြငြိမ်းဆိုတာက ကြက်ရုံးလေးရွာနဲ့ “လို့ ဒေသခံတဦးကပြောပါတယ်။ အသတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ ကြက်ရုံးလေးကျေးရွာ ရပ်ကျေးစည်းရုံးရေးမှူး ဦးမြငြိမ်းဆိုသူနဲ့ ဦးညီလေးကြီး ဆိုသူတို့ဖြစ်ကြောင်း၊ ဘယ်အဖွဲ့က သတ်တယ်ခဆိုတာတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်​ပြီး စစ်တပ်နဲ့ရဲကတော့ စစ်ဆေးရှာဖွေတာတွေနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း အောင်လံမြို့နယ်၊နီဘရောင်အုပ်စု၊ပဒဲကျေးရွာက အုပ်ချုပ်ရေးမှူး အသတ်ခံရပြီး…

Read More

တာချီလိတ်မှာ အမျိုးသမီးတဦးကို ကျဥ်စက်နဲ့ထောက်ပြီး ပြန်ပေးဆွဲသူ ၄ဦးကို ဖမ်းဆီးရမိ

ဇွန် ၁၄-၂၀၂၂ GG + KK (VOM) တာချီလိတ်မြို့မှာ မိန်းကလေးတဦးကို ကျဥ်စက်နဲ့ ထောက်ပြီး ပြန်ပေးဆွဲလာတဲ့ အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံမှာ မနေ့ဇွန် ၁၃ ရက်နေ့ ညပိုင်းက အမျိုးသမီးတဦးကို ပြန်ပေးဆွဲလာတဲ့ ကားဟာ ယာဉ်စစ်လှည့်ကင်းနဲ့တိုးရာကနေ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ကောင်မလေးရဲ့ iphoe ကိုလုပြီး ပါးစပ်ကို လက်နဲ့ပိတ်ပြီး ကောင်မလေးကို ပုဆိုးနဲ့မျက်နှာကို အုပ်ပြီးခေါ်လာတာ၊ ယာဥ်စစ်အဖွဲ့နဲ့တွေ့တော့ မသင်္ကာတာနဲ့ခေါ်စစ်လိုက်တာ မိတာပဲ”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိသူတွေက အားရှဲန် အသက် ၂၂ နှစ် ၊ နေ အောင်နိုင် အသက် ၁၈ နှစ် ၊အားလုံ(ခ)ရန်ဇူချင်အသက် ၂၂ နှစ်နဲ့ ရွှီထိုက်ချိုင်း အသက် ၂၀ နှစ်တို့ဖြစ်ပြီး…

Read More

မြေပုံမြို့နယ်မှာ မျှစ်သွားချိုးတဲ့ စစ်ဘေးရှောင် ၁ ဦး မိုင်းနင်းမိပြီးသေဆုံး

ဇွန် ၁၄- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ဒီကနေ့ ဇွန်လ ၁၄ရက် မနက်၁၀ နာရီခန့်က မျှစ်သွားချိုးတဲ့ စစ်ဘေးရှောင်အမျိုးသား(၂)ဦး မိုင်းနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး တဦးသေဆုံးကာ တဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ သေဆုံးဒဏ်ရာရရှိတဲ့ စစ်ဘေးရှောင်တွေဟာ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းကဖြစ်ပြီး စားရေးသောက်ရေးမပြေလည်တာကြောင့် စညှင်းချောင်းအထက်ပိုင်းရှိ တောင်တွေပေါ်မှာ မျှစ်သွားချိုးစဉ် မိုင်းနင်းမိတာဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း အရေးပေါ်လူနာတွေကို ကူညီပို့ဆောင်ပေးနေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌကိုမင်းထည်ဝါက “ ကျနော်တို့ ဒီက လူနာတင်ယာဉ်တွေနဲ့ သွားယူတာ မင်းပြားကိုရောက်တာနဲ့ တစ်ယောက်ဆုံးသွားပြီလို့ သိလိုက်ရတယ်။ ဒါကြောင့် ပြန်လှည့်လာရတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာသိပ်မပြင်းထန်ဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ သေဆုံးသွားသူဟာ အသက် (၃၅)နှစ်အရွယ် ဦးမောင်သန်းတင် ဆိုသူဖြစ်ပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရရာရရှိကာ စစ်တွေဆေးရုံသို့ ပို့ဆောင်ဖို့ပြင်ဆင်နေစဉ် မိုင်းပေါက်ကွဲတဲ့နေရာမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူဟာ…

Read More

ဆီဗီရိုဒွန်နက်စ်မြို့က တံတားအားလုံးကို ရုရှားတပ်တွေ ဖောက်ခွဲဖျက်ဆီး၊ မြို့ခံယူကရိန်းပြည်သူတွေ ထွက်ပေါက်ပိတ်နေ

ကိယက်ဗ်၊ ဇွန်-၁၄-၂၀၂၂ မျိုးဆက်(VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံ ဆီဗီရိုဒွန်နက်စ်မြို့ကို ဆက်သွယ်ထားတဲ့ တံတားတွေအားလုံးကို ရုရှားတပ်တွေက ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ယူကရိန်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Haidaiက ပြောပါတယ်။ အဲဒီလို တံတားတွေကို ဖျက်ဆီးပြီး မြို့ကိုထိထိရောက်ရောက် ဖြတ်တောက်မှုတွေပြုလုပ်လိုက်တာကြောင့် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့တာနဲ့ အရပ်သားတွေကို ကယ်တယ်ဖို့ မဖြစ်နိုင်တော့ကြောင်း သူကပြောပါတယ်။ ဆီဗီရိုဒွန်နက်စ်မြို့ကို သိမ်းပိုက်ဖို့ဟာ သီတင်းပတ်များစွာအတွင်း ရုရှားအတွက် အဓိက စစ်ရေးရည်မှန်းချက်လည်းဖြစ်ပါတယ်။ ဆီဗီရိုဒွန်နက်စ်မြို့နဲ့ အနီးမှာရှိတဲ့ လီဆီချန်နက်စ်မြို့ကို သိမ်းပိုက်နိုင်ရင် ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေရှိရာ လူဟန့်စ်ဒေသတခုလုံးကို ရုရှားက ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဆီဗီရိုဒွန်နက်စ်မြို့ကို ဆက်သွယ်ထားတဲ့ အဓိကတံတားသုံးစင်းစလုံး ပျက်စီးသွားပြီး မြို့ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရုရှားတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး မြို့မှာကျန်ရှိနေသူတွေဟာ အလွန်ခက်ခဲတဲ့အခြေအနေမှာ အသက်ရှင်နေရတယ်လို့ အုပ်ချုပ်ရေးမှူး Serhiy Haidaiက ပြောပါတယ်။ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့လက်နက်တွေဟာ တတ်နိုင်သလောက်…

Read More

ဒေလီမှာ နေထိုင်သူတွေ လေထုညစ်ညမ်းမှုကြောင့် (၁၀) နှစ်နီးပါး အသက်တိုဖွယ်ရှိ

၀ါရှင်တန်၊ ဇွန်-၁၄-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအဆိုးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ နေထိုင်သူတွေအနေနဲ့ ၁၀ နှစ်နီးပါး အသက်တိုစေနိုင်ကြောင်း အမေရိကန်သုတေသနအဖွဲ့တဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာနေထိုင်သူ သန်း ၅၁၀ သို့မဟုတ် အိန္ဒိယလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဟာ လက်ရှိလေထုညစ်ညမ်းမှုပမာဏအရ အသက် ၇ ဒသမ ၆ နှစ်တိုတောင်းဖို့ လမ်းကြောင်းပေါ်ရောက်နေတယ်လို့ ချီကာဂိုတက္ကသိုလ် စွမ်းအင်မူဝါဒအင်စတီကျုရဲ့ လေထုအရေအသွေးနဲ့ အသက်ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။ လေ့လာမှုအရ အိန္ဒိယနိုင်ငံသားတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ လက်ရှိလေထုအရေအသွေးအဆင့်မှာ အသက်ငါးနှစ် တိုတောင်းနေတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံသား ၁ ဒသမ ၃ ဘီလီယံကျော်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ လေထုအဆင့်ကို ကျော်လွန်ပြီး အမှုန်အမွှားတွေပါ၀င်တဲ့ လေထုတွေရှိရာနေရာမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း လူသန်းချီပြီး သေဆုံးနေပါတယ်။ ဆောင်းရာသီမှာ…

Read More

ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုတွေ ကြီးထွားလာတော့မယ်လို့ သတိပေး

စတော့ဟုမ်း၊ ဇွန်-၁၄-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ စစ်အေးကာလနောက်ပိုင်း နျူကလီးယားလက်နက်တွေ အသုံးပြုလာနိုင်တဲ့့ အမြင့်ဆုံးအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ဆွီဒင်သုတေသနအဖွဲ့တဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် နျူကလီးယာလက်နက်ပိုင်ဆိုင်မှုတွေဟာလည်း လာမယ့်ဆယ်စုနှစ်အတွင်း ပိုမိုကြီးထွားလာလိမ့်မယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာနက ဇွန် ၁၃ ရက်မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ပေါ်မှာ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီလထိ ၁၂၇၀၅ ခုရှိမယ်လို့ အဲဒီအဖွဲ့က ခန့်မှန်းထားပြီး ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၇၅ ခုနည်းပါးနေပါတယ်။ နျူကလီးယားထိပ်ဖူးတွေ ပိုင်ဆိုင်မှုရဲ့ ၉၀ ရာခိုင်နှုန်းဟာ အမေရိကန်နဲ့ ရုရှားတို့ဖြစ်ပြီး ရုရှားမှာ ၅၉၇၇ ခုရှိတယ်လို့ ခန့်မှန်းထားပြီး ယမန်နှစ်ကထက် ၂၇၈ ခုလျော့နည်းသွားတယ်လို့ဆိုပါတယ်။ အမေရိကန်မှာတော့ နျူကလီးယားထိပ်ဖူး ၅၄၂၈ ခုရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၁၂၂ ခုနည်းပါးနေပါတယ်။ ဒါပေမယ့် အရေအတွက်လျော့နည်းမှုဟာ စစ်ဘက်မှာ အသုံးမပြုတော့တာတွေကို…

Read More

ပဲခူးမှာ မိုးရွာနေချိန် လယ်ထွန်တဲ့ တောင်သူ ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဇွန် ၊ ၁၄-၂၀၂၂ SP (VOM) ပဲခူးတိုင်း ၊ ပဲခူးမြို့နယ် ၊ တောင်သူစုကျေးရွာက လယ်ကွင်းထဲမှာ မနေ့ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ဝန်းကျင်အချိန်က မိုးရွာနေတုန်း လယ်ထွန်တဲ့ တောင်သူတဦး မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းဆီက သိရပါတယ်။ ” မိုးကြိုးထိမှန် သေဆုံးသူက တောင်သူစုရွာက ဦးချစ်ကိုကို အသက် ၄၂ နှစ်ဝန်းကျင်အရွယ်ဖြစ်တယ် ၊ မိုးရွာထဲ လယ်ထွန်းရင်းဖြစ်တာပါ “လို့ ကလျာဏမိတ္တ အခမဲ့စုပေါင်းလူမှုကူညီရေးအသင်းဝင် တယောက်က ပြောပါတယ်။ အဲ့ဒီ သေဆုံးသူ ရုပ်အလောင်းကို ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံးကြီးဆီ ပို့ဆောင်စစ်ဆေးပြီး ရဲတပ်ဖွဲ့က သေမှုသေခင်း ဖွင့်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်း…

Read More
VOM News

FREE
VIEW