ဇူလိုင် ၂-၂၀၂၂
VOM (GG)ယ
ပြီးခဲ့တဲ့ ဇွန်လအတွင်း နစက ဆီ အလင်းဝင်လာတဲ့ PDF ၂၀၅ ဦးရှိထားတယ်လို့ နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
တိုင်းဒေသကြီး ၆ ခုနဲ့ ပြည်နယ်၄ ခုက ဇွန်လ ၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဥပဒေဘောင်းအတွင်း ပြန်လည်ဝင်ရောက်လာတဲ့ PDF စာရင်း ဖြစ်တယ်လို့ ဇူလိုင်လ ၁ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နစက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
” ဥပဒေဘောင်ထဲ ပြန်လည် ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား ၁၅၆ ဦး နဲ့ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၂၀၅ ဦး ဖြစ်ပါတယ် ၊လမ်းမှားရောက်နေတဲ့ လူငယ်လူရွယ်တွေကို ပြန်လည်ဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာ ဆက်သွယ်ဆောင်ရွက်သွားကြဖို့ စေတနာနဲ့ တိုက်တွန်းလိုပါတယ် ။” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
နစကထံအလင်းဝင်လာတဲ့ PDF စာရင်းထဲမှာ
ဧရာဝတီတိုင်းက ၁၁၉ ဦးနဲ့ အများဆုံးဖြစ်နေပြီး မန္တလေးတိုင်းက ၄၁ ဦး၊စစ်ကိုင်းတိုင်းက ၁၈ ဦး၊ မကွေးတိုင်းက ၁၂ ဦး ၊ပဲခူးတိုင်းက ၉ ဦး ၊ရန်ကုန် တိုင်းက ၈ ဦး၊ ကယားပြည်နယ်က ၃ ဦး ၊ကရင်၊ ရှမ်းပြည်နယ် နဲ့ မွန်ပြည်တို့က ၁ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ PDF တွေဟာ ပြစ်မှုကျူးလွန်ခြင်းမရှိသေးတဲ့ pdf သင်တန်းဆင်းတွေဖြစ်ကြောင်းနဲ့ အလင်းဝင်လာသူတွေကိုသက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတွေက ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီိး မိဘတွေဆီ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။
တချို့PDF အဖွဲ့အစည်းတွေကတော့ အခုအလင်း၀င်နေတယ်ဆိုသူတွေဟာ သူတို့ရဲ့လူတွေမဟုတ်ကြောင်း ထုတ်ပြန်ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။
#voiceofmyanmar #VOM #PDFအလင်း၀င်