စလင်းမြို့နယ်မှာ ဝါးတွေသယ်လာတဲ့ကားမှောက်ပြီး ၈ ယောက်သေ ၁၀ ယောက် ဒဏ်ရာရ

ဇူလိုင် ၃-၂၀၂၂
VOM (GG)

စလင်းမြို့နယ်အနောက်ဘက်မှာ ဝါးခုတ်ပြီးပြန်လာတဲ့ ဝါးခုတ်သမားတွေနဲ့ဝါးတွေသယ်လာတဲ့ကားတစီး တိမ်းမှောက်ပြီး လူ ၈ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ စလင်းကြက်ခြေနီ အဖွဲ့ကသိရပါတယ်။

မနေ့ ဇူလိုင်လ ၂ ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး နွားကို ရှောင်ရာကနေ လမ်းဘေး လျှိူထဲကို ကားမှောက်ခဲ့တာဖြစ်ကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ ၃ ဦးကလည်း စိုးရိမ်ရတယ်လို့သိရပါတယ်။

” ဖြစ်တာက စလင်းမြို့နယ်ဂိတ်ဆုံးနီးပါး မိုင်တိုင်ပေါ့ အဲ့ဒီလောက်မှာ၊ ပုသိမ်-မုံရွာလမ်းပေါ်ပေါ့ အတော်တော့ဝေးတယ်။ဒဏ်ရာရသူ၁၀ ယောက်ရှိတယ်။ပြင်းထန် ၃ ယောက်ရှိတယ်။ဝါးခုတ်ပြန်တာပေါ့။အဲ့ဒီမှာ နွားကိုရှောင်ရင်း ကားကလမ်းဘေးချလိုက်တော့ ဘေးကိုအိစင်းသွားတဲ့သဘောပေါ့။မနေ့ကဖြစ်တာပါ။ဆေးရုံရောက်လာတာကတော့ည၇ နာရီလောက်မှာပါ ” လို့ စလင်းမြို့နယ်ကြက်ခြေနီ အဖွဲ့က တာဝန်ရှိသူတဦးကပြောပါတယ်။

ဒဏ်ရာရသူ ၃ ယောက်မှာ ခြေထောက်ကျိုးတဲ့သူက တယောက်၊ရင်ခေါင်းကိုထိခိုက်သူက တယောက်၊ဖနာင့်ရိုးကျိုးတဲ့သူက တယောက်ဖြစ်ပြီး ဒဏ်ရာရသူ တွေကို စလင်းမြို့နယ်ပြည်သူ့ဆေးရုံမှာကုသမှုပေးနေတယ်လို့သိရပါတယ်။

သေဆုံးသူ ၈ ဦးကတော့ စလင်းမြို့နယ်၊ ရွှေတွင်းတူးရွာသားတွေဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသား တွေဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #စလင်း #၀ါးကားမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW