တမူးမြို့က ခရိုင် က.ည.န ရုံး မီးရှို့ခံရ

ဇူလိုင် ၊ ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့ ၊ စော်ဘွားကြီး ၅ ရပ်ကွက် ၊ အာရှလမ်းမှာရှိတဲ့ တမူးခရိုင် ကညန ရုံးကို မနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းက မီးရှို့ခံရတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။

“မနေ့က ညနေပိုင်း ၅ နာရီ ဝန်းကျင်မှာ မီးရှို့ခံရတာပါ ၊ ရုံးအတွင်းပိုင်းက စလောင်တာဆိုတော့ ရုံးသုံးပစ္စည်းတွေ လောင်ကုန်တာဖြစ်မယ်”လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီမီးလောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေးအဖွဲ့ဝင်တဦးက ” ရုံးပေါက်တွေကို ဖျက်စီးဝင်ရောက်ပြီး ၊ ရုံးထဲက ပရိဘောဂ အသုံးအဆောင်နဲ့ စာရွက် စာတမ်းတွေကို မီးရှို့ဖျက်စီးသွားတာ ဖြစ်တယ်”လို့ ပြောပါတယ်။

တမူးခရိုင် မီးသတ်ဦးစီးဌာနကတော့ မီးလောင်တာနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု ကာလခန့်မှန်းတန်ဖိုးကို စီစစ်တွက်ချက်နေတုန်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့နှစ်ကစလို့ ရဲကင်းစခန်းတွေ ၊ စာသင်ကျောင်းတွေ ၊ ဆေးရုံတွေ ၊ အပြင် အခြား ဌာနဆိုင်ရာ ရုံးအဆောက်အဦးတချို့ မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပေမယ့် ကညနရုံး မီးရှို့ခံရတဲ့ ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း တမူးမြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦး မီးရှို့ခံရတာ ဖြစ်ခဲ့သလို ဆားလင်းကြီးမြို့နယ်က မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံး မီးရှို့ခံရတာလည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #တမူး #ကညနရုံး #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW