ကိယက်ဗ်၊ ဇူလိုင်-၇-၂၀၂၂
မျိုးဆက်(VOM)
ယူကရိန်းကို ရုရှားကျူးကျော်ချိန်မှစပြီး ကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံထားရတဲ့ စစ်ရာဇ၀တ်မှု ၂၁၀၀၀ ကျော်ကို ယူကရိန်းဘက်က စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။
တနေ့ကို ရုရှားတပ်ဖွဲ့၀င်တွေက ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက် ၂၀၀ ကနေ ၃၀၀ ကြားရှိကြောင်း ယူကရိန်းရှေ့နေချုပ် Iryna Venediktova ကပြောပါတယ်။
လက်ရှိမှာတော့ တရားစီရင်မှုတွေကိုတော့ မျက်ကွယ်မှာပြုလုပ်ရမှာဖြစ်ကြောင်း သူကပြောပါတယ်။
ရုရှားကတော့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ပြီးကတည်းက စစ်ရာဇ၀တ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
မေလအတွင်းမှာတော့ စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ ၆၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားစွဲဆိုမှု ၈၀ ကျော်ကို စတင်နေပြီလို့ ယူကရိန်းရှေ့နေချုပ် Iryna Venediktova ကပြောပါတယ်။
စစ်ရာဇ၀တ်မှုနဲ့ပတ်သက်ပြီး ယူကရိန်းမှာ ပထမဆုံးရုံးတင်စစ်ဆေးခံရတဲ့ ရုရှားစစ်သား Vadim Shishimarin ကိုတော့ အရပ်သားတဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ချလိုက်ပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ယူကရိန်းမြုိ့ကြီးအချို့မှာ အစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့ သင်္ချိုင်းအများအပြားတွေ့ရှိထားပြီး စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့ခြင်းရှိမရှိ စစ်ဆေးရာမှာ ကူညီဖို့ အိုင်စီစီက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ထားပါတယ်။
Ref: BBC
Photo:Reuter
#voiceofmyanmar #VOM #ကိယက်ဗ်