တမူး-မိုးရေး နယ်စပ်အဝင်အထွက် ပိတ်ဆို့မှုကြောင့် ကူးသန်းရောင်းဝယ်ရေးသမားတွေအခက်တွေ့

ဇူလိုင် ၉-၂၀၂၂
Voice Of Myanmar

ပြီးခဲ့တဲ့ ဇူလိုက်လ (၅) ရက်နေ့က အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား (၂) ဦးအသတ်ခံရမှုဖြစ်ပေါ်ခဲ့တာကြောင့် တမူး-မိုးရေး နှစ်နိုင်ငံနယ်စပ်ကူးသန်းရောင်းဝယ်ရေးဂိတ်တွေကို ရက်အကန့်အသတ်မရှိပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် တမူးမြို့ကနေ မိုးရေမြို့တဖက်ကမ်းကိုသွားရောက်ဈေးရောင်းချနေရတဲ့ ကုန်စိမ်းဈေးသည်တွေ အခက်ကြုံနေကြရပါတယ်။

အဲ့ဒီဈေးသည်တွေဟာ အရောင်းအဝယ်ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးကို ငွေတိုးချေးပြီး လုပ်ကိုင်နေရတာဖြစ်တယ်လို့ သံပရာသီးရောင်းချတဲ့ ဈေးသည်တဦးကပြောပါတယ်။

လက်ရှိမှာ ဈေးမရောင်းရတဲ့အပြင် ကုန်ပစ္စည်းကရေရှည်အထားခံတဲ့ပစ္စည်းမဟုတ်တာကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေလည်းရှိတယ်လို့ ပြောပါတယ်။

အခုလိုအခက်အခဲမျိုးကို ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် ပန်းရောင်းပြီးစားဝတ်နေရေးကိုဖြေရှင်းနေရတဲ့ အသက် ၇၀ ကျော်အရွယ်အဖွားတဦးလည်းကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နယ်စပ်ကူးသန်းရောင်းဝယ်ရေးသမားတွေကို အမှီပြုပြီးလုပ်ကိုင်စားသောက်နေရတဲ့တမူးမြို့က သုံးဘီး တက္ကစီသမားတွေလည်း အခက်အခဲကြုံတွေ့နေကြရပါတယ်။

တမူးမြို့ဟာလူဦးရေ (၁) သိန်းကျော်ရှိပြီး အရင်ကနယ်စပ်ကူးသန်းရောင်းရေးသမားတွေနဲ့ သာယာစည်ကားနေပြီး လက်ရှိအချိန်မှာတော့ လူသွားလူလာနည်းပါးကာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့လည်း တမူဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ဒါကြောင့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးကို အဓိကအားထားလုပ်ကိုင်နေရသူတွေအနေနဲ့ နယ်စပ်အဝင်အထွက်ဂိတ်တွေ ရေရှည်ပိတ်ထားမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

အလားတူ အိန္ဒိယတဖက်ကမ်း မိုးရေးမြို့မှာလည်း အိန္ဒိယနိုင်ငံသား(၂) ဦးအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြမှုတွေလည်းရှိနေပြီး အိန္ဒိယနိုင်ငံ အထူးကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ လုံခြုံရေးတိုးမြင့်ချထားမှုတွေလည်းရှိနေတာကြောင့် သွားရေးလာရေးကျပ်တည်းမှုတွေလည်းရှိနေတယ်လို့ မိုးရေးမြို့မှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #တမူး #မိုးရေး #နယ်စပ်ဂိတ်၀င်ထွက်ပိတ် #ရောင်း၀ယ်ရေးသမားတွေ #အခက်တွေ့

YouTube Link – https://youtu.be/8KftuZhZw2o

Related posts

Leave a Comment

VOM News

FREE
VIEW