ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ လက်နက်ကြီးနဲ့ ပစ်ခံရလို့ ဆီဘောက်ဆာကား ၁ စီး မီးလောင်

ဇူလိုင် ၁၀ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးကျေးရွာနားက ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ ဒီမနက်အစောပိုင်းက ဓာတ်ဆီတွေသယ်လာတဲ့ ဆီဘောက်ဆာကား ၁ စီး လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲပြီး ကားမီးလောင်သွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” လက်နက်ကြီး ကျရောက် ထိမှန်ပေါက်ကွဲဲပြီး မီးလောင်သွားတဲ့ ဆီဘောက်ဆာကားက Asia Energy ကုမ္မဏီကားဖြစ်တယ် ၊ 92 ဓာတ်ဆီတွေသယ်လာတာဖြစ်ပြီး မြစ်ကြီးနားကို ပို့မှာဖြစ်တယ် ” လို့ နတ်မဟုတ်ကြီး ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဆီဘောက်ဆာကား မီးလောင်တဲ့ ဖြစ်စဥ်ကြောင့် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း ယာယီပိတ်ထားပြီး အခု နေ့လယ်ပိုင်းမှာ ပြန်ပွင့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

” လက်နက်ကြီး ကျည် ပထမ ၁ လုံး ကားကိုထိမှန်တော့ ပေါက်ကွဲ မီးလောင်တာ မဖြစ်သေးဘူး ၊ ကားက အလျားရှည်တော့ တောင်ပေါ်မှာ နောက်ပြန်ကွေ့ပြေးဖို့ မလွယ်ဘူး ၊ ရပ်ထားတဲ့အချိန်မှာ နောက်ထပ် လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲပြီး မီးလောင်တာ “လို့ ကားသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ဒီမနက်ပိုင်းက အဲ့ဒီ ပတ်ဝန်းကျင်မှာ ထိတွေ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲဲ့ပြီး ဆီဘောက်ဆာကား ထိမှန်တဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ VOM အနေနဲ့အတည်မပြုနိုင်ပါဘူး။

#voiceofmyanmar #VOM #အင်းတော် #​ဆီဘောက်ဆာကား #လက်နက်ကြီးမှန် #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW