မြန်မာ့အရေး လုံလောက်တဲ့ဖိအားမပေးနိုင်တဲ့ အာဆီယံနိုင်ငံတွေကို အမေရိကန်ဝေဖန်

ဘန်ကောက်၊ ဇူလိုင်-၁၁-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ လုံလောက်တဲ့ဖိအားမပေးနိုင်တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ၁၈ လကြာချိန်ထိ မြန်မာနိုင်ငံမှာ ဖိနှိပ်ချုပ်ချယ်မှုတွေရှိနေတာဟာ ကံဆိုးကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒါကိုအဆုံးသတ်ဖို့ ဖိအားတွေမပေးနိုင်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ဘလင်ကင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို ကျတော်တို့မတွေ့ရပါဘူး။ ဒါ့ကြောင့် ဆန့်ကျင်ဘက်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ဆက်လက်မြင်တွေ့နေရတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသာတွေကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အာဆီယံနိုင်ငံတွေက ဆက်လက်တောင်းဆိုဖို့ လိုအပ်ကြောင်း ဘလင်ကင်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ အင်ဒိုနီးရှားမှာကျင်းပတဲ့ ဂျီ-၂၀ အစည်းအဝေးကို တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ဂျပန်နိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

Ref:Asahi Shimbun
Photo: AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW