ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ်ကို တွစ်တာက တရားစွဲပြီ

ဝါရှင်တန်၊ ဇူလိုင်-၁၃-၂၀၂၂
မျိုးဆက်(VOM)

တွစ်တာကို ၀ယ်ယူမယ့် အစီအစဉ်ကိုရုပ်သိမ်းလိုက်တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ်ကို တွစ်တာက ဇူလိုင် ၁၂ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။

အီလွန်မာ့ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ လွှဲပြောင်း၀ယ်ယူဖို့ကိစ္စကို ရုပ်သိမ်းကြောင်း ဇူလိုင် ၈ ရက်မှာ ကြေညာပြီးနောက် တွစ်တာဘက်ကနေ အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

တွစ်တာဟာ သူ့ရဲ့ဆိုရှယ်ပလက်ဖောင်းရှိ အကောင့်တုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပေးအပ်ခြင်းမရှိကြောင်း အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

အီလွန်မာ့ခ်အနေနဲ့ တွစ်တာရှယ်ယာတစုကို ဒေါ်လာ ၅၄ ဒသမ ၂၀ နဲ့ သဘောတူညီထားတဲ့ အတိုင်း ကုမ္ပဏီပေါင်းစည်းမှုကို အဆုံးသတ်ပေးရေးအတွက် တရားရုံးကအမိန့်ချပေးဖို့ တွစ်တာက ဒယ်လာဝဲတရားရုံးကို လျှောက်ထားခဲ့ပါတယ်။

တရားစွဲဆိုမှုမှာတော့ အီလွန်မာ့ခ်ဟာ တွစ်တာနဲ့ လုပ်ငန်းအပေါ် အနှောက်အယှက်ဖြစ်စေဖို့ ပေါင်းစည်းရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း တွစ်တာက စွပ်စွဲထားပါတယ်။

တရားစွဲဆိုမှုဟာ စာချုပ်ပါ၀တ္တရားများအတိုင်း အီလွန်မာ့ခ်ကို တာ၀န်ခံဖို့ဖြစ်ကြောင်း တွစ်တာဥက္ကဌ ဘရက်တေလာက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW