သီရိလင်္ကာသမ္မတ ထွက်ပြေးပြီးနောက် ၀န်ကြီးချုပ်က ယာယီသမ္မတာ၀န်ယူပြီး နိုင်ငံအရေးပေါ် အခြေအနေကြေညာ

ကိုလံဘို၊ ဇူလိုင်-၁၃-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ နိုင်ငံတွင်းကနေ ထွက်ပြေးသွားပြီးနောက် ၀န်ကြီးချုပ်ဖြစ်သူ ရာနေးလ်၀စ်ခရီမီဆင်းက ယာယီသမ္မတအဖြစ် တာ၀န်ယူလိုက်ပြီး နိုင်ငံအရေးပေါ်အခြေအနေကို ဇူလိုင် ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။

ယာယီသမ္မတအဖြစ်တာ၀န်ယူလိုက်တဲ့ ၀န်ကြီးချုပ်က တနိုင်ငံလုံးကို အရေးပေါ်အခြေအနေကြေညာလိုက်ပြီး နိုင်ငံအနောက်ပိုင်းပြည်နယ်တွေမှာတော့ ညမထွက်ရအမ်ိန့်ထုတ်ပြန်ထားကာ ဒါက ချက်ချင်းသက်၀င်မှာဖြစ်တယ်လို့ ရာနေးလ်၀စ်ခရီမီဆင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သမ္မတဖြစ်သူ ဂိုတာဘာယာရာဂျာပက်ဆာဟာ ရာထူးကနေ ဇူလိုင် ၁၃ ရက်မှာဆင်းပေးမယ်လို့ ကတိပြုခဲ့ပေမယ့် အဲဒီနေ့မတိုင်မီမှာ စစ်ရဟတ်ယာဉ်နဲ့ မော်လ်ဒိုက်ကို ထွက်ပြေးခဲ့ပါတယ်။

ဒီလိုသမ္မတထွက်ပြေးပြီးနောက်မှာတော့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြမှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး လောင်စာဆီ၊ ဆေးဝါး ၊ စားသောက်ကုန်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းဖို့ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW