ဝက်လက်မြို့နယ်က ပညာရေးဝန်ထမ်း ၃ ဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦး အလုပ်ထွက်

ဇူလိုင် ၊ ၁၄-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပညာရေးဝန်ထမ်းတချို့ဟာ ဒီရက်ပိုင်းအတွင်း အလုပ်ကနေ နူတ်ထွက်သွားတာရှိတယ်လို့ ဝက်လက်မြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ရပ်ကျေး အုပ်ချုပ်ရေးမှူးက ၂ ယောက် ၊ ပညာရေး ဝန်ထမ်းက ၃ ယောက် နဲ့ မြေစာရင်းက ၁ ယောက်ဖြစ်တယ် “လို့ ဝက်လက် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ပညာရေး အသိုင်းအဝိုင်းက ” ဆင်နင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆရာမ ဒေါ်မြနှင်းဝါ ၊ ညောင်ကန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၊ ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာဝင်း ၊ ဖိုးဝင်းတပ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆရာ ဦးညွှန့်သိန်းဦးတို့ အလုပ်ထွက်သွားတာ ” လို့ ပြောပါတယ်။

မြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက ” ထားလိုင်ကျေးရွာ ၊ ရွာသစ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနဲ့ ကန်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်း တို့ အလုပ်ထွက်တယ်လို့ ကြားရတယ် “လို့ ပြောပါတယ်။

” လုံခြုံရေး လက်လှမ်းမမီတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်းတွေအဖို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေ ရှိတယ် ၊ ၁ နှစ်ကျော် ရပ်တည် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ ၊ ရှေ့ဆက်ဖို့ အဆင်မပြေလို့ ထွက်တာ ဖြစ်နိုင်တယ် ” လို့ ဝက်လက်မြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပညာရေးဝန်ထမ်းတွေနဲ့အတူ မြို့နယ်မြေစာရင်းရုံးက ဒုစာရင်းစစ်မှူး ဒေါ်သက်မွန်နိုင် ဆိုသူလည်း အလုပ်ထွက်တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဝက်လက်

Related posts

Leave a Comment

VOM News

FREE
VIEW