ကျိုက်လတ်မှာ နိုင်ငံရေးသံသယနဲ့ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၁ ဦးအထိရှိလာ

ကျိုက်လတ်၊ ဇူလိုင် ၁၆၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်၀ါရီ၁ရက်နောက်ပိုင်း နိုင်ငံရေးသံသယနဲ့ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၁ ယောက်အထိရှိလာပြီလို့ အမိန့်ချမှတ်ခံရတဲ့မိသားစုတွေဆီကနေသိရပါတယ်။

ကျိုက်လတ်မြို့နယ်မှာ မနေ့ ဇူလိုင် ၁၅ ရက်အထိကျောင်းဆရာမ ၂ ယောက်အပါအဝင် လူ ၁၁ ယောက်အထိ ထောင်ဒဏ်အမိန့်ချမှတ်ခံထားရပြီ ၅ဝ၅-ကနဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရသူ ၃ ယောက်၊ ဆရာမ ၂ ယောက်အပါအ၀င် ၈ ယောက်ကို အကြမ်းဖက်မှု ဥပဒေ၅၂(ခ)နဲ့ ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

”ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ အရပ်သားတွေနဲ့ ဆရာမတွေအားလုံးကို ဆန္ဒပြတယ်၊ နိုင်ငံလုပ်တယ်ဆိုပြီး သံသယနဲ့ဖမ်း ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်ထားတာ၊ကျောင်းဆရာမ ၂ ယောက်ဖြစ်တဲ့ဒေါ်မြင့်မြင့်ရီနဲ့ ဒေါ်မြင့်မြင့်စီတို့ ၂ ယောက်အပါဝင် ၁၁ ယောက်အထိ ထောင်ဒဏ်တွေချမှတ်ခံရတာပါ၊ဆရာမ ၂ ယောက်ကို အကြမ်ဖက်မှုဥပဒေနဲ့ထောင်ဒဏ် ၅ နှစ်ချမှတ်ထားတယ်၊ အကြမ်းဖက်တဲ့ ဥပဒေနဲ့ ဆရာမတွေကိုထောင်ဒဏ်တွေ ချမှတ်တာဟာ များလွန်းတယ်လို့ယူဆယ်။”လို့ ပညာရေး အသိုင်းအဝိုင်းမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။

အဲ့ဒီဆရာမတွေအပါအဝင် ဒေသခံတွေထောင်ဒဏ် ချမှတ်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေတဦးက”ဒီလို အကြမ်းဖက်တဲ့ဥပဒေတွေနဲ့ ဆရာ၊ဆရာမတွေကို အမိန့်ချမှတ်တာဟာ တစ်ခါ လူတစ်ယောက်ပြောဖူးခဲ့သလို ကိုယ့်နိုင်ငံရေးကိုကြိုးဆွဲချသလိုပါပဲ၊ဒါဟာ မလုပ်သင့်တဲ့အလုပ်ပါ၊ ပြစ်ဒဏ်တွေက မဆီလျော်ပါဘူး အချိန်မိလျော့ပေးသင့်တယ်လို့ယူဆပါတယ်။”လို့ ပြောပါတယ်။

ထောင်ဒဏ်အမိန့်ချမှတ်ခံရသူ ၁၁ ယောက်ဟာ ၁နှစ်ခန့်ကြာ စစ်ဆေးပြီးမှ အမိန့်ချမှတ်ခံရသူတွေဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေမှာပါဝင်တယ်၊ CDM လုပ်တယ်ဆိုပြီးသံသယနဲ့ ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုသိမ်မြို့မှာလည်း Mytel တာဝါတိုင်မိုင်ခွဲခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသား ၃ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(စျ)နဲ့ ထောင်တွင်းတရားရုံးကထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သေးတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ်

Related posts

Leave a Comment

VOM News

FREE
VIEW