အိန္ဒိယမှာ မျောက်ကျောက်ရောဂါ စတင်တွေ့ရှိ ၊ ကမ္ဘာနိုင်ငံ ၆၀ မှာ ကူးစက်ခံရသူ ၉၀၀၀ ကျော်ရှိနေ

ဒေလီ၊ ဇူလိုင်-၁၆-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုတွေ့ရှိကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူအေအီးနိုင်ငံမှ ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီအမျိုးသားဟာ ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်သို့ ပြန်ရောက်ပြီးကတည်းက ဆေးရုံမှာ သီးခြားထားစောင့်ကြည့်ခဲ့ပြီး သူနဲ့အတူ လေယာဉ်ပေါ်ပါခရီးသည် ၁၁ ဦးကိုလည်း စောင့်ကြည့်ဖို့် ညွှန်ကြားထားပါတယ်။

ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ဒေသန္တရအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်နယ်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ထားကြောင်း အိန္ဒိယအစိုးရကပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာ အများစုဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရေပြားမှာ အနာဖြစ်ခြင်းတို့ဖြစ်ပါတယ်။

မကြာသေးမီကာလအတွင်း နိုင်ငံပေါင်း ၆၀ ၀န်းကျင်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၉၀၀၀ ကျော်ထိရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW