စပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်း ၊ မြန်မာ ယန်စီ ကုမ္မဏီ အလုပ်ဆိုက် ဓားပြတိုက်ခံရ

ဇူလိုင် ၊ ၁၇ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကျောက်မျက်ကျေးရွာနားက စံပယ်တောင် – ကြေးစင်တောင် ကြေးနီစီမံကိန်း မြန်မာ ယန်စီ ကုမ္မဏီ အလုပ်ဆိုက်ဟာ ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ကုမ္မဏီဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကျောက်မျက်ရွာနားက မြန်မာ ယန်စီ စက်သုံးဆီ သိုလ်လှောင်ရုံ ဆိုက်မှာ တိုက်ခံရတာ ” လို့ မြန်မာ ယန်စီ ကုမ္မဏီဝန်ထမ်း တယောက်က ပြောပါတယ်။

အဲ့ဒီ ကြေးစင်တောင် စီမံကိန်း မြန်မာ ယန်စီ ကုမ္မဏီ ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက

” စပယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်း မြန်မာယန်စီ ကုမ္ပဏီပိုင် လီတာ(၁)သန်းဆံ့ ဒီဇယ်သိုလှောင်ကန်ကို ၁၅ ရက်ည ၁၀ နာရီမှာ လက်နက်ကိုင်တွေ ဝင်ရောက်လာပြီး ဓားပြတိုက်သွားတာပါ ၊ ကုမ္ပဏီပိုင် Hytera၊ Icom ic 202D အမျိုးအစား အထိုင်စက်(ကောင်း) ၂ လုံး၊ Water Cooler ၁ လုံး၊ အရေးပေါ်မီးစက်မှ ၁၂ ဗို့ ဘက္ထရီအိုး ၂ လုံး၊ ဒီဇယ် ၅ ဂါလံဆံ့(ဒီဇယ်ပါ) ပုံး ၂ ပုံး၊ ပေ ၁၀၀ ခန့်ရှိ မီးသတ်ပိုက် ၂ ခွေ၊ မီးသတ်ခေါင်း ၁ ခု၊ မီးသတ်ဆေးဗူး ၂ ဗူး၊ ကုမ္ပဏီမှ ဝန်ထမ်း ၂ ဦးရဲ့ လက်ကိုင်ဖုန်း ၂ လုံးပါသွားတယ် ၊ ပစ္စည်းအားလုံးရဲ့ ကာလ ခန့်မှန်း တန်ဘိုးငွေ သိန်း ၂၀ ကျော်မယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဆားလင်းကြီးမြို့နယ်ထဲက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကုမ္မဏီဖြစ်တဲ့ မြန်မာ ဝမ်ပေါင် ကြေးနီစီမံကိန်း အလုပ်ဆိုက်ကို ပေးပို့ထားတဲ့ လျှပ်စစ်တာတိုင် ၁ ခုဟာ ပြီးခဲတဲ့ ဇွန်လက မိုင်းခွဲ ဖျက်စီးခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါတွေအပြင် ချင်းတွင်းမြစ်ကနေ စံပယ်တောင် ၊ ကြေးစင်တောင် မြန်မာ ယန်စီ ကြေးနီစီမံကိန်ဘက်ကို ပေးပို့တဲ့ ရေပိုက်လိုင်းတွေလည်း ပြီးခဲ့တဲ့နှစ်က မိုင်းခွဲတိုက်ခိုက်ခံရတာတွေ ဖြစ်ဖူးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စံပါယ်တောင် #ကြေးစင်တောင် #မြန်မာယန်စီ

Related posts

Leave a Comment

VOM News

FREE
VIEW