အပူလှိုင်းကြောင့် မြေထဲပင်လယ်ဒေသတလျှောက် တောမီးအကြီးအကျယ်လောင်၊ပေါ်တူဂီမှာ လူ ၂၃၈ ဦးသေဆုံး

မက်ဒရစ်၊ ဇူလိုင်-၁၇-၂၀၂၂
မျိုးဆက်(VOM

ဥရောပဒေသမှာ အပူလှိုင်းကြောင့် ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုတွေ ဖြစ်ပွားနေပြီး ထောင်ပေါင်းများစွာသော မီးသတ်သမားတွေက မီးငြှိမ်းသတ်လျှက်ရှိပါတယ်။

ပေါ်တူဂီမြောက်ပိုင်း စပိန်နယ်စပ်အနီးမှာ မီးသတ်လေယာဉ်တစင်းပျက်ကျမှုကြောင့် လေယာဉ်မှူး တဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အပူလှိုင်းကြောင့် လူ ၂၃၈ ဦးသေဆုံးခဲ့တယ်လို့ ပေါ်တူဂီအာဏာပိုင်တွေကပြောပါတယ်။

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာလည်း တောမီးအကြီးအကျယ်လောင်ကျွမ်းနေပြီးဒေသခံ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။

နိုင်ငံတောင်ပိုင်းဒေသတွေမှာ အပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ်ထိ တိုးလာမယ်လို့ ပြင်သစ်မိုးလေ၀သဌာနက ခန့်မှန်းထားပြီး ဇူလိုင် ၁၈ ရက်မှာ အပူချိန်စံချိန်သစ်တင်နိုင်တယ်လို့ သတိပေးထားပါတယ်။

စပိန်မှာတော့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်နဲ့ ပေါ်တူဂီမှာ ၄၇ ဒီဂရီစင်တီဂရိတ်ရှိနေပြီး အပူချိန်မြင့်မားမှုက တောမီးလောင်ကျွမ်းမှုကို မီးလောင်ရာလေပင့်ဖြစ်နေပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ အပူလှိုင်းတွေဟာ ပိုမိုပြင်းထန်ပြီး မကြာခဏဖြစ်ပေါ်နေသလို အချိန်လည်း ကြာမြင့်တတ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကာဗွန်ထုတ်လုပ်မှုကို သိသိသာသာလျှော့ချခြင်းမရှိဘူးဆိုရင် ကမ္ဘာ့အပူချိန်ဟာ ဆက်လက်မြင့်တက်နေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref: BBC
Photo:AFP

#voiceofmyanmar #VOM #မြေထဲပင်လယ် #တောမီးလောင် #ကမ္ဘာ့သတင်း #ပေါ်တူဂီ

Related posts

Leave a Comment

VOM News

FREE
VIEW