လှိုင်မြို့နယ်နဲ့ တွံတေးမြို့နယ်မှာ ပစ်ခတ်မှုဖြစ်၊ ဗိုလ်ကြီးတဦး အပါအဝင် (၃)ဦးသေဆုံး

ဇူလိုင် ၁၈-၂၀၂၂
KK(VOM)

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့တွံတေးမြို့နယ်တို့မှာ ဒီကနေ့မနက်ပိုင်း ပစ်ခတ်အချို့ဖြစ်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် လူ (၃)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်မြို့နယ်၊ အမှတ်၂ ရပ်ကွက်၊ ဘုရင့်နောင် ၉ လမ်းမှာ ဒီကနေ့ မနက်ကိုးနာရီကျော်က အိမ်စီးကားတစီးပေါ်က အမျိုးသားနဲ့အမျိုးသမီးတဦးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အဲ့ဒီ လင်မယားက ၄လမ်းမှာနေတာ၊ ဘုရင့်နောင်
စျေးသွားရင်း အပစ်ခံရတာ”လို့ သူကပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ ဗိုလ်ကြီးအောင်နိူင်ဖြိုးနဲ့မဂျူးဂျူးအောင် ဆိုသူတို့ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာတချက်နဲ့သေဆုံးခဲ့တာဖြစ််တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဗိုလ်ကြီးဆိုတာတော့ မှန်ပါတယ်၊ ဘယ်ကတပ်ကလဲဆိုတာ အတည်ပြုဖို့ပဲ ကြိုးစားနေတာ အခု ကုတင် ၁၀၀၀ကို ပို့ထားတယ်”လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ ကမ်းနားကူးတို့ဆိပ်မှာ သတင်းပေးဒလန်လို့သတ်မှတ်ခံထားရတဲ့ ဦးဇော်ထွန်းဆိုသူကို အမည်မသိသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။

မနေ့ကလည်း မြောက်ဥက္ကလာ၊ရွှေပြည်သာ၊တောင်ဒဂုံနဲ့ဒလမြို့နယ်တွေမှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် လူ(၂)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ဇူလိုင် ၁ ရက်ကနေ ၁၈ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် ၁၁ဦးသေဆုံးကာ ၊ ၁၇ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW