ရွှေသောင်ယံမှာ စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၄၆ ယောက် ဖမ်းမိ

ဇူလိုင် ၂၅-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံကမ်းခြေကို
စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၆ ယောက်ကို ရေတပ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေသောင်ယံမြို့ခံတွေဆီက သိရပါတယ်။

ရွှေသောင်ယံကမ်းခြေကိုဝင်ရောက်လာတဲ့ နိုင်ငံသား
အထောက်အထားမဲ့သူ ၄၆ ယောက်ကို ဇူလိုင်၂၃ ရက် ည ၁၂ နာရီကျော်လောက်မှာ ရွှေသောင်ယံမြို့အနောက်ဘက် ပင်လယ်ပြင်မှာ ရေတပ်သင်္ဘော၊ ရဲတပ်ဖွဲ့နဲ့ရေတပ်က လှည့်ကင်းလုပ်ဆောင်နေရင်းနဲ့ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“၂၃ ရက် ည ၁၂ နာရီကျော်လောက်က ဖမ်းမိတာလို့ သိရတယ်၊ရေတပ်သင်္ဘောကင်းလှည့်ရင်းဖမ်းလာတာတဲ့၊ ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၆ ယောက်ကို ရွှေသောင်ယံရဲစခန်းမှာ စစ်ဆေးနေတာလို့ သိရတယ်။”လို့ ရွှေသောင်ယံမြို့ခံတဦးကပြောပါတယ်။

”ဖမ်းမိတာဟုတ်ပါတယ် ၊လက်ရှိ ရွှေသောင်ယံရဲစခန်းမှာ ထားရှိပါတယ်၊ရေတပ် ၅၅၉ က ကင်းလှည့်ရင်းမိတာပါ၊ဥပဒေနနဲ့အညီ စစ်ဆေးနေတယ်၊ စက်လှေနဲ့လာတာပါ၊ ၄၆ ယောက်ပါ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၈ ယောက်မှာ အမျိုးသား ၂၂ ယောက်နဲ့ အမျိုးသမီး ၂၄ စုစုပေါင်း ၄၆ ယောက်ဖြစ်ပြီး ရွှေသောင်ယံမြို့မရဲစခန်းမှာ ထားရှိစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ကားနဲ့လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၅၁ ယောက်ကို ဖမ်းမိခဲ့သေး တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ရွှေသောင်ယံကမ်းခြေ #နိုင်ငံသားအထောက်အထားမဲ့သူ၄၆ယောက်ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW