အာဖရိကဒေသပြင်ပ စပိန်နဲ့ဘရာဇီးမှာ မျောက်ကျောက်ရောဂါကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွား

မဒရစ်၊ ဇူလိုင်-၃၀-၂၀၂၂
မျိုးဆက်(VOM)

အာဖရိကဒေသပြင်ပနိုင်ငံတွေဖြစ်တဲ့ စပိန်နှင့်ဘရာဇီးတို့မှာ မျောက်ကျောက်ရောဂါကြောင့် လူသေဆုံးမှုတွေ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးနိုင်ငံမှ အသက် ၄၁ နှစ်အရွယ်အမျိုးသားတဦးဟာ အာဖရိကဒေသပြင်ပမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးသူဖြစ်လာပါတယ်။ ဘရာဇီး နိုင်ငံမှာ လက်ရှိချိန်ထိ မျောက်ကျောက်ရောဂါကူးစက်မှု ၁၀၆၆ ဦးရှိနေပါတယ်။

ဒါ့အပြင် သံသယလူနာ ၅၁၃ ဦးရှိပြီး ကူးစက်မှု၏ ၉၈ ရာခိုင်နှုန်းကျော်ဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဖြစ်ကြောင်း ဘရာဇီးကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စပိန်နိုင်ငံမှာလည်း မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှုကို မကြာသေးမီက ကြေညာခဲ့ပြီး ဒါဟာ ဥရောပဒေသမှာ ပထမဆုံးဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ရောဂါကူးစက်ခံထားရသူ ၃၇၅၀ ဦးရှိပြီး သူတို့ထဲက ၁၂၀ ဦး သို့မဟုတ် ၃ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆေးရုံတင်ထားရကြောင်း စပိန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်မှာ ကြေညာခဲ့ပြီး လက်ရှိချိန်ထိ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်မှု ၂၁၁၄၈ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မဒရစ်

Related posts

Leave a Comment

VOM News

FREE
VIEW