ကာလုံခေါ်ပြီး နစက သက်တမ်း နောက်ထပ် ၆ လ ထပ်တိုးမယ်

နေပြည်တော် ၊ ဇူလိုင်၊ ၃၀၊ ၂၀၂၂
KT(VOM)

မကြာခင်ရက်ပိုင်းအတွင်းမှာ ကာလုံလို့ခေါ်တဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီကာလုံကနေ နစကကို နောက်ထပ် ၆ လ သက်တမ်းတိုးမယ့်အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပြတာက
” ထုံးစံပဲလေ ၁ နှစ်နဲ့ ၆ လ ပြည့်ပြီးဖြစ်တာကြောင့် နောက်ထပ် ကျနော်တို့ စည်းမျဥ်း စည်းကမ်းအတိုင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီခေါ်ရမှာပေါ့ ခေါ်ပြီး ကျနော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့က (သြဂုတ်)နောက်လ ၁ ရက်နေ့နဲ့ ၁ ရက်နေ့မတိုင်ခင် ခေါ်ဖြစ်သွားမှာပါ”လို့ VOM ကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ကာလုံမှာ ပါဝင်ရမယ့် အရေအတွက် ၁၁ ဦးရှိပေမယ့် တပ်မတော်အာဏာထိမ်းစဉ်က ပထမကာလုံအစည်းအဝေးမှာ ဒုသမ္မတ ဦးမြင့်ဆွေတက်ရောက်ခဲ့ပြီး နစကကို တာဝန်စပေးခဲ့ပါတယ်။

လက်ရှိအနေအထားမှာတော့ သမ္မတကြီးနေရာနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာပဲ လစ်လပ်မှာ ဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ကာလုံ #ဗိုလ်ချုပ်ဇော်မင်းထွန်း

Related posts

Leave a Comment

VOM News

FREE
VIEW