ရန်ကုန်မြို့တော်ခန်းမဂိတ် ဗုံးပေါက် ၊ ငါးဦးဒဏ်ရာရပြီး ဖမ်းဆီးခံရသူအချို့ရှိ

ရန်ကုန်၊ဇူလိုင် ၃၀၊၂၀၂၂
KK(VOM)

ရန်ကုန်၊ ကျောက်တံတားမြို့နယ် ၃၄ လမ်း ရန်ကုန်မြို့တော်ခန်းမအနောက်ဖက်မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရသူအချို့ရှိတယ်
လို့ ပတ်ဝန်းကျင်နေသူတွေဆီက သိရပါတယ်။

မြို့တော်ခန်းမ အနောက်ဖက်ဂိတ်မှာ ဒီကနေ့ မနက် ၁၁နာရီကျော်က ဗုံးနဲ့အပစ်ခံရကာ ဂိတ်တွင်လုံခြုံရေးစောင့်နေတဲ့ စစ်သားသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့တာဖြစ်တ
ယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဗုံးပေါက်ပြီးတော့ လူနာတင်ယာဥ်တွေရောက်လာတယ်သယ်သွားတာ ငါးဦးတွေ့တယ် လူအချို့လည်းဖမ်းထားတာတွေ့တယ်”လို့ သူက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး၊စည်ပင်ဝန်ထမ်းတဦးနဲ့လမ်းလျှောက်လာသူတဦးစုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​အုပ်ချုပ်ရေးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

“ငါးဦးဒဏ်ရာရတယ် သိပ်မစိုးရိမ်ရဘူး အခုဆေးရုံပို့ထားတယ် ဖမ်းဆီးရမိသူတွေရှိတယ် စစ်ဆေးနေတယ်”လို့ပြောပါတယ်။

လက်တလောမှာ ဆူးလေနဲ့ မဟာဗန္ဓုလပန်းခြံ တစ်ဝိုက်မှာ စစ်တပ်နဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မြို့တောမခန်းမပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW