ဟစ်တလာရဲ့နာရီကို ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ လေလံတင်ရောင်းချ

၀ါရှင်တန်၊ ဇူလိုင်-၃၀-၂၀၂၂
မျိုးဆက်(VOM)

နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ နာရီတလုံးကို ဇူလိုင် ၂၉ ရက်က အမေရိကန်မှာပြုလုပ်တဲ့ လေလံပွဲတခုမှာ ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

အမည်မဖော်လိုသူ လေလံဆွဲသူတဦးထံရောင်းခဲ့တဲ့ အဲဒီနာရီမှာ နာဇီအမှတ်သင်္ကေတနဲ့ ဟစ်တလာ၏ရဲ့ အမည်အတိုကောက် အေအိတ်ခ်ျဆိုတဲ့ စာလုံးလဲပါ၀င်ပါတယ်။

၁၉၃၃ ခုနှစ်မှာ ဂျာမနီ အဓိပတိဖြစ်လာတဲ့ ဟစ်တာလရဲ့မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ဖွယ်ရှိကြောင်း နာရီနဲ့ ပတ်သက်တဲ့ ထုတ်ကုန်ကတ်တလောက်မှာ ဖော်ပြထားတယ်လို့ လေလံပွဲတာ၀န်ရှိသူတွေကပြောပါတယ်။

မေရီလန်းမှာ ပြုလုပ်တဲ့လေလံပွဲမှာ အဲဒီနာရီကို လေလံတင်ရောင်းချခြင်းမပြုမီ လေလံတင်ရောင်းချမယ့်ကိစ္စကို ဂျူးခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ယခင်ကနာဇီအမှတ်တရပစ္စည်းတွေကို ရောင်းချခဲ့တဲ့ လေလံပွဲရဲ့ ရည်ရွယ်ချက်ဟာ သမိုင်းဆိုင်ရာပစ္စည်းတွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ကြောင်း လေလံပွဲတာ၀န်ရှိသူတွေကပြောပါတယ်။

အဒေါ့ဖ်ဟစ်တလာဟာ ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း နာဇီဂျာမနီကို ဦးဆောင်ခဲ့ပြီး လူ ၁၁ သန်းကျော်ကို စနစ်တကျသတ်ဖြတ်မှုအတွက် ကြိုးကိုင်ခဲ့သူဖြစ်ကာ သေဆုံးသူများထဲက ခြောက်သန်းဟာ ဂျူးတွေဖြစ်ပါတယ်။

Ref: BBC
Photo: ALEXANDER HISTORICAL AUCTIONS

#voiceofmyanmar #VOM #ဟစ်တလာရဲ့နာရီလေလံတင် #နာဇီ

Related posts

VOM News

FREE
VIEW