အင်းစိန်ထောင် နှင့် လှိုင်သာယာမှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့

ဇူလိုင် ၃၀၊၂၀၂၂
KK(VOM)

အင်စိန်အကျဥ်းထောင်နှင့်လှိုင်သာယာမြို့နယ် ၆ ရပ်ကွက်တို့မှာ မနေ့ ဇူလိုင် ၂၉ရက် ညပိုင်းက ဗုံးပေါက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မင်းစေတီဝင်ပေါက်အနီးကို ဆိုင်ကယ်စီးလားတဲ့အမည်မသိအမျိုးသားတွေက လက်ပစ်ဗုံးနဲ့လာရောက်ပစ်ခတ်ခဲ့လို့ ဗုံးပေါက်ကွဲမှု ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးနဲ့ပစ်တာ မီးကလာပျက်နေတော့ အော်ဟစ်ဆူညံသံတွေကြားရတယ်၊ အုံးဆိုပြီး နှစ်ခါတောင် ထပေါက်တယ်၊ စစ်တပ်တွေရော ရောက်လာတယ်”လို့ ပြောပါတယ်။

အင်းစိန်အကျဥ်းထောင်ကို ဗုံးနှစ်လုံးနဲ့ပစ်ခတ်ခံရသည်မှာမှန်ကန်ပြီး လိုင်းခန်း မြေကွက်လပ်ရှေ့နဲ့လူသွားလမ်းပေါ် ကျရောက်ပြီး မပေါက်ကွဲခဲ့ကြောင်း အကျဥ်းဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“လက်ပစ်ဗုံးနဲ့ပစ်တာ လီဗာတံတော့ ပြုတ်တယ် မပေါက်ကွဲသေးဘူး၊ အဲ့ဒါကြောင့် တပ်က ယမ်းကပ်ဖောက်ခွဲပစ်လိုက်တယ်၊ ပေါက်တဲ့အသံကတော့ တပ်က ယမ်းကပ်ပြီးခွဲတဲ့အသံ”လို့ ရှင်းပြပါတယ်။

အလားတူ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၆ရပ်ကွက်၊ ချမ်းမြေ့ (၂)လမ်းမှာရှိတဲ့ အဆောင်တစ်ခုရဲ့ အနောက်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ အင်းစိန်ပေါက်တောဝနဲ့အောင်ဇေယျကြိုးတံတားမှာ စစ်ဆေးမှုတွေလုပ်ခဲ့သလို လှိုင်သာယာဘက်မှာလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။

အင်းစိန်အကျဥ်းထောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမည်မသိဆိုင်ကယ်စီးလားသူက သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW