အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဆယ်ရက်အတွင်း ဒုတိယအကြိမ် ကိုဗစ်ကူးစက်ခံရပြန်

ဝါရှင်တန်၊ ဇူလိုင် ၃၁၊ ၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကိုဗစ်-၁၉ ရောဂါ နောက်တကြိမ် ကူးစက်ခံနေရကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၃၀ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

အသက် 79 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်ဟာ ဇူလိုင် ၂၁ ရက်ကလည်း ကိုဗစ်စက်ခံရပြီးအပျော့စားလက္ခဏာတွေခံစားခဲ့ရပါတယ်။

၁၀ ရက်အတွင်း နောက်တကြိမ် ကူးစက်ခံရမှုမှာတော့ ရောဂါလက္ခဏာတွေခံစားရပေမယ့်လည်း ကွာရန်တင်းဝင်ရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်္ဂါနေ့ကနေ သောကြာနေ့အထိ လေးကြိမ်တိုင်တိုင် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

ရောဂါကူးစက်မှုကြောင့် ကုသမှုပြန်လည်စတင်ဖို့ မလိုအပ်သော်လည်း သမ္မတဟာ အနီးကပ်စောင့်ကြည့်မှုအောက်မှာရှိနေတယ်လို့ သမားတော် Dr Kevin O’Connor က ပြောကြားထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW