၀ါရှင်တန်၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း မျောက်ကျောက်ရေးဂါကူးစက်မှု မြင့်တက်လာဖွယ်ရှိတာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန(စီဒီစီ)က ကာကွယ်ဆေး ၂ ဒသမ ၅ သန်းထပ်မံမှာယူထားရပါတယ်။ လက်ရှိချိန်ထိ အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၄၀၀ ကျော်ရှိကြောင်း စီဒီစီ ညွှန်ကြားရေးမှူး ရော့ချယ်၀ယ်လန်စကီးက အတည်ပြုပြောဆိုထားပါတယ်။ အမေရိကန်အစိုးရဟာ မျောက်ကျောက်ရောဂါကာကွယ်ဆေး ခုနှစ်သန်းထိ မှာယူထားပြီး ၂၀၂၃ ခုနှစ်နှစ်လယ်ထိ ကာကွယ်ဆေး ငါးသန်းရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ကမ္ဘာ့နိုင်ငံ ၆၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှု လက်ရှိချိန်ထိ ၁၂၃၃၃ ဦးရှိနေပြီး စပိန်မှာ၂၈၃၅ ဦး၊ ဗြိတိန်မှာ ၁၈၅၆ ဦး၊ ဂျာမနီမှာ ၁၈၅၉ ဦးထိရှိနေပြီး တောင်ကိုရီးယား၊ စင်ကာပူ၊ တိုင်ပေ နဲ့ အိန္ဒိယတို့မှာလည်း ကူးစက်မှုတွေရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေဟုတ်မဟုတ် ဆွေးနွေးဖို့…
Read MoreMonth: July 2022
နိုင်ငံတော်သစ္စာဖောက်မှုကြောင့် ယူကရိန်းလုံခြုံရေးအေဂျင်စီအကြီးအကဲနဲ့ ရှေ့နေချုပ်ကို ထုတ်ပယ်
ကိယက်ဗ်၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) နိုင်ငံတော်သစ္စာဖောက်မှုတွေများစွာရှိတယ်ဆိုပြီး ယူကရိန်းလုံခြုံရေးအေဂျင်စီအကြီးအကဲနဲ့ ရှေ့နေချုပ်ဖြစ်သူတို့ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အဲဒီအဖွဲ့အစည်းနှစ်ခုက ၀န်ထမ်းဟောင်း ၆၀ ကျော်ဟာ လက်ရှိရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ယူကရိန်းကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု၊ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး အမှုပေါင်း ၆၅၁ မှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ လုံခြုံရေးအေဂျင်စီအကြီးအကဲ Ivan Bakanov နဲ့ ရှေ့နေချုပ် Iryna Venediktova ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ဒီလိုထုတ်ပယ်မှုဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အကြီးဆုံးသော နိုင်ငံရေးရာထူး ထုတ်ပယ်မှုလည်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ယူကရိန်းဟာ သူ့ရဲ့လုံခြုံရေးဆိုင်ရာဌာနတွေကို ရုရှားကနေ၀င်ရောက်စွက်ဖက်မှုရှိနေတယ်လို့ ယူဆထားပြီး ကြိမ်ဖန်များစွာ လုံခြုံရေးကျိုးပေါက်မှုပြသနာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ထုတ်ဖို့ ယခင်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ Ref:…
Read Moreလင်းနို့မှတဆင့် ကူးစက်တဲ့ မားဘတ်ဗိုင်းရပ်စ်ကြောင့် ဂါနာမှာ လူနှစ်ဦးသေဆုံး၊ ၁၀၀ နီးပါး ကွာရန်တင်း၀င်နေရ
အက်ခရာ၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) ဂါနာနိုင်ငံမှာ အီဘိုလာရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အုပ်စု၀င် ကူးစက်မြန် မားဘတ်ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးသွားသည်။ အဲဒီလူနာနှစ်ဦးဟာ ဂါနာနိုင်ငံတောင်ပိုင်း အက်ရှန်တီဒေသရှိဆေးရုံမှာ မကြာသေးမီက သေဆုံးသွားခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၇ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ သေဆုံးသူတွေမှာ မားဘာ့ဗိုင်းရပ်စ်ကူးစက်နေကြောင်း ယခုလအစောပိုင်းမှာ အတည်ပြုခဲ့ပြီး နမူနာတွေကို ဆီနီဂေါရှိ ဓါတ်ခွဲခန်းမှာ စစ်ဆေးလျှက်ရှိကာ လူ ၁၀၀ နီးပါးကို ကွာရန်တင်းထားပြီး စောင့်ကြည့်နေကြောင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ မားဘတ်ဗိုင်းရပ်စ်အတွက် ကုသဖို့ ဆေးဝါးမရှိသေးပါဘူး။ ဒါပေမယ့် ရေများများသောက်ပြီး ရောဂါလက္ခဏာတွေကို ကုသခြင်းက လူနာရဲ့အသက်ရှင်နိုင်ခြေကို တိုးတက်စေတယ်လို့ ဆရာ၀န်တွေက အကြံပြုထားပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေကတဆင့် လူတွေကို ကူးစက်ခြင်းဖြစ်ပြီး လူ့ခန္ဓာကိုယ်အရည်တွေမှတဆင့် လူလူချင်း ကူးစက်စေတတ်ပါတယ်။ မားဘတ်ဗိုင်းရပ်စ်ကူးစက်မှုဟာ ဂီနီမှာ ယမန်နှစ်က ကူးစက်မှုဖြစ်ပွားခဲ့ဖူးပြီး ဂါနာဟာ အဲဒီဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားတဲ့ ဒုတိယမြောက် အနောက်အာဖရိက…
Read Moreလှိုင်မြို့နယ်နဲ့ တွံတေးမြို့နယ်မှာ ပစ်ခတ်မှုဖြစ်၊ ဗိုလ်ကြီးတဦး အပါအဝင် (၃)ဦးသေဆုံး
ဇူလိုင် ၁၈-၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့တွံတေးမြို့နယ်တို့မှာ ဒီကနေ့မနက်ပိုင်း ပစ်ခတ်အချို့ဖြစ်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် လူ (၃)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လှိုင်မြို့နယ်၊ အမှတ်၂ ရပ်ကွက်၊ ဘုရင့်နောင် ၉ လမ်းမှာ ဒီကနေ့ မနက်ကိုးနာရီကျော်က အိမ်စီးကားတစီးပေါ်က အမျိုးသားနဲ့အမျိုးသမီးတဦးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “အဲ့ဒီ လင်မယားက ၄လမ်းမှာနေတာ၊ ဘုရင့်နောင် စျေးသွားရင်း အပစ်ခံရတာ”လို့ သူကပြောပါတယ်။ သေဆုံးသူနှစ်ဦးဟာ ဗိုလ်ကြီးအောင်နိူင်ဖြိုးနဲ့မဂျူးဂျူးအောင် ဆိုသူတို့ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာတချက်နဲ့သေဆုံးခဲ့တာဖြစ််တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ဗိုလ်ကြီးဆိုတာတော့ မှန်ပါတယ်၊ ဘယ်ကတပ်ကလဲဆိုတာ အတည်ပြုဖို့ပဲ ကြိုးစားနေတာ အခု ကုတင် ၁၀၀၀ကို ပို့ထားတယ်”လို့ ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ ကမ်းနားကူးတို့ဆိပ်မှာ သတင်းပေးဒလန်လို့သတ်မှတ်ခံထားရတဲ့ ဦးဇော်ထွန်းဆိုသူကို အမည်မသိသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။…
Read Moreပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးကို အမည်မသိအဖွဲ့က ဖမ်းဆီးသွား
ဇူလိုင် ၁၈-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေကို အမည်မသိအဖွဲ့က ဖမ်းဆီးသွားတယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။ အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ကျောက်တော်မြို့နယ်က ဘုရားဖူးပြီးအပြန် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ကောင်စီဝင်တစ်ဦးက ” မြို့နယ်အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရတာ ဟုတ်တယ်လို့ကြားတယ်။ ဘာကြောင့်၊ ဘယ်လို ဖမ်းဆီးခံရတယ်ဆိုတာတော့ အသေးစိပ်မသိဘူး” လို့ ပြောပါတယ်။ အဲဒီ မြို့နယ်အုပ်ချုပ်ရေးမှူး ဖမ်းဆီခံရစဥ် အုပ်ချုပ်ရေးမှူးရဲ့ ကားဒရိုင်ဘာကိုလည်း ဖမ်းဆီးသွားကြောင်းနဲ့ သတင်းတွေကတော့ အမျိုးမျိုးထွက်နေကြောင်း မြို့နယ်ကောင်စီနဲ့ နီးစပ်တဲ့ မြို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။ ” ကျနော်တို့ကြားတာကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကားခရိုင်ဘာ နှစ်ယောက်လို့ကြားတယ်။ ကားလည်းဘယ်မှာရှိတယ်ဆိုတာမသ်ိဘူး။ အပြင်မှာတော့ အမျိုးမျိုးပြောနေကြတယ်၊အေအေကဖမ်းသွားတယ်လို့ ပြောလို့ရလားဆိုတော့ ဟုတ်ပါတယ်။ သတင်းတွေမှာလည်း အေအေကဖမ်းသွားတယ်လို့ တက်ပါတယ်။”လို့ မြို့နယ်ကောင်စီနဲ့နီးစပ်တဲ့ မြို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့…
Read Moreအိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၁ ဦးဆီက ဘိန်းဖြူတွေဖမ်းမိ
ဇူလိုင် ၊ ၁၈ ၊ ၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ နယ်စပ်ကားလမ်းဖြစ်တဲ့ ဇိုခေါ်သာရ်ရွာနဲ့ မီလ်ဘုတ်ရွာကြားမှာ အခုလ ၁၅ ရက်က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁ ဦးကို မီဇိုရမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာ သတင်းမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၁ ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မီဇိုရမ်းကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ရဲဝန်ထမ်းဟောင်းတဦးက ” မူးယစ်ဆေးဝါးတွေနဲ့ အဖမ်းလိုက်ရတဲ့သူက စစ်ကိုင်းတိုင်း ကလေးမြို့နယ် ၊ လက်ပံချောင်းကျေးရွာမှာနေတဲ့ လျယ်ဇွီမောရာ ( Lalzuimawia) အသက် ၂၅ အရွယ် ဖြစ်တယ် ၊ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးက ဘိန်းဖြူအမျိုးအစား ၃၈ ဂရမ် ၊ အိန္ဒိယ ရူပီငွေ…
Read Moreညှော်
ဆူးငှက် ၁၉၉၉-၂၀၀၀ပြည့်နှစ် မန္တလေးမြို့မတူရိယာအသင်း စိန်ရတုသဘင်အခမ်းအနားအတွက် ပြင်ဆင်နေဆဲကာလတွင် ၈၆ လမ်းနှင့် ၂၁ လမ်းထောင့်ရှိ မြို့မအသင်းတိုက်သို့ အပတ်စဉ် စနေနေ့တိုင်း ရောက်ဖြစ်နေသည်။ အသင်းတိုက်ရှေ့ ပိတောက်ပင်အောက် ခုံဝိုင်းလေး၌ ထိုင်ရင်း မြို့မအသင်း နာယကလူကြီးများထံမှ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာများ နာကြားရသည်မှာ အရသာရှိလှသည်။ ထိုစဉ်က အသက် ၉၀ နားနီးနေသော်လည်း နာယကကြီး တောင်မြို့ဦးကိုလေးမှာ အလွန်မှတ်မိ တက်ကြွလှသည်။ သူ့မိတ်ဆွေ ကိုသန့်နှင့် ကိုညိန်း အကြောင်းများပြောလျှင် မမောနိုင်မပန်းနိုင်….၊ ကျွန်တော်ကလည်း အချိန်ရလျှင်ရသလို သိလိုသည်များ မေးမြန်းရသည်။ “အဘရေ … အသံချဲ့စက်က သီချင်းတစ်ပုဒ် ဖွင့်နေသံကြားရင် လူမမြင်ရ၊ အရုပ်မမြင်ရပေမဲ့ ဒါမြို့မလို့ နားကသိတယ်။ ကဲ သီချင်းကမှ ဆရာငြိမ်းသီချင်း၊ ဦးဘသိန်းသီချင်းလို့ ခွဲသိပြီး မြို့မလို့ တပ်အပ်ပြောနိုင်တာမျိုး ရှိနိုင်သေးတယ်။ ဥပမာဆိုပါတော့ ဆရာ ……
Read Moreမအူပင်မှာ ဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်နဲ့ အမှုဖွင့်အရေးယူခံထားရသူ ၁၈၀ ကျော်အထိ ရှိလာ
ဇူလိုင် ၁၇-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊မအူပင်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကနေ မနေ့ ဇူလိုင် ၁၆ ရက်အထိ ဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်နဲ့အမှုဖွင့်ခံထားရတဲ့သူ ၁၈၉ယောက်အထိ ရှိလာတယ်လို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။ ဖမ်းခံရသူတွေဟာ ပုဒ်မ ၅၀၅ -ကနဲ့ အမှုဖွင့်ဖမ်းဆီးခံထားသူရ ၁၀၇ ယောက်၊အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၀(ဂ)တွေနဲ့အမှုဖွင့်ခံထားသူအယောက် ၅၀ ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့အရေးယူခံထားရသူ ၁၂ ယောက်၊ပေါက်ကွဲစေတက်သောဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ- ၃ အရအမှုဖွင့် အရေးယူထားသူ ၂၀ နဲ့စုစုပေါင်းအမှုဖွင့်ခံထားရသူ စုစုပေါင်း ၁၈၉ ယောက်အထိရှိလာပြီလို့သိရပါတယ်။ ”မနေ့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၂၀၀၀ ကျော်အထိ ရှိပါတယ်၊အဲ့ဒီအထဲကနေအရေးယူခံထားရတဲ့သူက ၁၈၉ ယောက်ရှိပါတယ်၊ ပုဒ်မ ၅၀၅ – ကနဲ့အမှုဖွင့်ဖမ်းဆီးထားတဲ့သူတွေကတော့ ၁၀၀ ကျော်အထိရှိပြီးအများဆုံးဖြစ်ပါတယ်။”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖမ်းဆီခံရသူတွေထဲက မိသားစုဝင်တဦးကလည်း ”အဖမ်းခံရသူတွေထဲကနေ…
Read Moreအပူလှိုင်းကြောင့် မြေထဲပင်လယ်ဒေသတလျှောက် တောမီးအကြီးအကျယ်လောင်၊ပေါ်တူဂီမှာ လူ ၂၃၈ ဦးသေဆုံး
မက်ဒရစ်၊ ဇူလိုင်-၁၇-၂၀၂၂ မျိုးဆက်(VOM ဥရောပဒေသမှာ အပူလှိုင်းကြောင့် ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုတွေ ဖြစ်ပွားနေပြီး ထောင်ပေါင်းများစွာသော မီးသတ်သမားတွေက မီးငြှိမ်းသတ်လျှက်ရှိပါတယ်။ ပေါ်တူဂီမြောက်ပိုင်း စပိန်နယ်စပ်အနီးမှာ မီးသတ်လေယာဉ်တစင်းပျက်ကျမှုကြောင့် လေယာဉ်မှူး တဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အပူလှိုင်းကြောင့် လူ ၂၃၈ ဦးသေဆုံးခဲ့တယ်လို့ ပေါ်တူဂီအာဏာပိုင်တွေကပြောပါတယ်။ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာလည်း တောမီးအကြီးအကျယ်လောင်ကျွမ်းနေပြီးဒေသခံ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။ နိုင်ငံတောင်ပိုင်းဒေသတွေမှာ အပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ်ထိ တိုးလာမယ်လို့ ပြင်သစ်မိုးလေ၀သဌာနက ခန့်မှန်းထားပြီး ဇူလိုင် ၁၈ ရက်မှာ အပူချိန်စံချိန်သစ်တင်နိုင်တယ်လို့ သတိပေးထားပါတယ်။ စပိန်မှာတော့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်နဲ့ ပေါ်တူဂီမှာ ၄၇ ဒီဂရီစင်တီဂရိတ်ရှိနေပြီး အပူချိန်မြင့်မားမှုက တောမီးလောင်ကျွမ်းမှုကို မီးလောင်ရာလေပင့်ဖြစ်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ အပူလှိုင်းတွေဟာ ပိုမိုပြင်းထန်ပြီး မကြာခဏဖြစ်ပေါ်နေသလို အချိန်လည်း…
Read Moreယူကရိန်းမှာ ထိုးစစ်နောက်တဆင့်ပြုလုပ်ဖို့ ရုရှားပြင်ဆင်နေ
ကိယက်ဗ်၊ ဇူလိုင်-၁၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းမှာ ထိုးစစ်နောက်တဆင့် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ယူကရိန်းစစ်ဘက် တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းက စစ်ဆင်ရေးဒေသအားလုံးမှာ သူ့ရဲ့စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ရုရှားက ထုတ်ဖော်ပြောဆိုပြီးနောက် ယူကရိန်းတာ၀န်ရှိသူတွေက အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ မကြာသေးမီရက်တွေအတွင်းကလည်း ယူကရိန်းမြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး လူဒါဇင်များစွာ သေဆုံးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ဝေဟင်နဲ့ ပင်လယ်ပြင်ကနေ တိုက်ခိုက်မှုတင်မကပါဘူး။ ရှေ့တန်းတလျှောက် ဆက်သွယ်မှုလမ်းကြောင်းတွေကိုလည်း တိုက်ခိုက်မှုတွေ ရုရှားကလုပ်နေပြီး နည်းဗျူဟာမြောက် လေကြောင်းနဲ့ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုလာနေတယ်လို့ယူကရိန်းစစ်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ Vadym Skibitskyi ကပြောပါတယ်။ ရှေ့တန်းတလျှောက်မှာလည်း ရုရှား တပ်တွေရဲ့လှုပ်ရှားမှုတွေ တိုးလာနေပြီး ဒါဟာ ထိုးစစ်နောက်တဆင့်အတွက် ပြင်ဆင်နေတယ်ဆိုတာရှင်းနေကြောင်း၊ နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသမှာ ယူကရိန်းက ထိန်းချုပ်ထားတဲ့ အရေးပါတဲ့ Sloviansk မြို့ကို ထိုးစစ်ဆင်ဖို့ ရုရှားတပ်တွေ…
Read More