မုံရွာ စက်မှုဇုန် လုပ်ငန်းရှင်များစုပေါင်းရုံးနဲ့ သင်တန်း ခန်းမဆောင် မီးလောင်

သြဂုတ် ၊ ၃ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ မြို့ရှောင်လမ်းဘေးမှာရှိတဲ့ စက်မှုဇုန်ရုံးနဲ့ ခန်းမဆောင်ဟာ မနေ့ သြဂုတ် ၂ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ မုံရွာစက်မှုဇုန် ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” စက်မှုကျွမ်းကျင် သင်တန်းတို့ ၊ လူကြီးအစည်းဝေးတို့ လုပ်တဲ့ ခန်းမဆောင်နဲ့ စက်မှုဇုန် လုပ်ငန်းရှင်များ အသင်းရုံး မီးလောင်တာပါ ၊ ညက ၁၁ နာရီဝန်းကျင်မှာ လောင်တယ်၊ ရှို့မီးကြောင့် လောင်တာပါ “လို့ စက်မှုလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

မီးလောင်သွားတဲ့ စက်မှုဇုန်ရုံးနဲ့ခန်းမဟာ မုံရွာ စက်မှုထွက် ထုတ်ကုန်တွေ ခင်းကျင်းပြသတဲ့နေရာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ လူကြီးတွေ မကြာခဏ ဝင်ထွက်သွားလာတဲ့နေရာတခုဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ မီးလောင်ဆုံးရှုံးမှု ကာလခန့်မှန်းတန်ဖိုးကို မုံရွာခရိုင် မီးသတ်ဦးစီးဌာနက စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း အခု မီးလောင်တယ်ဆိုတဲ့ နေရာနားက စက်မှုဇုန် ရပ်ကွက်အုပ်ရေးမှူးရုံး မီးရှို့ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာတဖက်ကမ်းမှာရှိတဲ့ ဆားလင်းကြီးမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံး မီးရှို့ဖျက်စီးခံရတာလည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW