ရွှေဘို-မြစ်ကြီးနားလမ်းမှာ ဘိလပ်မြေသယ်လာတဲ့ ကား ၁ စီးကို အမည်မသိလက်နက်ကိုင်က ဖမ်းဆီးထိန်းသိမ်း

သြဂုတ် ၊ ၄ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးကျေးရွာအနီး ၊ ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ မနေ့ သြဂုတ် ၃ ရက် ၊ ညနေပိုင်း ၅ နာရီခွဲ ဝန်းကျင်က ဘိလပ်မြေတွေ သယ်ယူလာတဲ့ နောက်တွဲယာဥ် ကားတစီးကို အမည်မစိ လက်နက်ကိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ကားက နောက်တွဲယာဥ် ကားကြီးဖြစ်တယ် ၊ နတ်မဟုတ်ရွာနားအရောက်မှာ အတိုက်ခံရတာပါ ၊ အသင့်စောင့်နေတဲ့ ကား ၄ စီးက ၊ တွဲကားပေါ် ပါလာတဲ့ ဘိလပ်မြေ အိတ်တွေကို ပြောင်းတင်ပြီး ယူသွားတယ် ၊ ဘိလပ်အိတ် ၇ ရာဖြစ်တယ်၊ ဘိလပ်မြေကားသမား ၂ ယောက်ကို လွတ်ပေးလိုက်ပြီး ကားပါ ယူထားလိုက်တာ “လို့ ရွှေဘို-မြစ်ကြီးနား ကုန်စည်ပို့ဆောင်ရေး ကားသမား တယောက်က ပြောပါတယ်။

အခု ဘိလပ်မြေကား ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နေရာဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စက်သုံးဆီသယ်ယာဥ် နောက်တွဲ ဘောက်ဆာကား ၁ စီး လက်နက်ကြီးထိမှန် မီးလောင်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း စက်သုံးဆီဘောက်ဆာကား ၁ စီး အမည်မသိလက်နက်ကိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီး ကားသမား ၂ ယောက် အနက် ၁ ယောက်သေ ၊ ၁ ယောက်ပျောက်ဆုံးတာ ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူစက်မှုဇုန် မှာရှိတဲ့ ကြံနှစ်ကောင် ဘိလပ်မြေဂိုဒေါင်ကနေ ဘိလပ်မြေကား နောက်တွဲ၂ စီးနဲ့ ဘိလပ်မြေအိတ် ၇ ရာ ဖမ်းဆီးထိန်းသိမ်းခံရတာလည်း ဖြစ်ခဲ့ပြီး ဒီကနေ့အထိ ကားပြန်ရတယ်လို့ မကြားရသေးပါဘူး။

#voiceofmyanmar #VOM #အင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW