ရန်ကုန်မှာ တပတ်အတွင်း ပစ်ခတ်မှုတွေကြောင့် အုပ်ချုပ်ရေးအဖွဲ့၀င် ၆ဦးသေ၊ ၃ဦးဒဏ်ရာရ

သြဂုတ် ၇၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ သြဂုတ်လ ၁ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အုပ်ချုပ်ရေးအဖွဲ့တွေ ပစ်ခတ်ခံရလို့ ၇ ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ဗုဒ္ဓသာသနာပြုကျောင်းလမ်းမှာနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးတင်မောင်နိူင်နဲ့ ဇနီးဖြစ်သူ ဒေါ်သီသီသိန်းတို့ မနေ့သြဂုတ် ၆ရက် ညပိုင်းက ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှုးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သူမိန်းမက နားထင်ကိုသေနတ်မှန်ပြီး သေတယ်၊ အုပ်ကြီးကတော့ ပေါင်ကိုပဲထိတာ မသေဘူး အင်းစိန်ဆေးရုံမှာ”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပိန္ဒဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။

အလားတူ သြဂုတ်လ ၂ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်မှာ ရွှေနံသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းနိူင်ထွန်းနှင့်ဇနီးဒေါ်ဟေမာလွင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်အောင်မင်္ဂလာကျေးရွာမှာလည်း ဆယ်အိမ်မှူးဦးမျိုးမင်းခိုင်ဆိုသူ သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ရန်ကုန်က အင်းစိန်၊တွံတေး၊မဂ်လာဒုံ၊တောင်ဒဂုံ၊ကွမ်းခြံကုန်းနဲ့သာကေတမြို့နယ်တွေမှာ သြဂုတ်လ ၁ရက်ကနေ ၇ ရက်နေ့အတွင်း ပစ်ခတ်မှုခြောက်ကြိမ်ဖြစ်ခဲ့ရာ အုပ်ချုပ်ရေးမှူးအပါအဝင် ​၆ ဦးသေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူး ၁ ဦး၊ရာအိမ်မှူး ၁ဦးနဲ့ဆယ်အိမ်မှူး ၁ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း ကျောက်တံတား၊သင်္ဃန်းကျွန်း၊တောင်ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ၂ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW