ကမ္ဘာပေါ်မှာ မျောက်ကျောက်ရောဂါကူးစက်မှု အမေရိကန် အမြင့်ဆုံးဖြစ်နေ

ဝါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှုဟာ သြဂုတ် ၁၁ ရက်ထိ ၁၀၇၆၈ ဦးထိမြင့်တက်လာကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပြီး ဒါဟာ ကမ္ဘာတစ်၀န်းမှာ လက်ရှိချိန်ထိ အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို မေလမှာ အတည်ပြုခဲ့ပြီးနောက်ပိုင်း အမေရိကန်မှာ ရောဂါကူးစက်မှုတွေ တိုးပွားနေခဲ့ပြီး သြဂုတ် ၄ ရက်မှာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အစိုးရက ကြေညာခဲ့ပါတယ်။

အဲဒီနောက် ကာကွယ်ဆေးထိုးနှံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အခြားနိုင်ငံတွေမှာ လက်ရှိချိန်ထိ ရောဂါကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပေမယ့် အမေရိကန်မှာတော့ သေဆုံးမှုမရှိသေးပါဘူး။

ရောဂါကူးစက်မှုကို စစ်ဆေးမှုတိုးမြှင့်လုပ်ဆောင်နေတာကြောင့် နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုတွေ့ရှိတဲ့နှုန်း သြဂုတ်အတွင်း မြင့်တက်မယ်လို့မျှော်လင့်ထားကြောင်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။

မျောက်ကျောက်ရောဂါဟာ အမျိုးသားချင်းလိင်တူဆက်ဆံသူတွေမှာ အများဆုံးကူးစက်မှုဖြစ်ပွားပေမယ့် ကိုယ်၀န်ဆောင်နဲ့ မီးဖွားပြီးသူ အမျိုးသမီး ၅၀ ထက်မနည်းအပြင် ကလေးငယ်အချို့မှာပါ ကူးစက်မှုတွေရှိနေကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက သတိပေးပြောဆိုပါတယ်။

Ref: NHK
Photo:Getty Images
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW