မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးခံထားရသူ ၆၃ ဦးကို TNLA က ပြန်လွှတ်ပေး

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂
SP( VOM)

ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံ ပြည်သူ ၆၀ ကျော်ကို အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြုပြင်တာတွေ ပြုလုပ်ပေးပြီးနောက် မနေ့ သြဂုတ် ၁၂ ရက်မှာ TNLA အဖွဲ့က အခမ်းအနားနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

” မူးယစ်ဆေးဝါး ဆိုင်ရာတိုက်ဖျက်ရေးအတွက် မူးယစ်ဆေးစွဲသူ ၆၃ ဦးကို ဆေးဖြတ်ပေးတာ ၊ စာရိတ္တပြုပြင်ပေးတာ ၊ နောက်နောင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လက်ဝယ်ထားတာ ၊ သုံးစွဲတာ ၊ ရောင်းဝယ်ဖောက်ကားလုပ်တာ ၊ သယ်ယူဖြန့်ဖြူး ရောင်းချတာ စတာတွေ မပြုလုပ်ပါဘူးလို့ ခံဝန်ကတိ ရေးထိုးပြီး အခမ်းအနားနဲ့ ပြန်လွတ်ပေးတာပါ ၊ အဲ့ဒီထဲမှာ မူးယစ်ဆေးစွဲရောဂါ အလွန်အကျွံရထားတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတဦးလည်း ပါဝင်တယ် ” လို့ ကျောက်မဲမြို့ခံ တယောက်က ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်သူ ၆၃ ဦးဟာ အခုနှစ် မတ်လကစလို့ သြဂုတ်လအထိ ၅ လကြာ အကျင့်စာရိတ္တပြုပြင်ပေးပြီးနောက် ပြန်လွတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို မူးယစ်ဆေးဖြတ်ပေးပြီး ပြန်လွတ်တာဟာ ဒီနှစ်အတွက် ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ မှာ TNLA အဖွဲ့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဖြတ်စခန်း ၇ ကြိမ် ဖွင့်ပြီး မူးယစ်ဆေးစွဲ လူနာ ၅၇၇ ယောက်ကို မူးယစ်ဆေးဖြတ်ပေးတာ ၊ အကျင့်စာရိတ္တပြုပြင်ပေးတာ နဲ့ လူမှုဘဝ ပြန်လည်ရှင်သန်ဖို့ လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo-TNLA ပြန်ကြားရေး
#voiceofmyanmar #VOM #TNLA #မူးယစ်ဆေးစွဲသူတွေပြန်လွှတ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW