အမျိုးသားတစ်သက်တာစာပေဆုရ ဘာသာပြန်စာရေးဆရာကြီး မောင်ပေါ်ထွန်း ကွယ်လွန်

သြဂုတ် ၁၃၊၂၀၂၂ KK(VOM) အမျိုသားတစ်သက်တာစာပေဆုရ ဘာသာပြန်စာရေးဆရာကြီး မောင်ပေါ်ထွန်းဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်သွားတယ်လို့ စာပေအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဆရာမောင်ပေါ်ထွန်းကို ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ နယ်၊ ရွှေမျက်ဝရွာမှာ ပန်းချီပန်းပု လက်သမားဆရာကြီး ဦးမောင်ပုနဲ့ ဒေါ်အေး တို့က ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း ခင်မောင်စိုး ဖြစ်ပြီး မူလတန်းပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီးကျောင်းနဲ့ အထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၅ နှစ်အရွယ်မှာ ရန်ကုန်မြို့ရှိ အလွတ်ပညာကျောင်းကိုရောက်လာပြီး လှကော်မာရှယ်ကောလိပ်မှ မြန်မာလက်ရေးတို ပထမဆုရရှိခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း(စာပေဗိမာန်)အဖွဲ့၌ လက်နှိပ်စက် လက်ရေးတိုစာရေးအဖြစ် စတင်အမှုထမ်းခဲ့ပြီး ၁၉၆၇ -၆၈ ခုနှစ်မှာအခြေခံပညာအထက်တန်းစာမေးပွဲကို အင်္ဂလိပ်ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သတင်းစာပညာ အတတ်သင်ကျောင်း အပတ်စဉ် ၁ မှာလည်းပထမဆု ရရှိခဲ့ပြီး…

Read More

ရန်ကုန် – မုံရွာ Elite Express ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ပြီး ခရီးသည်တွေနဲ့ ကားပါ ပျောက်ဆုံးနေ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး ၊ မန္တလေး-မုံရွာကားလမ်းမှာ မနေ့ သြဂုတ် ၁၂ ရက် မနက်အစောပိုင်းက ရန်ကုန်-မုံရွာ ခရီးသည်တင်ကား ၁ စီး မိုင်းခွဲခံရပြီး ကားနဲ့ ခရီးသည်တွေကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၅ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ရန်ကုန်ကနေ မုံရွာကို ပြေးဆွဲလာတဲ့ Elite Express ခရီးသည်တင်ကားကို မိုင်းခွဲခံရတယ် ၊ ကားပေါ်ပါ ခရီးသည် ၁ ဦး ဒဏ်ရာရတယ် ၊ နောက်ပြီး ခရီးသည်တွေနဲ့ ကားကိုပါ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် “လို့ မုံရွာ အဝေးပြေးကားကွင်မှာရှိတဲ့…

Read More

ဦးနေမျိုးဇင် အင်းစိန်ထောင်ကနေ ပြန်လွတ်လာ

ဩဂုတ် ၁၃-၂၀၂၂ VOM (GG) ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ ” ပြန်လွတ်တာက အခြေအနေတခုကြောင့်ပေါ့နော်၊ ပြန်လွတ်တာတော့ ကျနော်ကြည့်ရတာတော့ လက်မှတ်တွေဘာတွေပြန်ထိုးရအုံးမယ်ဆိုတော့ လွတ်လွတ်လပ်လပ်တော့ပြန်လွတ်လာတဲ့ပုံစံတော့မရှိသေးဘူး။အင်းစိန်ကနေလွတ်တာပါ။မနေ့က ညနေပါ။အိမ်ရောက်နေပါပြီ။ “လို့ မိသားစုဝင်တဦးကပြောပါတယ်။ ဦးနေမျိုးဇင်ကိုယ်တိုင်လည်း သူဟာ အကျဥ်းထောင်ထဲမှာ ၃ နှစ်နဲ့ ၃ လကျော် နေထိုင်ခဲ့ပြီးနောက် လွတ်မြောက်လာပြီဲဖြစ်တယ်လို့ သူရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဦးနေမျိုးဇင်ဟာ တပ်မတော်ကို ဝေဖန်ဟောပြောရေးသားမှုတွေ လုပ်တာကြောင့် မကြာခဏ ဖမ်းဆီးထောင်ချခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စစ် တပ်မတော်က တရားစွဲဆိုခဲ့တာကြောင့် ထောင်ဒဏ်ချခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM…

Read More

မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးခံထားရသူ ၆၃ ဦးကို TNLA က ပြန်လွှတ်ပေး

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂ SP( VOM) ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံ ပြည်သူ ၆၀ ကျော်ကို အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြုပြင်တာတွေ ပြုလုပ်ပေးပြီးနောက် မနေ့ သြဂုတ် ၁၂ ရက်မှာ TNLA အဖွဲ့က အခမ်းအနားနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ” မူးယစ်ဆေးဝါး ဆိုင်ရာတိုက်ဖျက်ရေးအတွက် မူးယစ်ဆေးစွဲသူ ၆၃ ဦးကို ဆေးဖြတ်ပေးတာ ၊ စာရိတ္တပြုပြင်ပေးတာ ၊ နောက်နောင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လက်ဝယ်ထားတာ ၊ သုံးစွဲတာ ၊ ရောင်းဝယ်ဖောက်ကားလုပ်တာ ၊ သယ်ယူဖြန့်ဖြူး ရောင်းချတာ စတာတွေ မပြုလုပ်ပါဘူးလို့ ခံဝန်ကတိ ရေးထိုးပြီး အခမ်းအနားနဲ့ ပြန်လွတ်ပေးတာပါ ၊ အဲ့ဒီထဲမှာ…

Read More

ကိုဝေမိုးနိုင် ၅၀၅အမှု ၅ မှုအတွက် ထောင် ၁၀ နှစ်ချခံရ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရပြီး အမှုပေါင်း ၁ ဒါဇင်နီးပါးကို ရင်ဆိုင်နေရတဲ့ မုံရွာသပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်ကို မနေ့ သြဂုတ် ၁၂ ရက်မှာ ၅၀၅ အမှု ၅ မှုအတွက် မုံရွာ ထောင်တွင်းအထူးတရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် စတင်ချလိုက်ပြီလို့ မုံရွာ ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကိုဝေမိုးနိုင်ကို စွပ်စွဲထားတဲ့ အမှုတွေထဲက ၅၀၅ အမှု ၅ ခုအတွက် ၊ ၁ မှုကို ထောင်ဒဏ် ၂ နှစ်နူန်းနဲ့ ၅ မှုစာအတွက် ထောင်ဒဏ် ၁၀ နှစ် ချလိုက်တာဖြစ်တယ် ၊ အမှုတွေအတွက်လည်း…

Read More

ဧရာဝတီ-ရန်ကုန် ပြေးဆွဲနေတဲ့အဝေးပြေးကားတွေ ယာဉ်စီးခ ထက်ဝက်တက်လာလို့ ဒေသခံတွေ အခက်တွေ့

သြဂုတ် ၁၃ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို ပြေးဆွဲနေတဲ့ အဝေးပြေးမော်တော်ယာဉ်စီးခနှုန်းတွေ အရင်ကထက် ထက်ဝက်ခန့်မြင့်တက်သွားလို့ခရီးသွားဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသခံခရီးသွား ပြည်သူတွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကိုပြေးဆွဲနေတဲ့အဝေးပြေးမော်တော်ယာဉ်တွေဟာ အရင်ကလူတဦးကို ငွေကျပ် ၆၀၀၀၊ ၇၀၀၀ အထိသာ ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ လူတဦးကို ငွေကျပ် ၁၅၀၀၀ အထိမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ”ကားဈေးတွေက အရင်ကလူတယောက်ကို ငွေကျပ် ၅၀၀၀ ဈေးတက်လည်း ၇၀၀၀ သာရှိခဲ့တာပါ၊အဝေးပြေးကားဖြစ်လို့ ကုန်ပစ္စည်းလည်းတင်လို့ရတယ်၊အများကြီးတော့မဟုတ်ပေမယ့်၊အခုတော့ လူတယောက်ကို ငွေကျပ် ၁၅၀၀၀ အထိဈေးတက်လာ တယ်၊ရန်ကုန်ကို အသွားအပြန် ၃၀၀၀၀ ရှိမှ သွားလို့ရတော့မယ်၊ဒါ့အပြင် ကားပေါ်ကိုကုန်ပစ္စည်းလေး တင်ချင်တော့လည်းမရဘူး အတင်မခံဘူး တောင်းပန်ပြောတယ်၊တန်ဆာခပေးပါ့မယ်ဆိုတာတောင် မရတော့ဘူး။”လို့ မော်လမြိုင်ကျွန်းမြို့ခံ ခရီးသွားတဦးကပြောပါတယ်။ အခုလိုအဝေးပြေးမော်တော်ယာဉ်တွေရုတ်တရက် ယာဉ်စီးခနှုန်းထားတွေ ထက်ဝက်ခန့်မြင့်တက်လာ ခြင်းဟာ လူလိုက်ပါစီးနင်းမှုနည်းပြီး စက်သုံးဆီဈေးမြင့်တက်နေခြင်းကြောင့်ဖြစ်တယ်လို့ မော်တော်ယာဉ်လုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရသိရပါတယ်။ ”ဒေသကနေ…

Read More

စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း လူသတ်ပြီး လုယက်တာများလာ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်းထဲက ရွှေဘို ၊စစ်ကိုင်း နဲ့ မုံရွာမြို့နယ်တွေမှာ လူသတ်လုယက်မှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီကနေ့ သြဂုတ် ၁၃ ရက်အထိ လူသတ် လုယက်မှု ၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” လူသတ် လုယက်ခံရတဲ့သူတွေထဲမှာ ဝန်ထမ်းတွေ ၊ ပင်စင်စားတွေအပြင် ကုန်သည်တချို့ ပါဝင်နေတယ် ၊ မနေ့ သြဂုတ် ၁၂ ရက်မနက်ပိုင်းက စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ ကျားမင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းက အလယ်တန်းပြ ကျောင်းဆရာ ဦးဝင်းဆန်းဦး ဆိုသူဟာ ကျောင်းတက်ဖို့အတွက် ထန်းဖူးတောရွာကနေ ကျောင်းကိုအလာ အမည်မသိ လူ ၆ ယောက်က ဆိုင်ကယ် ၃ စီးနဲ့လိုက်လာပြီး ၊ ကျောင်းနားအရောက်မှာ…

Read More

ဟားခါးမြို့နားက တိုက်ပွဲတွေကြောင့် အရပ်သားတချို့ ဒဏ်ရာရ သေဆုံးတာတွေရှိနေ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂ SP(VOM) ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့နားမှာ မနေ့ သြဂုတ် ၁၂ ရက် ၊ မနက်ပိုင်းက ဒေသခံ CDF အဖွဲ့နဲ့ စစ်တပ်ရဲ့ တိုက်ပွဲက လက်နက်ကြီးကျည်နဲ့ ကျည်ဆံတွေဟာ အရပ်သား ပြည်သူတချို့ကို ထိမှန်တဲ့အတွက် ဒဏ်ရာရတာနဲ့ လူသေဆုံးတာတွေ ရှိခဲ့တယ်လို့ ဟားခါးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ ၊ ဟားခါးမြို့အထွက် ၄ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်တယ် ၊ ဟားခါးကနေ ဂန့်ဂေါဘက်ကို မောင်းလာတဲ့ အရပ်သား ခရီးသွား အိမ်စီးကား ၁ စီး ပစ်ခံရတယ် ၊ ကားပေါ်မှာပါလာတဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၊ အမျိုးသား ၂ ဦး…

Read More
VOM News

FREE
VIEW