ဦးနေမျိုးဇင် အင်းစိန်ထောင်ကနေ ပြန်လွတ်လာ

ဩဂုတ် ၁၃-၂၀၂၂
VOM (GG)

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

” ပြန်လွတ်တာက အခြေအနေတခုကြောင့်ပေါ့နော်၊ ပြန်လွတ်တာတော့ ကျနော်ကြည့်ရတာတော့ လက်မှတ်တွေဘာတွေပြန်ထိုးရအုံးမယ်ဆိုတော့ လွတ်လွတ်လပ်လပ်တော့ပြန်လွတ်လာတဲ့ပုံစံတော့မရှိသေးဘူး။အင်းစိန်ကနေလွတ်တာပါ။မနေ့က ညနေပါ။အိမ်ရောက်နေပါပြီ။ “လို့ မိသားစုဝင်တဦးကပြောပါတယ်။

ဦးနေမျိုးဇင်ကိုယ်တိုင်လည်း သူဟာ အကျဥ်းထောင်ထဲမှာ ၃ နှစ်နဲ့ ၃ လကျော် နေထိုင်ခဲ့ပြီးနောက် လွတ်မြောက်လာပြီဲဖြစ်တယ်လို့ သူရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဦးနေမျိုးဇင်ဟာ တပ်မတော်ကို ဝေဖန်ဟောပြောရေးသားမှုတွေ လုပ်တာကြောင့် မကြာခဏ ဖမ်းဆီးထောင်ချခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စစ်
တပ်မတော်က တရားစွဲဆိုခဲ့တာကြောင့် ထောင်ဒဏ်ချခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဦးနေမျိုးဇင် #ထောင်ကနေလွတ်မြောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW