ကရိုင်းမီးယားရှိ ရုရှားစစ်အခြေစိုက်စခန်းမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွား

ကိယက်ဗ်၊ သြဂုတ်-၁၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသရှိ ရုရှားစစ်အခြေစိုက်စခန်းတစ်ခုမှာ သြဂုတ် ၁၆ ရက်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ကရိုင်းမီးယားဒေသ ဒီဇန်ခွိုင်ဒေသရှိ လက်နက်သိုလှောင်ရုံတခု မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ရုရှားတာ၀န်ရှိသူတွေကပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓါတ်အားရုံလည်း မီလောင်မှုဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ပြီးခဲ့တဲ့ ကရိုင်းမီးယား ကမ်းရိုးတန်းမှာ ပြီသီတင်းပတ်အတွင်းက ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ရုရှား စစ်လေယာဉ်တွေ အများပြား ပျက်စီးခဲ့ပါတယ်။

ရုရှားစံတော်ချိန် မနက် ၆ နာရီ ၁၅ မိနစ်မှာ ယာယီလက်နက်ခဲယမ်းသိုလှောင်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်ကြောင့် အသေအပျောက်မရှိဘူးလို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းသမ္မတရဲ့ အကြံပေး Mykhailo Podolyak ကတော့ ဒီအဖြစ်အပျက်ဟာ မတော်တဆမဟုတ်ဘူးလို့ ပြောဆိုထားပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။

Ref: BBC
Photo:Social Media
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW