စစ်ကိုင်းရတနာပုံ တံတားဂိတ်မှာ အပြန်အလှန် ပစ်ခတ်လို့ ၃ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ဘက်ကမ်း၊ ဧရာဝတီမြစ်ကူး ရတနာပုံ တံတားစစ်ဆေးရေးဂိတ်မှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

” မန္တလေး ဘက်ကနေ စစ်ကိုင်းဘက်ကို ဝင်လာတဲ့ ခရီးသည် တင် အာကာသလိုင်းကားပေါ်ကနေ ဂိတ်ကို အရင်စပစ်တာပါ ၊ ဂိတ်က ပြန်ပစ်တဲ့အခါ ၊ အဲ့ဒီနားက လူတွေ အကုန်ပြေးတယ် ၊ ပစ်ခတ်ချိန် ၁၀ မိနစ်လောက်ကြာတယ် ” လို့ ရတနာပုံ တံတားဂိတ် ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက ” စစ်ကိုင်းဘက်ကို အဝင်ကား စစ်ဆေးဖို့ ရပ်တန့်ခိုင်းတဲ့အခါ ကားပေါ်ကနေ စပစ်တယ် ၊ တပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရထားတယ် ၊ အဲ့ဒါနဲ့ စပစ်တဲ့ကားကို ရှင်းလင်းတဲ့အခါမှာ အကြမ်းဖက်သမား ၃ ယောက်ကို လက်နက်နဲ့အတူ အသေဖမ်းမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်တာတွေကြောင့် ခရီးသည်တချို့လည်း ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သိရပ်တယ်။ အခင်းဖြစ်ပွားပြီးနောက်ပိုင်း မန္တလေး စစ်ကိုင်း ဖြတ်သန်သွားလာတာကို ယာယီပိတ်ထားပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မနေ့ သြဂုတ် ၁၆ ရက်မနက် အစောပိုင်းကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့ မန္တလေး မုံရွာကားလမ်း မအူစုပေါင်း စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရတနာပုံတံတားပစ်ခတ်မှု #စစ်ကိုင်းဂိတ်

Related posts

Leave a Comment

VOM News

FREE
VIEW