မုံရွာ ရေအိုးစဥ်စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

သြဂုတ် ၊ ၂၀ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် မြောက်ဘက်အထွက် ရေအိုးစဥ်ကျေးရွာနားက စုပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့ သြဂုတ် ၁၉ ရက် မနက်ပိုင်းက ရန်ကုန်ကနေ ရေဦးမြို့ဘက်ကို မောင်းလာတဲ့ ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ရေအိုးစဥ် စုပေါင်းဂိတ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ရန်ကုန်ကနေ ရေဦးအဝင် သစ္စာဦး ယာဥ်လိုင်း Express ကားပေါ်ကနေ ဖမ်းမိတာပါ ၊ ဆောင်းဘောက်နဲ့ အဲယားကိုလာထဲကို ဝှက်ပြီးသယ်လာတဲ့ M-4 သေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၄ လက်၊ ၉-မမ ကျည်ဆံ ၅ ရာကျော်၊ ဒရုန်း ၁ စီး သိမ်းဆည်းရမိတာဖြစ်တယ် “လို့ အဲ့ဒီဂိတ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်-ရေဦး ခရီးသည်တင်ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” ရေအိုးစဥ် စစ်ဆေးရေး ဂိတ်ကနေ မုံရွာ နမခ ဘောလုံးကွင်းထဲကို ကားတွေခေါ်သွားတယ် ၊ အဲ့ဒီထဲမှာ စစ်ဆေးရှာဖွေတာပါ ၊ အဲ့ဒီနေ့က ရွှေစင်စင်္ကြာ၊ အောင်ရတနာ၊ ကြယ်တံခွန်၊ နယူစိန်ဌေးလိူင်နဲ့ သစ္စာဦး ကား ၅ စီးကို အသေးစိပ်ရှာဖွေစစ်ဆေးတယ် ၊ ကားသမားတွေရဲ့ ဖုန်းအားလုံးကို ယူပြီး စစ်တယ် ၊ ညနေပိုင်းရောက်မှ ပြန်လွှတ်ပေးတာ” လို့ ပြောပါတယ်။

သစ္စာဦး Express ကားပေါ်က လက်နက်ခဲယမ်းတွေ မိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

” ကားပေါ်မှာပါတဲ့ ယာဥ်မောင်း ၊ ယာဥ်အကူ ဝန်ထမ်းတွေ ဖမ်းထားတယ် ၊ မနေ့က ရန်ကုန် အောင်မင်္ဂလာမှာရှိတဲ့ သစ္စာဦးဂိတ်ကို လုံခြုံရေးအဖွဲ့တွေရောက်လာပြီး ဂိတ်တာဝန်ခံနဲ့ စာရေးမ ဝန်ထမ်း ၂ ဦးကို လာခေါ်သွားတယ် ၊ အခုထိတော့ ပြန်ရောက်မလာသေးဘူး ” လို့ သစ္စာဦး ဂိတ်နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့အဝင်၊ ရတနာပုံ ဧရာဝတီမြစ်ကူးတံတားနားက စုပေါင်းစစ်ဆေးရေး နဲ့ ဘီးခွန်ကောက် ဂိတ်စခန်းနေရာမှာ စစ်ဆေးရေးအဖွဲ့တွေက အာကာသခရီးသည်တင်ကားပေါ်တက်ပြီး ရှာဖွေရေးလုပ်ချိန် ကားပေါ်ပါခရီးသည်တွေထဲက အမည်မသိ လက်နက်ကိုင်ထားတဲ့အဖွဲ့နဲ့ စုပေါင်းဂိတ်က ဝန်ထမ်းတွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနောက် ကားပေါ်ပါ လက်နက်ကိုင်သူ ၂ ဦး နဲ့ ခရီးသည် ၂ ဦးမှာ သေဆုံးခဲ့ပြီး ခရီးသည် ၆ ဦးနဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်က ဝန်ထမ်း ၂ ဦး ပေါင်း ၈ ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီ အာကာသ ခရီးသည်တင်ကားကို ပူးပေါင်းစစ်ဆေးရေးဂိတ်အဖွဲ့က အသေးစိပ်ရှာဖွေတဲ့အခါ ကားပေါ်မှာ သယ်ဆောင်လာတဲ့ ပစ္စတိုသေနတ် ၃ လက် ၊ M 22 ကျည် ၈၅ တောင့် ၊ပွို့င် ၃၈ ကျည်ဆံ ၁၃၀ တောင့် ၊ 9MM ကျည်ဆံ ၃၂၀ တောင့် ၊ ၁၂ ဗို့ကျည်ဆံ ၃၀၁ တောင့် ၊ ကျည်အိမ် ၆ ခု Panzer shop Gun အမျိုးအစား သေနတ် ၃ လက် ၊ KNLA တံဆိပ်ပါယူနီဖောင်း ၄ စုံ၊ ပွိုင့် ၂၂ ကျည်ဆံ တစ်ဗူးလျှင် ၅၀ ပါ ၂၅ ဗူး ၁၂၅၀ တောင့်ကို ရှာဖွေသိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW