Bago Weeklyသတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဇနီး ထောင် ၁၀ နှစ်ချခံရ

ဩဂုတ် ၂၀-၂၀၂၂ VOM (GG) ဖမ်းဆီးခံထားရတဲ့ လက်ပံတန်းမြို့က Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ အမျိုးသမီးဖြစ်သူ မဝေဝေလွင်ကို သာယာဝတီအကျဥ်းထောင်တရားရုံးက ထောင် ၁၀ နှစ်အမိန့်ချလိုက်တယ်လို့သိရပါတယ်။ မဝေဝေလွင်ကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲကာ ၉ လအကြာ မနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ အမိန့်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကအမိန့်ချလိုက်တယ် ထောင် ၁၀ နှစ်၊ သူ့ကို ဖမ်းတုန်းကလည်း သူ့ယောကျ်ားရုံးချိန်းသွားရင်းအဖမ်းခံရတာ ၊ ဖုန်းဆက်နေတာကိုမြင်ပြီး ဖမ်းတာလို့ သိရတယ်။ သာယာဝတီထောင်မှာပဲပေါ့ “လို့ ကိုငြိမ်းချမ်းဝေ ရဲ့မိတ်​ဆွေတဦးကပြောပါတယ်။ မဝေဝေလွင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ကိုငြိမ်းချမ်းဝေရဲ့ ရုံးထုတ်စစ်ဆေးမှုကို လာရောက်စဥ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။…

Read More

ဂျပန်မှာ ကိုဗစ်-၁၉ သတ္တမလှိုင်း ပြင်းထန်နေ၊ နေ့စဉ်ကူးစက်မှု နှစ်သိန်းခြောက်သောင်းကျော်ထိ မြင့်တက်

တိုကျို၊ သြဂုတ်-၂၀-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ သတ္တမလှိုင်းကူးစက်မှုဟာ ပြင်းထန်နေပြီး နေ့စဉ်ကူးစက်မှုဟာ သြဂုတ် ၁၉ ရက်မှာ ၂၆၁၀၂၉ ဦးထိရှိခဲ့ပြီး နှစ်ရက်ဆက်တိုက် စံချိန်တင်ခဲ့ပါတယ်။ နိုင်ငံမှာရှိတဲ့ ပြည်နယ် ၄၇ ခုအနက် ၁၉ ခုမှာ ကူးစက်မှုတွေနဲ့ မြင့်တက်နေပြီး ရောဂါကြောင့် သေဆုံးသူဦးရေဟာ သြဂုတ် ၁၉ ရက်မှာ ၃၀၀ နီးပါးရှိခဲ့ပြီး ၆၀၀ ကျော်အပြင်းဖျားနေကြပါတယ်။ တိုကျိုအနီးရှိ ချီဘာပြည်နယ်မှာတော့ ရောဂါကူးစက်ခံရတဲ့ လူနာတွေများနေတဲ့အတွက် လူနာတင်ယာဉ်တွေ မလုံလောက်ဖြစ်နေပြီး ဆေးရုံတွေမှာလည်း လူနာတွေပြည့်နှက်နေပါတယ်။ အိုကီနာဝါမှာရှိတဲ့ အဓိကဆေးရုံတခုမှာလည်း လူနာဦးရေဟာ လက်ခံနိုင်တဲ့အခြေအနေထက် ၁၀၀ ရာခိုင်နှုန်း ကျော်လွန်နေပါတယ်။ တိုကျိုနဲ့အခြားမြို့ပြဒေသတွေမှာ ကူးစက်မှုတွေကျဆင်းလာပေမယ့် အခြားဒေသ တွေမှာတော့ ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။ လူတွေရဲ့ နေ့စဉ်လူမှုလှုပ်ရှားသွားလာမှုတွေမှာ ယခင်ကလို ကန့်သတ်ချက်တွေမရှိတော့တာကြောင့် ကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာကြောင်းနဲ့ နွေရာသီအားလပ်ရက်ပြီးနောက်…

Read More

ရန်ကုန်မှာ ၂ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သြဂုတ် ၂၀၊၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ ၂ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ရာ ရာအိမ်မှူး တဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ရာအိမ်မှူး ၂ဦးနဲ့အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၁၁နာရီက မြောက်ဥက္ကလာပမြို့နယ် ၊ ၂ ရပ်ကွက်၊ သုမာလာ ၈ လမ်းမှာ ဇနီးနဲ့စက်ဘီးစီးပြန်လာတဲ့ ရာအိမ်မှူးဦးသောင်းဒန်ကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိပြီး မေဓါဝီဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ တွံတေးမြို့နယ်၊ စျေးသစ်ရပ်ကွက်၊ မြိုမစျေးထဲမှာ စျေးရောင်းနေတဲ့ ဦးခင်မောင်မြင့်ကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတဦးက ပစ်ခတ်ခဲ့လို့ ဦးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိကာ တွံတေးမြို့မဆေးရုံကိုပို့ဆောင်ထားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ပစ်ခတ်ဗုံးပေါက်တဲ့ကိစွတွေနဲ့ပတ်သတ်ပြီး အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦး​က”ဒီလထဲမှာ မနည်းဘူး ပစ်တာ ခတ်တာတွေ၊ ဗုံးပေါက်တာတွေ ဟိုရက်က ပြန်နည်းသွားတယ် အခုရက်ပိုင်း ပြန်များလာတယ်”လို့ ပြောပါတယ်။ မနေ့…

Read More

ခရီးသည်တွေရဲ့ကိုယ်ရေးအချက်အလက်တွေ မှတ်တမ်းယူပြီးမှ ကားလက်မှတ်ရောင်းဖို့ ပို့ဆောင်ရေးညွှန်ကြားမှူးရုံးက အမိန့်ထုတ်

သြဂုတ်၂၀ ၊ ၂၀၂၂ SP(VOM) တိုင်းနဲ့ပြည်နယ်တွေကို နေ့စဥ်ပြေးဆွဲပေးနေတဲ့ ခရီးသည်တင် ယာဥ်လိုင်းတွေအနေနဲ့ ခရီးသွားကားလက်မှတ် ရောင်းချပေးတဲ့အခါ ခရီးသည်တွေရဲ့ကိုယ်ရေး အချက်အလက်မှတ်တမ်းတွေရယူပြီးမှ ရောင်းချပေးဖို့ နေပြည်တော် ပို့ဆောင်ရေးနဲ့စီမံကိန်းဦးစီးဌာန (ရုံးချုပ်)ကနေ အခုလ ၁၈ ရက်နေ့က အမိန့်ထုတ် ညွှန်ကြားခဲံတယ်လို့ အဝေးပြေးကားကွင်း ယာဥ်လိုင်းဂိတ်တွေဆီက သိရပါတယ်။ ” ခရီးသည်တွေရဲ့ နာမည် ၊ အဖေနာမည် ၊မှတ်ပုံတင်နံပါတ် ၊ နေရပ်လိပ်စာ ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းယူထားပြီးမှ ကားလက်မှတ်ရောင်းရမယ်လို့ ဩဂုတ် ၁၈က အမိန့်ထုတ်တယ် ၊ အဲ့ဒီအပြင် လမ်းမှာတက်မယ့် ခရီးသည်တွေ ပတ်သက်လို့လည်း အဲ့ဒီလို ကိုယ်ရေးအချက်အလက်တွေ ရယူပြီး Seating Plan မှာဖြည့်ပေးရမယ် ၊ လက်ခံထားရမှာ ဖြစ်တယ်”လို့ မူဆယ် ၊ မန္တလေး ၊…

Read More

ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းရှိ နျူကလီးယားစက်ရုံကို ကုလတာ၀န်ရှိသူတွေစစ်ဆေးဖို့ ပူတင် ခွင့်ပြု

မော်စကို၊ သြဂုတ်-၂၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားထိန်းချုပ်ထားသော ယူကရိန်းရှိ Zaporizhzhia နျူကလီးယားစက်ရုံကို ကုလသမဂ္ဂတာ၀န်ရှိသူတွေ သွားရောက်စစ်ဆေးကြည့်ရှုခွင့်ပြုမယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ ရုရှားသမ္မတပူတင်နဲ့ ပြင်သစ်သမ္မတမက်ခရွန်တို့အကြား တယ်လီဖုန်းဆက်သွယ်ပြောဆိုပြီးနောက် ရုရှားသမ္မတနန်းတော်က အခုလိုကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးသူတွေ နျူကလီးယားစက်ရုံကို ၀င်ရောက်ဖို့လိုအပ်တဲ့ အကူအညီတွေပေးအပ်ဖို့ မစ္စတာပူတင်က သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီနျူကလီးယားစက်ရုံအနီးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ရုရှားရဲ့ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ Zaporizhzhia နျူကလီးယားစက်ရုံဟာ မတ်လအစောပိုင်းကတည်းက ရုရှားရဲ့ သိမ်းပိုက်ထိန်းချုပ်မှုအောက်ရောက်ရှိခဲ့ပြီး ယူကရိန်းနျူကလီးယားပညာရှင်တွေကတော့ ရုရှားတွေရဲ့ လမ်းညွှန်မှုအတိုင်း အဲဒီစက်ရုံမှာ ဆက်လက်လုပ်ကိုင်နေရပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #မော်စကို

Read More

မုံရွာ ရေအိုးစဥ်စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

သြဂုတ် ၊ ၂၀ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် မြောက်ဘက်အထွက် ရေအိုးစဥ်ကျေးရွာနားက စုပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့ သြဂုတ် ၁၉ ရက် မနက်ပိုင်းက ရန်ကုန်ကနေ ရေဦးမြို့ဘက်ကို မောင်းလာတဲ့ ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ရေအိုးစဥ် စုပေါင်းဂိတ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ရန်ကုန်ကနေ ရေဦးအဝင် သစ္စာဦး ယာဥ်လိုင်း Express ကားပေါ်ကနေ ဖမ်းမိတာပါ ၊ ဆောင်းဘောက်နဲ့ အဲယားကိုလာထဲကို ဝှက်ပြီးသယ်လာတဲ့ M-4 သေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၄ လက်၊ ၉-မမ ကျည်ဆံ ၅ ရာကျော်၊ ဒရုန်း ၁ စီး သိမ်းဆည်းရမိတာဖြစ်တယ် “လို့ အဲ့ဒီဂိတ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်-ရေဦး ခရီးသည်တင်ပြေးဆွဲနေတဲ့…

Read More

ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှာ မီးကြွင်းမီးကျန်ကနေ နေအိမ် ၆၂ လုံး မီးလောင်

သြဂုတ် ၊ ၂၀ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မဂျီကျေးရွာအုပ်စု၊ မဂျီကျေးရွာမှာ မနေ့ သြဂုတ် ၁၉ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က လူနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မီးလောင်မှုဖြစ်စဥ်ကတော့ ဦးဗန်းတင် (ဘ) ဦးချစ်ကို၊၅၆နှစ် တောင်သူလုပ်ကိုင်သူရဲ့ မြေစိုက်၊ သွပ်မိုး၊ ထရံကာ နေအိမ်က ထမင်း/ဟင်းချက်ပြုတ်ပြီး မီးကြွင်းမီးကျန်ကနေ တဆင့် စတင်လောင်ကျွမ်းခဲ့ရခြင်းဖြစ်တယ် ၊ အဲ့ဒီမီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်သေဆုံးတာမရှိဘဲ လူနေအိမ် ၆၂ လုံး မီးလောင်ပျက်စီးသွားခဲ့တယ် “လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ကြောင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၃၅ သိန်း ၊ ၈ သောင်း ၊…

Read More
VOM News

FREE
VIEW