ယူကရိန်း အရပ်ဘက်နဲ့ အစိုးရအခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတိပေး

၀ါရှင်တန်၊ သြဂုတ်-၂၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းရဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေနဲ့ အစိုးရအခြေခံအအောက်အအုံတွေကို ရုရှားက နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက သတိပေးလိုက်ပါတယ်။

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှု ခြောက်လပြည့်လည်းဖြစ် ယူကရိန်းလွတ်လပ်ရေးနေ့လည်းဖြစ်တဲ့ သြဂုတ် ၂၄ ရက်မတိုင်မီ အခုလို သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံကနေ ယူကရိန်းလွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို လက်ရှိအခြေအနေတွေကြောင့် မပြုလုပ်ဖို့ ယူကရိန်းအာဏာပိုင်တွေက တားမြစ်ထားပြီးဖြစ်ပါတယ်။

ရုရှားတို့သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသမှာ ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်အကြား တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

စနေနေ့က မော်စကိုမှာဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုမှာ ပူတင်မဟာမိတ်ရဲ့ သမီးဖြစ်သူ ဒါရီယာသေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုကို ယူကရိန်းကပြုလုပ်တယ်လို့ ရုရှားကစွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ငြင်းဆိုထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW