ပါကစ္စတန်ဘက်ကို ဒုံးကျည်မတော်တဆပစ်ခတ်မှု အိန္ဒိယလေတပ် တာ၀န်ရှိသူတွေကို ထုတ်ပယ်

ဒေလီ၊ သြဂုတ်-၂၄-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံဘက်ကို မတ်လအတွင်းက ဒုံးကျည်မတော်တဆပစ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး အိန္ဒိယလေတပ်မှ တာ၀န်ရှိသူသုံးဦးကို အိန္ဒိယအစိုးရက ထုတ်ပယ်လိုက်ပါတယ်။

အဲဒီမတော်တဆဖြစ်စဉ်ကြောင့် နျူကလီးယားလက်နက်ပိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ အလားတူအမှားမျိုး ကြိမ်ဖန်များစွာမဖြစ်ပေါ်စေဖို့နဲ့ ဒီလိုပေါ့ဆမှုကြောင့် မနှစ်မြို့ဖွယ်အကျိုးဆက်တွေကို သတိထားဖို့ ပါကစ္စတန်က သတိပေးပြောဆိုပါတယ်။

မတ် ၉ ရက်ကဖြစ်ပွားခဲ့တဲ့ ဒုံးကျည်မှားယွင်းပစ်ခတ်ခဲ့ခြင်းအတွက် တာ၀န်ရှိတဲ့ လေတပ်အရာရှိတွေကို တာ၀န်မှရပ်စဲလိုက်ကြောင်း အိန္ဒိယလေတပ်က သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မှားယွင်းပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ဟာ အမြင့်ပေလေးသောင်းမှာ ပျံသန်းခဲ့ပြီး ပါကစ္စတန်လေပိုင်နက်အတွင်း ၇၇ မိုင်ထိ၀င်ရောက်ပျံသန်းခဲ့ကြောင်း ပါကစ္စတန်လေတပ်က ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW